တကယ်လို့ သင့်ကို အခြားတစ်ယောက်ယောက်က အဲ့လို လာမေးပြီဆိုရင် သင့်အနေနဲ့ ဘယ်လိုဖြေမှာလဲ?
တကယ့်လက်တွေ့မှာရော Single နဲ့ RS ဘယ်ဟာက ပိုကောင်းလဲဆိုတာ သင်ရောသေချာသိပါသလား?
(1) Single
Single ဆိုတာ အမှန်အတိုင်းပြောရရင် အပူအပင် ကင်းပါတယ်။ အရာရာကို သင့်စိတ်တိုင်းကျ သင့်စိတ်ရဲ့အလိုအတိုင်း သင်လုပ်ချင်ရာကို လုပ်နိုင်ပါတယ်။ သင့်ကိုချုပ်ချယ်မယ့်လူမရှိသလို လိုက်ပြီးလွှမ်းမိုးကိုင်လှုပ်မယ့်လူဆိုတာလည်းမရှိပါဘူး။ ဒါပေမယ့် တစ်ခုရှိတာက သင်ဟာ အချိန်တိုင်းလိုလို တစ်ယောက်တည်းဖြစ်နေတဲ့အတွက် အထီးကျန်ပြီး ကြာလာရင် လူမှုဆက်ဆံရေးမှာ အားနည်းသွားနိုင်ပါတယ်။
(2) RS
RS လို့ဆိုလိုက်တာနဲ့ နူးညံ့နွေးထွေးမှုတွေ ပြည့်နှက်နေတဲ့ ဘဝပဲပြေးမြင်ကြမှာပါ။ ရည်းစားထားတယ်ဆိုတာ တကယ်တမ်းကောင်းသလိုလိုနဲ့မကောင်းတဲ့အချက်တွေလည်းရှိပါတယ်။ ရည်းစားထားခြင်းအားဖြင့် လူမှုဆက်ဆံရေးမှာ ကောင်းမွန်တိုးတက်လာနိုင်တဲ့အချက်တွေရှိပါတယ်။ မကောင်းတဲ့အချက်အနေနဲ့ကတော့ သင့်ကိုအရာရာချုပ်ချယ်တတ်တဲ့လူမျိုးနဲ့တွေ့ရင်တော့ သင့်အနေနဲ့ စိတ်ညစ်စရာတွေပေါများလာပါလိမ့်မယ်။ ဒီတော့ ရည်းစားထားမယ်ဆိုရင်တော့ အကောင်းအဆိုးဒွန်တွဲနေတဲ့ အရာတွေရှိနိုင်ပါတယ်။
ခု ဒီစာကိုဖတ်နေကြတဲ့သူတွေထဲမှာရော Single လား ? RS လား ? ဘယ်အရာက ပိုကောင်းမလဲ ဆိုတာ ဖြေပေးသွားကြပါဦးနော်။