ယနေ့ခေတ်လို အလှတရားတွေ စုံလင်ပေါများခေတ်မီလာတဲ့ခေတ်ကြီးမှာ မျက်နှာ သွင်ပြင်နဲ့ပတ်သက်လို့တော့ယေဘုယျအားဖြင့် နှစ်မျိုးပဲပြောစရာရှိပါတယ်။ ပါးဖောင်းဖောင်းလေးတွေကို ပိုင်ဆိုင်ထားသူ သို့မဟုတ် သွယ်လျတဲ့မျက်နှာကို ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။
သူတို့လေးတွေရဲ့ အားသာချက်ကိုယ်စီကဘာတွေဖြစ်မလဲ?
(၁)ပါးဖောင်းဖောင်းလေးများ
ခေတ်တွေဘယ်လိုပဲ ပြောင်းလဲတိုးတက်ပါစေ ပါးဖောင်းလေးတွေကတော့ ခေတ်နောက်ကျတယ်ဆိုရိုးမရှိပါဘူးနော်။ ပါးဖောင်းဖောင်းလေးတွေကိုပိုင်ဆိုင်ထားသူတွေဟာ တကယ်ကို ကလေးဆန်ဆန် နဲ့ ချစ်စရာကောင်းအောင်လှနေကြသူလေးတွေပါ။ မြင်ရသူတိုင်းရဲ့ ရင်ကို ဆွဲခါစေနိုင်လောက်အောင် လှရက်နိုင်သူလေးတွေမို့ တွေ့သူတိုင်းက အူယားပြီး ပြေးဆွဲချင်တာကလည်း ပါးဖောင်းဖောင်းလေးတွေပါပဲ။
(၂)သွယ်လျလှပတဲ့မျက်နှာလေးများ
သွယ်လျလှပတဲ့မျက်နှာပိုင်ရှင်လေးများကတော့ ဘယ်နေရာ ဘယ်လိုအချိန်မှာမဆို မိမိုက်လှပ အထာကျနေမှာအသေအချာပါပဲ။ ဘယ်လိုအနေအထားအတွက်မဆို အလှတရားနဲ့ပတ်သက်ရင် ရယ်ဒီအနေအထားနဲ့ ပြီးပြည့်စုံသူတွေဖြစ်လို့ အထာကျသူတွေဆိုရင်လည်းမမှားပါဘူး။ ဆွဲဆောင်မှုအရှိဆုံးနေရာဆိုရင်တော့ ခပ်မိုက်မိုက်Jawline ပါပဲ။
ဒီတော့ သင်ကိုယ်တိုင်ကရော ပါးဖောင်းလေးကိုပိုင်ဆိုင်ထားတာလား? VShape မျက်နှာလေးကိုပိုင်ဆိုင်ထားတာလား?