နွေရာသီအတွက် ရင်အေးစရာ အစားအစာလို့ပြောလိုက်ကြရင် မျက်လုံးထဲ ဘာကိုပြေးမြင်ကြပါသလဲ? အများစုကတော့ ရေခဲမုန့် နဲ့ ရေခဲချောင်း အစရှိတဲ့ မုန့်တွေကိုပဲပြေးမြင်ကြမှာအသေအချာပါပဲ။ သင်ဆိုရင်ရော ဒီနှစ်မျိုးထဲက ဘယ်ဟာကိုရွေးမှာလဲ?
(၁) ရေခဲမုန့်
အသီးတွေကို နို့ နဲ့ တကွ ပြန်လည်ပြုပြင်မွမ်းမံထားပြီး ချိုအီစိမ့်နေတဲ့အရသာနဲ့ လျှာပေါ်မှာ စွဲစေတာကတော့ လူတိုင်းနီးပါးကြိုက်ကြတဲ့ ရေခဲမုန့် ဆိုတဲ့ အစားအစာပါပဲ။ ရေခဲမုန့် ကို ကတော့ ဖြင့်သော်လည်းကောင်း ၊ ဘူးဖြင့်သော်လည်းကောင်း စားသုံးနိုင်ပြီးရေခဲမုန့်ကို ကလေး၊ လူကြီး ၊ လူငယ်မရွေး ကြိုက်နှစ်သက်ကြပါတယ်။ ရေခဲမုန့် ဟာ တော်သင့်ရုံစားရင်တော့ အဆင်ပြေပေမယ့် ပမာဏ များလာတဲ့ အခါ ချောင်းဆိုးစေနိုင်တာမို့ သတိထားရပါမယ်နော်။
(၂) ရေခဲချောင်း
ရေခဲချောင်း ဆိုတာကတော့ ရေခဲမုန့် ပုံစံကိုမှ တုတ်ဖြင့်ထိုးထားတဲ့အစားအစာဖြစ်ပါတယ်။ ရေခဲမုန့် နဲ့ ရေခဲချောင်း ဟာ သိပ်တော့ကွာခြားမှုမရှိလှပါဘူး။ တချို့ရေခဲချောင်းတွေဟာ အသီး သီးသန့်ကိုသာ ရေခဲချောင်းအဖြစ်ပြုလုပ်ကြပြီး အချို့ကတော့ နို့နှင့်ရောကာ ရေခဲချောင်းအဖြစ်ပြောင်းလဲထားကြတာဖြစ်ပါတယ်။ ရေခဲမုန့် နဲ့ တူတဲ့အချက်ကတော့ အများကြီးစားရင် ချောင်းဆိုးတာပါပဲ။
ဒီတော့ သင်ဆိုရင်ရော ရေခဲမုန့်လား? ရေခဲချောင်းလား?