သင့်အနေနဲ့ တစ်နေ့လုံးမှ ကော်ဖီ နဲ့ လက်ဖက်ရည် နှစ်မျိုးထဲမှ တစ်မျိုးသာ ရွေးချယ်သောက်သုံးခွင့်ရမယ်ဆိုရင် သင်ဘာကိုသောက်မှာပါလဲ?
(၁)ကော်ဖီကိုရွေးမယ်ဆိုရင် ဘယ်လိုအကြောင်းအချက်တွေကြောင့် ရွေးသင့်တာလဲ?
ကော်ဖီဟာ သင့်ရဲ့ တစ်နေ့တာအတွက် လိုအပ်တဲ့အားအင်တွေအပြည့်အဝပေးစွမ်းနိုင်တဲ့ ကဖင်းဓာတ်လုံလောက်စွာပါဝင်ပါတယ်။ကော်ဖီတစ်ခွက်သောက်ထားလိုက်ရုံနဲ့ တစ်နေ့တာလုံးကို super hero သဖွယ် ပျော်ရွှင်တက်ကြွစွာဖြတ်သန်းနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် ကော်ဖီဟာ သင့်ခန္ဓာကိုယ်အတွင်းမှာရှိတဲ့ ကယ်လိုရီဓာတ်ကို လျှော့ချပေးနိုင်တဲ့အပြင် သင့်ကို ကိုယ်အလေးချိန်တက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ကော်ဖီမှာ Antioxidants လို့ခေါ်တဲ့ သက်စောင့်ဓာတ်တွေကြွယ်ဝစွာ ပါဝင်တဲ့အတွက် သင့်ကို ကိုယ်ခံအားကောင်းမွန်စေနိုင်ပြီး အသက်ရှည်စေနိုင်ပါတယ်။ကော်ဖီမှာပါဝင်တဲ့ ဓာတ်သတ္တိတွေကြောင့် သင့်ကို စိတ်ညစ်ညူးခြင်း နှင့် စိတ်ဓာတ်ကျခြင်းမှလည်းကာကွယ်ပေးနိုင်ပါသေးတယ်။ဒါတင်မကပဲ ကော်ဖီသောက်ခြင်းက ကင်ဆာရောဂါ ၊ အသည်းရောဂါ ၊ နှလုံးရောဂါ နဲ့ အယ်လ်ဇိုင်းမားရောဂါဖြစ်ခြင်းများမှကာကွယ်နိုင်မှာဖြစ်တဲ့အတွက် တစ်နေ့ကိုကော်ဖီတစ်ခွက်သောက်ရုံနဲ့ နည်းလမ်းပေါင်းစုံကကောင်းမွန်ခြင်းအကျိုးရလဒ်တွေကိုခံစားရမှာပဲဖြစ်ပါတယ်။
(၂) လက်ဖက်ရည်ကိုရွေးမယ်ဆိုရင် ဘယ်လိုအကြောင်းအချက်တွေကြောင့် ရွေးချယ်သင့်တာလဲ?
လက်ဖက်ရည်ကလည်းကော်ဖီနည်းတူ ကဖင်းဓာတ်ပါဝင်တဲ့အတွက် သင့်ရဲ့တစ်နေ့တာ ကို လန်းဆန်းတက်ကြွနေစေမှာအမှန်ပါပဲ။သို့ပေမယ့် လက်ဖက်ရည်ဟာ ကော်ဖီထက် ကဖင်းဓာတ်ပါဝင်မှုနှုန်း (၅၀) ရာခိုင်နှုန်း လျော့နည်းတာပဲဖြစ်ပါတယ်။သူ့မှာ Antioxidant လို့ခေါ်တဲ့ သက်စောင့်ဓာတ်ပါဝင်မှုကြောင့် သင့်ကို ကိုယ်ခံအားကောင်းမွန်ကာ သက်ရှည်ကျန်းမာစေပြီး ကင်ဆာရောဂါ၊ နှလုံးရောဂါ တို့မှကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။လက်ဖက်ရည်(အကြမ်းရည်)ကိုသောက်သုံးမယ်ဆိုရင်တော့ ကိုယ်အလေးချိန်လျော့ကျနိုင်တာပဲဖြစ်ပါတယ်။ဒါ့အပြင် လက်ဖက်ရည်ကို ပုံမှန်သောက်သုံးပေးခြင်းအားဖြင့် သင့်ရဲ့ အရိုးများကို ကျန်းမာသန်စွမ်းစေနိုင်မှာပဲဖြစ်ပါတယ်။ဒါတွေကတော့ လက်ဖက်ရည်ကို တစ်နေ့တစ်ခွက်ပုံမှန်သောက်သုံးပေးခြင်းမှရရှိလာနိုင်တဲ့ ကောင်းကျိုးတွေပဲဖြစ်ပါတယ်။
ဒီတော့ သင်တို့ဆိုရင်ရော ကဖင်းဓာတ်ပြည့်ဝလုံလောက်စွာပါဝင်ပြီး စိတ်ကိုပျော်ရွှင်စေကာ နုပျိုကျန်းမာနေစေနိုင်မယ့်ကော်ဖီကိုရွေးမလား? ကဖင်းဓာတ်အနည်းငယ်သာပါဝင်ပြီး စိတ်ကို ပျော်ရွှင်မှုအပြည့်အဝမပေးနိုင်တဲ့ လက်ဖက်ရည်ကိုပဲရွေးချယ်ကြမှာလား? တကယ်လို့ သင်ဟာ ဘာသောက်ရမလဲ ရွေးချယ်ရခက်လာခဲ့ရင်တော့ တစ်နေ့တာလုံးကို ပျော်ရွှင်မှုအပြည့်အဝပေးစေနိုင်မယ့် ကော်ဖီကိုသာ ရဲရဲကြီး ရွေးချယ်လိုက်ပါလို့ အကြံပေးပါရစေ။
Source : healthline
Photo Credit : google