ကိုရီးယားဇာတ်လမ်းတွဲလား ? တရုတ်ဇာတ်လမ်းတွဲလား ? - TrueID

ကိုရီးယားဇာတ်လမ်းတွဲလား ? တရုတ်ဇာတ်လမ်းတွဲလား ?

August 2, 2022

အခုတစ်ခေါက်ပြောပြပေးမယ့် အကြောင်းအရာလေးကတော့ ဇာတ်လမ်းတွဲကြိုက်တဲ့သူတွေ ကိုရီးယားကားနဲ့တရုတ်ကားကြားမှာ ရွေးချယ်ရခက်ပြီး ဒွိဟ မဖြစ်စေဖို့အတွက် ကိုရီးယားဇာတ်လမ်းတွဲနဲ့ တရုတ်ဇာတ်လမ်းတွဲတွေရဲ့ ကောင်းကွက် ဆိုးကွက်တွေအားလုံးကို နှိုင်းယှဉ်ပြသပေးသွားမှာဖြစ်ပါတယ်။ အကယ်၍ သင်ကဇာတ်လမ်းတွဲကြိုက်တဲ့သူဆိုရင် ဒီအကြောင်းအရာလေးကို ဝင်ဖတ်ကြည့်ပေးသွားပါနော်။ 

null

null

ကိုရီးယားဇာတ်လမ်းတွဲ

ကိုရီးယားဇာတ်လမ်းတွဲတွေကတော့ ဟိုးလွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက ကမ္ဘာတစ်ဝှမ်းမှာခေတ်စားခဲ့တာဖြစ်ပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေရဲ့ ပြသချိန်က ၁ နာရီကျော်ကြာစာ ဇာတ်လမ်းအပိုင်း ၁၆ ပိုင်းကနေ အပိုင်း ၂၀ လောက်အထိ ရှိတာများပါတယ်။ တစ်ပတ်ကို ၂ ပိုင်းအထိ ထွက်ပြီး အရမ်းကြည့်လို့ကောင်းနေတဲ့အချိန်မှာ အပိုင်းကို ဖျက်ချပစ်တတ်တဲ့ အကျင့်ရှိပါတယ်။ Trailer ပြတဲ့နေရာမှာလည်း အရမ်းကို တွန့်တိုပြီး မြှုပ်ကွက်တွေအရမ်းထားပါတယ်။ ဒါကြောင့် ကြည့်ရှုသူတွေက အပူတပြင်းနဲ့ တစ်ပတ်တစ်ပတ် အကြာကြီး စိတ်ရှည်ရှည်စောင့်ကြရပါတယ်။ တရုတ်လမ်းတွဲတွေနဲ့ယှဉ်ရင်တော့ ကိုရီးယားဇာတ်လမ်းတွဲတွေက ထိထိမိမိရှိလှပါတယ်။ သရုပ်ဆောင်ချက်တွေကိုကြည့်ရင်လည်း ကိုရီးယားဇာတ်လမ်းတွဲတွေက နည်းနည်း ပိုသာနေတာကို ရုပ်ရှင်ချစ်ပရိသတ်ကြီး ခံစားမိမှာပါ။ ဒါပေမယ့်လည်း အကုန်လုံးကို ဆိုလိုတာမဟုတ်ပါဘူး။ တရုတ်ဇာတ်လမ်းတွဲတွေမှာလည်း သေသေချာချာ ထိထိမိမိ သရုပ်ဆောင်ချက်ကောင်းကောင်းနဲ့ ရိုက်ထားတဲ့ ဇာတ်လမ်းတွေ အများကြီးရှိပါတယ်။ 

null

null

တရုတ်ဇာတ်လမ်းတွဲများ

တရုတ်ဇာတ်လမ်းတွဲတွေဟာလည်း အခုနောက်ပိုင်းမှာ အရေအတွက်များများနဲ့ ရုပ်ရှင်ချစ်ပရိသတ်ကြီးကြားကို  ထိုးဖောက်ဝင်ရောက်နေပြီပဲဖြစ်ပါတယ်။ တရုတ်ဇာတ်လမ်းတွဲတွေတော်တော်များများရဲ့ ကြာချိန်က ယေဘုယျအားဖြင့် ခြုံငုံကြည့်ရင် မိနစ်၃၀ ကနေ ၄၀ ကြား ရှိတဲ့ အပိုင်း ၃၀ ကျော်လောက်ထိရှိပါတယ်။ ကိုရီးယားကားတွေနဲ့မတူတဲ့အချက်က တရုတ်ဇာတ်လမ်းတွဲတွေက တစ်ရက်ကို နှစ်ပိုင်းလောက်ထိ ပေါပေါများများ ပြပေးပါတယ်။ ဇာတ်ရှိန်တက်နေတဲ့အချိန်မှာ အကြာကြီးစောင့်နေရတာမျိုးမရှိတာက တရုတ်ကားတွေရဲ့ကောင်းကွက်ပါ။ ဒါ့အပြင် Trailer အပိုင်းတွေကိုလည်း ပေါပေါများများ ထုတ်ပေးတာကြောင့် ကြည့်ရှုသူတွေအနေနဲ့ Trailer ကြည့်ရုံနဲ့တင်ကို ဇာတ်လမ်းပုံစံဘယ်လိုမျိုးဆိုတာ သိနိုင်ပါတယ်။ နန်းတွင်းရိုးရာဇာတ်လမ်းတွဲတွေ သိုင်းဇာတ်လမ်းတွဲတွေဆိုရင်လည်း အပြင်အဆင်အသေးစိတ်က အစ တရုတ်ဇာတ်လမ်းတွေက သေသေချာချာ ရိုက်ကူထားတာကို ရုပ်ရှင်ကြည့်ပရိသတ်ကြီး ခံစားမိကြမှာပါ။ ဒါ့အပြင် ဇာတ်လမ်းတစ်ခုမှာ အတွဲညီညီနဲ့သရုပ်ဆောင်ထားဖူးတဲ့ မင်းသားမင်းသမီး အတွဲတွေဆိုလည်း နောက်ထပ်ကားတွေမှာ ထပ်ကာထပ်ကာ ပြန်ပါလာလေ့ရှိပါတယ်။ ဒီအချက်ကလည်း တရုတ်ဇာတ်လမ်းတွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့အချက်ပါ။

null

null

ခြုံငုံပြီးပြောရရင်တော့ ကိုရီးယားဇာတ်လမ်းတွဲတွေ ကောင်းသလို တရုတ်ဇာတ်လမ်းတွဲတွေလည်း သူ့အရသာနဲ့သူ ကောင်းပါတယ်။ ကိုရီးယားဇာတ်လမ်းတွဲတွေက ဖန်စီမော်ဒယ်ခေတ် ဇာတ်လမ်းတွဲအမျိုးအစား တွေမှာ အားသာမှုရှိသလို တရုတ်ဇာတ်လမ်းတွဲတွေ ထဲမှာလည်း ရှေးခေတ် သိုင်းကား ၊ နန်းတွင်းကားတွေက ပိုပြီးအားသာမှုရှိပါတယ်။

Source – https://yanchinaentertainment.com/the-differences-between-chinese-dramas-and-korean-dramas-2020/#:~:text=Duration,even%20going%20up%20to%2080.&text=Compared%20to%20this%2C%20Korean%20dramas,aired%202%20episodes%20per%20week.

Image Source - yanchinaentertainment.com, Asian Dramas , MDL

null

null

null

null

Read More
Loading...
Loading...