ဒီကနေ့မှာ ပြောပြပေးသွားမှာကတော့ အမျိုးသမီးတွေအနေနဲ့ သဘာဝအတိုင်းနေတာနဲ့ ရင်သား Filler ထိုးတာ ဘာတွေကွာခြားသွားသလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်။ သိပ်မကြာခင်က Facebook Newsfeed ပေါ်မှာ အမျိုးသမီးတစ်ယောက် ရင်သား Filler ကြောင့် သေဆုံးသွားရတယ်ဆိုတဲ့ သတင်းကို ပရိတ်သတ်ကြီးလည်းကြားသိရမှာပါ။ ဒါ့ကြောင့် ဒီအကြောင်းအရာကို ရေးသားဖော်ပြရခြင်းဖြစ်ပါတယ်။
(၁) Filler ထိုးခြင်း
Filler ထိုးတာ ကောင်းကျိုးများရှိသလို ဆိုးကျိုးများစွာလည်းရှိပါတယ်။ ကောင်းကျိုးအနေနဲ့တော့ ပြီးပြည့်စုံလှပတဲ့ ခန္ဓာကိုယ်အသွင်အပြင်ကို ရရှိသွားမယ့်အပြင် မိမိကိုယ်ကို ယုံကြည်မှု ပိုမိုတိုးပွားလာစေနိုင်ပါတယ်။ ဆိုးကျိုးအနေနဲ့ကတော့ ဆေးခဲခြင်း ၊ ပိုးဝင်ခြင်း အစရှိတာတွေပဲဖြစ်ပါတယ်။ ဒီအချက်တွေက အသက်အန္တရာယ်ဆုံးရှုံးတဲ့အထိ အန္တရာယ်များလွန်းပါတယ်။ ဒါ့အပြင် မိမိ Filler ထိုးမယ့်နေရာဟာ တတ်ကျွမ်းပိုင်နိုင်တဲ့ဆရာဝန်တာဝန်ယူထားတဲ့ အလှအပဆေးခန်းဖြစ်ရပါမယ်။ ဒါမှသာ မိမိခန္ဓာကိုယ်အတွက် တကယ်ကိုလိုအပ်တဲ့ အချက်တွေကို သိရမှာဖြစ်ပြီး မိမိအတွက်လည်းဘေးကင်းမှာဖြစ်ပါတယ်။ ဒါ့အပြင် Filler ထိုးမယ့်အလှအပဆေးခန်းဟာ အင်မတန်သန့်ရှင်းပြီး ပိုးသတ်ထားမှအဆင်ပြေပါမယ်။ မဟုတ်ရင် ပိုးဝင်ပြီး မိမိ အတွက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဒါကြောင့်မို့ မိမိဟာ Filler ထိုးမယ် ဆုံးဖြတ်ထားပြီးရင်တော့ တကယ်ကို သိနားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေနဲ့ဆွေးနွေးတိုင်ပင်သင့်ပါတယ်။
(၂) သဘာဝအတိုင်းနေထိုင်ခြင်း
ဘယ်အရာမဆို မိမွေးတိုင်းဖမွေးတိုင်းဖြစ်နေတဲ့ သဘာဝအတိုင်းကတော့အကောင်းဆုံးပါပဲ။ မိန်းကလေးအများစုရဲ့ ရင်သားဟာ တစ်ဖက်နဲ့တစ်ဖက်မညီသလို လုံးဝန်းပြီးပြည့်စုံလှပနေတဲ့ ပုံသဏ္ဌာန်ဟာလည်းအင်မတန်ကိုရှားပါးလွန်းပါတယ်။ လုံးဝန်းလှပချင်ရင်တော့ Filler မထည့်ပဲ လေ့ကျင့်ခန်းများ ပြုလုပ်ကာ ဘေးကင်းစွာလှပနိုင်ပါတယ်။ သဘာဝအတိုင်းကိုပဲ ပြန်လည်ထိန်းသိမ်းတာမို့ Filler ထည့်ထားသူထက်စာရင် အင်မတန်ဘေးကင်းပါတယ်။ အစားအသောက်များလည်းရှောင်စရာ မလိုသလို အတော်လေးလည်း စိတ်လွတ်လပ်ပေါ့ပါးပါတယ်။ ပြီးပြည့်စုံတဲ့ အလှတရားတစ်စုံအတွက် အနည်းငယ် ပင်ပန်းပေမယ့်လည်း သဘာဝရဲ့အလှတရားမို့ စိတ်ချရပါတယ်။
ဒီတော့ သင်သာ ဒီနှစ်ခုထဲက တစ်ခုကိုရွေးချယ်ခွင့်ရမယ်ဆိုရင် ဘယ်လိုအရာကို ရွေးချယ်မလဲဆိုတာ ပြောပြပေးသွားပါဦးနော်။
Source:Healthline
Photo Credit : Google