သင်ဟာ Introvert လား? Extrovert လား? - TrueID

သင်ဟာ Introvert လား? Extrovert လား?

August 2, 2022

လူ့ပတ်ဝန်းကျင်မှာ သင်တို့အနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ပေါင်းသင်းဆက်ဆံကြရတဲ့အခါ လူအမျိုးမျိုးစိတ်အထွေထွေနဲ့ ကြုံတွေ့ရလေ့ရှိကြပါတယ်။ အများစုကတော့ Introvert နဲ့ Extrovert ဆိုတဲ့ လူအမျိုးအစား(၂)မျိုးပေါ်ကို အဓိကအခြေခံထားကြတာဖြစ်ပါတယ်။ ဒီတော့ Introvert နဲ့ Extrovert ဆိုတာ ဘာတွေလဲဆိုတာ သင်တို့သိအောင်ရှင်းပြပေးသွားမှာဖြစ်ပါတယ်။

(၁) Introvert

Introvert တွေက တစ်ယောက်တည်း သီးသီးသန့်သန့်နေရတာသဘောကျကြပါတယ်။ သူတို့တွေဟာ ကိစ္စတစ်ခုခုကို အချိန်ပေးကာ သေချာစဉ်းစားတွေးခေါ်နေတတ်ကြတဲ့ အတွေးသမားတွေပဲဖြစ်ပါတယ်။ သီချင်းတစ်ပုဒ် စာအုပ်တစ်အုပ် နဲ့ ထောင့်တစ်နေရာမှာ အေးအေးဆေးဆေးဖြတ်သန်းရတာကို နှစ်သက်ကြပြီး တစ်ယောက်တည်းနေရတာကိုက သက်သောင့်သက်သာဖြစ်တယ်လို့ထင်နေကြသူတွေဖြစ်ပါတယ်။ လူအများကြီးနဲ့ ပေါင်းသင်းဆက်ဆံရတာထက် အရေအတွက်အနည်းငယ်နှင့်သာ ခေါ်ပြောဆက်ဆံလေ့ရှိကြပြီး တစ်နည်းအားဖြင့် ပြောရရင် လူကြောက်တတ်ကြပါတယ်။

null

သူတို့ကို ကြည့်လိုက်ရင်တော့ တစ်ခုခုကို ကြောက်ရွံ့နေသလို သို့မဟုတ် တစ်ခုခုကို ရှက်နေတဲ့ ပုံစံပေါက်နေကြတာတွေ့ရမှာဖြစ်ပါတယ်။ တကယ်တော့ စိတ်မပါတာ၊ ရှက်နေတာ မဟုတ်ပါဘူး ။ ဒါကိုက Introvert တွေရဲ့ ပုံစံပါပဲ။၊ လူတွေသိပ်မသိတာက Introvert  အများစုဟာ အင်မတန် စိတ်ကူးစိတ်သန်းကောင်းကြပါတယ်။ အေးဆေးနေပြီး ထူးချွန်ကြသူတွေဆိုရင်တော့ Introvert  တွေကိုပဲ ရည်ညွှန်းရမှာပါ။

null

(၂) Extrovert

Extrovert တွေကတော့ Introvert တွေနဲ့ ဆန့်ကျင်ဘက်ဖြစ်ပြီး သူတို့က လူအများကြီးနဲ့ ပြောဆိုဆက်ဆံရတာကြိုက်နှစ်သက်သူ တစ်နည်းအားဖြင့်ပြောရရင် စကားပြောကောင်းသူတွေပဲ ဖြစ်ပါတယ်။ Extrovert တွေကိုကြည့်လိုက်ရင်တော့ အမြဲတမ်း ပျော်ရွှင်တက်ကြွနေလေ့ရှိပြီး သူတို့ဟာ ပျော်ပျော်နေတတ်သူ ၊ ပတ်ဝန်းကျင်ကို ပျော်ရွှင်အောင် ဖန်တီးပေးတတ်သူတွေပဲဖြစ်ကြပါတယ်။

null

ပွဲလမ်းသဘင်တွေကို အင်မတန်နှစ်သက်တတ်ကြပြီး လူတစ်ယောက်ယောက်နဲ့ ပြောဆိုဆက်ဆံနေရရင်ကိုပဲ သူတို့အတွက် အားအင်တွေပြန်လည်ပြည့်စေတယ်လို့ ယူဆထားကြသူတွေဖြစ်ပါတယ်။ Extrovert တွေဟာ စိတ်မြန်လက်မြန်ရှိကြပြီး ကိစ္စတစ်ခုခုကို ဆုံးဖြတ်ချက်ချတဲ့နေရာမှာလည်း လျင်မြန်သွက်လက်စွာ လုပ်လေ့လုပ်ထရှိပါတယ်။ ဘဝကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနေထိုင်လိုသူတွေဖြစ်ပြီး တီထွင်ဖန်တီးမှုတွေနဲ့ Challenge တွေကို အလွန်အမင်းကြိုက်နှစ်သက်သူတွေပဲဖြစ်ပါတယ်။

null

ဒီတော့ ဒီကနေ့ကစပြီး သင့်ပတ်ဝန်းကျင်မှာ Introvert နဲ့ Extrovert ဘယ်နှယောက်ဆီဝန်းရံနေလဲဆိုတာ လေ့လာကြည့်ပါနော်။ ဒါ့အပြင် သင်ကိုယ်တိုင်ကရော Introvert သို့မဟုတ် Extrovert လား ဆိုတာ ဝေဖန်ပိုင်းခြားပြီး မျှဝေပေးသွားပါဦးနော်။

 

 

 

 

 

 

 

Read More
Loading...
Loading...