ပုံမှန်ကတော့ Introvert နဲ့ Extrovert ဆိုတဲ့ နှစ်မျိုးက လူသိများကြပေမယ့် Ambivert နဲ့ Omnivert အကြောင်းကိုတော့ အင်မတန်လူသိနည်းကြပါတယ်။ ဒါဆိုရင် ambivert နဲ့ omnivert ကရော ဘယ်လိုမျိုးလဲ?
(1) Ambivert
Ambivert ဆိုတာ ကိုယ့်ရဲ့ ပေါင်းသင်းဆက်ဆံရေးပုံစံကိုက introvert နဲ့ extrovert ရဲ့ကြားမှာ ရှိနေတာမျိုးပါ။ Ambivert တစ်ယောက်က ဖြစ်လာတဲ့ အခြေအနေပေါ်ကိုမူတည်ပြီး ချက်ချင်း introvert ဖြစ်နိုင်သလို ချက်ချင်း extrovert ဖြစ်နိုင်ပါတယ်။ ပွဲလမ်းသဘင်တွေသွားရတာ၊ လူတွေအများကြီးနဲ့ ဆက်ဆံရတဲ့အခါမှာလည်း အဆင်ပြေသလို တစ်ခါတစ်လေ ကျရင်လည်း တစ်ယောက်တည်းအေးအေးဆေးဆေးနေလေ့ရှိကြတဲ့ လူမျိုးတွေဖြစ်ပါတယ်။ ဒါပေမယ့် Ambivert တွေ လူအများစုနဲ့အချိန်ဖြုန်းတဲ့အခါမှာတော့ Introvert နည်းတူ ကိုယ်အရမ်းရင်းနှီးရသူတွေနဲ့သာ အချိန်တူတူကုန်ဆုံးလေ့ရှိပါတယ်။ Ambivert တစ်ယောက်က အစွန်းနှစ်ဖက်မှာ ရှိနေတာမဟုတ်ဘဲ အလယ်အလတ်မှာသာ ရပ်တည်နေကြသူတွေဖြစ်ပါတယ်။ Ambivert တွေက အရမ်းကိုလိုက်လျောညီထွေစွာနေတတ်သူများဖြစ်ပြီး extrovert နဲ့ introvert ရဲ့အကျင့်နှစ်ခုကို ကောင်းကောင်း အသုံးချနိုင်ကြသူများဆိုလည်းမမှားပါဘူး။
(2) Omnivert
Omnivert တွေဟာ introvert နဲ့ extrovert အကျင့်တွေရှိကြပါတယ်။ သို့သော် သူကအလယ်အလတ်မှာရပ်တည်နေသူမဟုတ်ပဲ extrovert mood နဲ့ introvert mood ဟာ တစ်လှည့်စီ အချိန်နဲ့အလိုက်ပြောင်းလဲနေကြသူတွေဖြစ်ပါတယ်။ Omnivert တွေဟာ ဖြစ်လာတဲ့ ကိစ္စကြောင့် mood ပြောင်းသွားတာမဟုတ်ပဲ ကိုယ့်ရဲ့ mood အပေါ်မူတည်ပြီးပဲ အလုပ်လုပ်တတ်ကြသူများဖြစ်ပါတယ်။ စိတ်ကိုခန့်မှန်းရခက်သူများထဲမှာ ထိပ်ဆုံးအနေနဲ့ပါဝင်သူများပဲဖြစ်ပါတယ်။ တကယ်လို သင်ဟာ Ominvert များနဲ့ ပေါင်းသင်းဆက်ဆံနေရတယ်ဆိုရင် သတိထားလေ့လာဖို့အကြံပေးပါရစေနော်။
ဒီတော့ သင်ကရော အရမ်းလိုက်လျောညီထွေတဲ့ Ambivert လား? အချိန်တိုင်းလိုလို စိတ်ပြောင်းလဲနေတဲ့ Ominvert လား? ဖြေပေးသွားပါဦးနော်။