ဒီနေ့ခေတ်မှာ အမေးများခံရဆုံးကတော့ အိမ်ထောင်မပြုသေးဘူးလား ဆိုတဲ့ မေးခွန်းပါပဲ။ တကယ်လို့ သင်သာ ဒီမေးခွန်းမေးခံလာခဲ့ရရင် အတွေးထဲ အိမ်ထောင်ပြုသင့်လား?မပြုသင့်လားဆိုတာ စဥ်းစားမိမှာတော့အသေအချာပါပဲ။
ဒီတော့ အိမ်ထောင်ပြုတာကောင်းလာ မကောင်းလားဆိုတာကို အချက်အလက်ကျကျရှင်းပြပေးပါရစေ။
(၁)အိမ်ထောင်ပြုတာကောင်းလား?
ဘဝကိုတစ်ယောက်တည်းနေရတာ မနှစ်သက်သူတွေအဖို့ ဆိုရင်တော့ အင်မတန်ကောင်းမွန်ပါတယ်။ အိမ်ထောင်ပြုတာဟာ သင့်အတွက် ဘေးကနေ အရာရာကို ကူညီပေးမယ့် အထောက်အပံ့ကောင်းတစ်ခုရသွားတာမို့ သင့်ဘဝဟာ အရင်ထက်ပေါ့ပါးပြီး အတော်လေး ပျော်စရာများလာပါလိမ့်မယ်။ ဒါ့အပြင် အေးအတူပူအမျှဖြတ်သန်းရတဲ့ ဘဝဟာ တစ်ယောက်တည်းနေရတာထက်စာရင် အတော်လေး စိတ်ကျေနပ်စရာကောင်းပါလိမ့်မယ်။ သို့ပေမယ့် သူစိမ်းနှစ်ဦး စုံမက်ပေါင်းသင်းရတာမို့ ညှိနှိုင်းစရာတွေများတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ ဝတ္တရားတွေများပြားလာမှာအသေအချာပါပဲ။ တစ်ဦးနဲ့တစ်ဦးအပေါ် မေတ္တာတရား ၊ နားလည်မှု နဲ့အတူ ညှိနှိုင်းရင်တော့ အိမ်ထောင်ပြုတာ တကယ်ပျော်စရာပါပဲ။ အဲ့လိုမှ မဟုတ်ရင်တော့ တကယ့်ငရဲအလားပါ။
(၂)တစ်ကိုယ်တည်းနေသင့်လား?
တကယ်လို့သာ သင်ဟာ အတော်လေး အလုပ်များတဲ့သူဆိုရင်တော့ အိမ်ထောင်ပြုဖို့သေချာစဥ်းစားဖို့လိုပါလိမ့်မယ်။ သင့်ရဲ့အလုပ်အပြင် သင့်အိမ်ထောင်ဖက်ရဲ့ ဝတ္တရားတွေပါ ပါလာတဲ့အခါ သင့်အနေနဲ့ အတော်လေး စိတ်ရှုပ်စရာဖြစ်လာနိုင်ပါတယ်။ အနီးနားမှာ တစ်စုံတစ်ယောက်ရှိတာ ကောင်းတယ်ဆိုပေမယ့် တစ်ခါတစ်လေ မှာ အဲ့တစ်စုံတစ်ယောက်ဟာ သင့်အတွက်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် အချိန်မပေးနိုင်တဲ့အခါ သင်တို့အိမ်ထောင်ရေးဟာ အချိန်ကြာလာတာနဲ့အမျှ ပျော်စရာမကောင်းတော့ပဲ စိတ်ညစ်စရာတွေနဲ့ချည်းပြည့်နှက်လာနိုင်ပါတယ်။ အိမ်ထောင်ရေးတစ်ခုဟာ နားလည်မှု ၊ မေတ္တာတရား ၊ ညှိနှိုင်းခြင်းတွေနဲ့သာ ရှေ့ဆက်ရတာဖြစ်လို့ သင်ဟာ တစ်ကိုယ်ကောင်းဆန်သူဆိုရင်လည်း အိမ်ထောင်ပြုလို့ အဆင်မပြေနိုင်ပါဘူး။
ဒီတော့ အိမ်ထောင်ပြုတာကောင်းလား မကောင်းလား ငြင်းခုန်ကြတဲ့အခါ ဖော်ပြပါ အချက်အလက်တွေနဲ့ ချက်ကျလက်ကျသာ ရှင်းပြပေးလိုက်ပါ။ သင်နဲ့အတူ True ဘော်ဒါကအမြဲရှိနေပေးပါ့မယ်။