ထိုင်ဝမ်နိုင်ငံ က Shin ramen ခေါက်ဆွဲထုပ်ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ကို တွေ့ရှိ - TrueID

ထိုင်ဝမ်နိုင်ငံ က Shin ramen ခေါက်ဆွဲထုပ်ထဲမှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ကို တွေ့ရှိ

May 23, 2023

ဈေးကွက်ထဲမှာ လူကြိုက်များနေခဲ့တဲ့ Shin Ramen ခေါက်ဆွဲ မှာ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေပါဝင်နေတယ်ဆိုတဲ့ ကျန်းမာရေး ဆိုင်ရာ သတင်းတစ်ရပ် ဟာ ထိုင်ဝမ်နိုင်ငံ က သတင်းဌာနတွေမှာ ပွက်လောရိုက်နေခဲ့ပါပြီ။ ဂျပန်နိုင်ငံ က ထုတ်လုပ်တဲ့ အဆိုပါ Shin Ramen အသင့်စားခေါက်ဆွဲထုပ်ကို ထိုင်ဝမ်နိုင်ငံမှာ စစ်ဆေးခဲ့ရာ အနက်ရောင် တို့ဟူးကင်ချီ အရသာ ခေါက်ဆွဲထုပ်ထဲမှာ ဓာတုပစ္စည်း ပါဝင်နေတယ် လို့ သိရပါတယ်။

null

ထိုင်ဝမ်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) မှ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်း ethylene oxide (0.075) မီလီဂရမ်ကို တောင်ကိုရီးယားမှ ထိုင်ဝမ်သို့ တင်ပို့တဲ့ Shin Ramen အသင့်စား အစပ်ခေါက်ဆွဲထုပ်အတွင်းမှ အနက်ရောင် တိုဟူးကင်ချီအရသာ တွင် တွေ့ရှိခဲ့ကြောင်း ဇန်နဝါရီ (၁၇)ရက်နေ့ တရားဝင် အတိအလင်း ကြေညာလာခဲ့တာဖြစ်ပါတယ်။ အဆိုပါ ဖြစ်ရပ်နဲ့ ပတ်သက်လို့ Shin Ramen ကို ထုတ်လုပ်တဲ့ Nongshim ကုမ္ပဏီ က ကြေငြာချက် ပြန်လည်ထုတ်ပြန်ခဲ့ရာတွင် “တွေ့ရှိသည့် ဓာတ်သည် ကင်ဆာရောဂါ မဟုတ်ဘဲ၊ ယာယီ ပြင်ပ အကြောင်းရင်း တစ်ခု ဖြစ်သည်ဟု ယူဆသည်” နှင့် “ကိုရီးယား ထုတ်ကုန်များတွင် ပြဿနာ မရှိပါ။ “ လို့ ရေးသားခဲ့ပါတယ်။

null

null

သို့သော်လည်း ထိုင်ဝမ် FDA ရဲ့ ရှင်းလင်းချက်မှာတော့ "ထုတ်ကုန်၏ ဟင်းခတ်မှုန့်အထုပ်မှ 0.075 mg/kg လက်ကျန်ပိုးသတ်ဆေး Ethylene အောက်ဆိုဒ်ကို တွေ့ရှိကြောင်း အတည်ပြုနိုင်ပါသည်။"လို့ ကြေညာလာခဲ့ပါတယ်။ အဆိုပါ ဖြစ်ရပ်တွေ ဖြစ်ပေါ်နေခဲ့ပေမယ့်လည်း လတ်တလောမှာ Nongshim Japan ဟာ ၎င်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ် မှ မည်သည့်မှတ်ချက်ကိုမျှ ယခုအချိန်တွင် အတည်ပြကြေညာလာခြင်းမရှိတာကြောင့်စားသုံးသူတွေက အင်မတန်စိတ်ပူနေကြတာဖြစ်ပါတယ်။

null

Read More
Loading...
Loading...