စိတ္တဇလူသတ်သမားတွေနဲ့ပတ်သက်ရင် ကိုရီးယားရုပ်ရှင်တွေဟာ ဘယ်လောက်ကြောက်ဖို့ကောင်းအောင်၊စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ပြတတ်တယ်ဆိုတာ အထူးပြောစရာမလိုပါဘူး ဖြစ်ရပ်မှန်တွေကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်တွေအပြင် ဇာတ်လမ်းတည်ဆောက်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေကအစ တစ်ကားနဲ့တစ်ကားမတူပဲ အမြဲထူးခြားနေတတ်ပါတယ်။ အဲ့ထဲမှာ မြန်မာပရိသတ်တွေနဲ့မစိမ်းတဲ့ I Saw The Devil ရုပ်ရှင်ကားလည်းပါဝင်ပါတယ်။
I Saw The Devil ဟာ စိတ္တဇလူသတ်သမားတစ်ဦးက သတို့သမီးလောင်းကို သတ်လိုက်တာကြောင့် လက်စားပြန်ချေတဲ့ အေးဂျင့်တစ်ယောက်အကြောင်း အဓိကရိုက်ကူးထားတဲ့ ရုပ်ရှင်ကားပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဘတ်စ်ကားမောင်းသူ စိတ္တဇလူသတ်သမား Jang Kyung-chul ဟာ တစ်ညမှာ ကားပျက်နေတဲ့ ကိုယ်ဝန်ဆောင် Jang Joo-yun နဲ့ဆုံတွေ့ပြီး ကားပြင်ပေးသလိုနဲ့ သူမကို သတိလစ်အောင် ရိုက်နှက်ကာ အိမ်ကိုခေါ်သွားပါတယ်။ အိမ်ရောက်တော့ သတ်ပစ်ပြီး ခန္ဓာကိုယ်ကို အပိုင်းပိုင်းဖြတ်ကာ အနီးနားက စမ်းချောင်းတစ်ခုထဲ လွှင့်ပစ်လိုက်ပါတယ်။
နောက်တစ်နေ့ စမ်းချောင်းနားမှာဆော့နေတဲ့ ကလေးတစ်ယောက်က Joo-yun ရဲ့နားရွက်ပြတ်ကိုတွေ့ပြီးနောက် ရဲတွေဟာ တနေရာလုံးကို ပိုက်စိတ်တိုက်ရှာဖွေကြတဲ့အခါ သူမရဲ့ခန္ဓာကိုယ်အပိုင်းအစတွေကို တွေ့ကြပါတော့တယ်။
အခင်းဖြစ်နေရာမှာ Joo-yun ရဲ့အဖေဖြစ်သူ အဖွဲ့မှူး Jang နဲ့သူမရဲ့သတို့သား Kim Soo-hyun ပါရှိနေခဲ့တာပါ။ Kim Soo-hyun ဟာ National Intelligence Service ကအထူးလေ့ကျင့်ထားတဲ့ အေးဂျင့်တစ်ယောက်ဖြစ်ပါတယ်။ သူများကိုကာကွယ်ရတဲ့ Soo-hyun ဟာသူ့မိန်းမကိုတော့ မကာကွယ်နိုင်ခဲ့ပါဘူး။ လူသတ်သမားကို လက်စားချေဖို့ ဆုံးဖြတ်ကာ ရဲတွေဆီက သံသယလူစာရင်းကို ရယူခဲ့ပြီး လေးယောက်ထဲက နှစ်ယောက်ကို နှိပ်စက်စစ်မေးခဲ့ပေမဲ့ တရားခံ မပေါ်ခဲ့ပါဘူး။
သုံးယောက်မြောက်ဖြစ်သူ Kyung-chul ရဲ့အိမ်ကို သွားစစ်ဆေးချိန်မှာတော့ Joo-yun ခန္ဓာကိုယ်ကိုပိုင်းဖြတ်နေချိန် ကျကျန်ခဲ့တဲ့ လက်စွပ်ကိုတွေ့သွားပြီး Kyung-chul ဟာတရားခံဖြစ်ကြောင်း သေချာသွားပြီးနောက် လက်စားချေမူကို စတင်ပါတော့တယ်။ Kyung-chul ကိုအားရပါးရနှိပ်စက်ပြီး ပြန်လွှတ်ပေး၊ပြီးမှပြန်လိုက်နှိပ်စက်၊လူသတ်သမားကလည်း Soo-hyun လက်ကနေပြေးရင်း တခြားလူသတ်မူတွေကျူးလွန် စတာတွေကို ကြည့်ရှူခံစားရမဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါ။
ဒီရုပ်ရှင်ကားထဲမှာ လူသတ်သမားကို မိတာနဲ့တန်းသတ်ပစ်လိုက်တာမျိုးမဟုတ်ပါဘူး ။အက်ရှင်ခန်းတွေ အများကြီးပါဝင်ပြီး ကြောက်ဖို့ကောင်းတဲ့ သွေးသံရဲရဲတွေ၊ရက်ရက်စက်စက် သတ်ဖြတ်တဲ့အခန်းတွေရယ် 18+ ဇာတ်ဝင်ခန်းတချို့ရယ် ပါဝင်တာကြောင့် R-rated လို့သတ်မှတ်နိုင်လို့ ကလေးသူငယ်တွေအတွက်ဖြစ်စေ မိသားစုနဲ့အတူတူဖြစ်စေ ကြည့်ရှူဖို့မသင့်တော်ပါဘူ။း သနားစိတ်ရှိတဲ့ လက်စားချေသူနဲ့ စက်ဆုပ်ရွံမုန်းစရာကောင်းတဲ့ ဗီလိန်တို့ရဲ့ အတွဲညီညီသရုပ်ဆောင်မူ၊လက်စားချေသူရဲ့ အကောင်းနဲ့အဆိုးကြား ဒွန်တွဲနေတဲ့စိတ်နဲ့ အားရပါးရလက်စားချေမူတွေကြောင့် အကောင်းဆုံးလက်စားချေရုပ်ရှင်ကားလို့ သတ်မှတ်ခံထားရပါတယ်။
စိတ္တဇလူသတ်သမား Jang Kyung-chul အဖြစ် Choi Min-sik၊သူ့ကိုလိုက်သတ်တဲ့ အေးဂျင့် Kim Soo-hyun အဖြစ် မင်းသား Lee Byung-hun၊အသတ်ခံရသူ သတို့သမီးလောင်း Jang Joo-yun အဖြစ် မင်းသမီး Oh San-ha တို့ကအဓိကသရုပ်ဆောင်ထားကြပါတယ် ။တောင်ကိုရီးယားမှာ ဩဂုတ်လ ၂၁ ရက် ၂၀၁၀ ခုနှစ်ကရုံတင်ခဲ့ပြီး တစ်ကမ္ဘာလုံးမှာတော့ မတ်လ ၄ ရက်နေ့ ၂၀၁၁ ခုနှစ်က ရုံတင်ပြသခဲ့ပါတယ် ။ဘတ်ဂျက်အမေရိကန်ဒေါ်လာ ၆သန်းအသုံးပြုထားပြီး ဝင်ငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁၂.၉သန်းပြန်ရခဲ့တာကြောင့် ဘတ်ဂျက်ရဲ့နှစ်ဆကျော် ပြန်ရခဲ့တဲ့ရုပ်ရှင်ကားပါ။