Violence များများ Character ကြမ်းကြမ်းတွေနဲ့ လက်စားချေဇာတ်လမ်းတွဲ My Name - TrueID

Violence များများ Character ကြမ်းကြမ်းတွေနဲ့ လက်စားချေဇာတ်လမ်းတွဲ My Name

September 26, 2022

မြန်မာတစ်နိုင်ငံလုံးက ပရိသတ်တွေအားလုံး လိပ်ပြာကြည့်ကြမယ်ဆိုပြီးတော့ ဟိုးလေးတကျော်နာမည်ကြီးခဲ့တဲ့Nevertheless ဇာတ်လမ်းတွဲထဲက မင်းသမီး Han So hee ရဲ့တခြားစိတ်ဝင်စားစရာ ဇာတ်လမ်းတွဲတစ်ခု Netflix ပေါ်မှာရှိပါသေးတယ်။IMDb 7.8 ထိတောင်ရရှိထားပြီး လိပ်ပြာမင်းသမီးလေးဇာတ်ကောင်နဲ့ လုံးဝမတူတဲ့ဇာတ်ကောင်တစ်ခုကိုမြင်ရမှာပါ။Han Soo hee ဟာဒီဇာတ်လမ်းအတွက် အရမ်းချီးကျူးခံခဲ့ရပြီး ဇာတ်ကားရိုက်ကူးဖို့အတွက်လည်း ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ရတယ်လို့သိရပါတယ်။ဝေဖန်ရေးသမားပေါင်းများစွာဆီက ချီးကျူးမှုတွေအများကြီးရရှိခဲ့တဲ့ ဇာတ်လမ်းတွဲက My Name လို့အမည်ရပါတယ်။

null

ဇာတ်လမ်းအကျဥ်းကတော့ မွေးနေ့မှာ အဖေသေသွားလို့ သူ့အဖေအတွက် ပြန်ပြီးလက်စားလိုက်ချေတဲ့ကောင်မလေးတစ်ယောက်ရဲ့ဇာတ်လမ်းပါ။လက်စားချေဇာတ်လမ်းတွေထဲမှာ တော်တော်လေးကိုကြမ်းပါတယ်။အကောင်းဆုံးအပိုင်းကတော့ လက်စားချေဇာတ်လမ်းတစ်မျိုးတည်းတင်မဟုတ်ပဲ တခြား Element တွေအများကြီးကိုတွေ့ရတာပါ။ဇာတ်လမ်းကကြည့်သင့်လား မကြည့်သင့်လားဆို Fight Scene တွေနဲ့တင်တော်တော်ကြည့်သင့်နေပါပြီ။Fight Scene တွေကအရမ်း Violance ဖြစ်တဲ့အပြင် သေနတ်သုံးတဲ့ဇာတ်ဝင်ခန်းနည်းပြီး ဓားတွေနဲ့ပဲသမနေကြလို့ ဟိုးအရင် ၉၀ တုန်းကတောင်ကိုရီးယားလူမိုက်ရုပ်ရှင်တွေရဲ့ Vibe ကိုတောင်ပြန်ရစေပါတယ်။အုပ်စုလိုက်ချိန်းရိုက်ကြတဲ့ဇာတ်ဝင်ခန်းတွေ၊Chase Scene တွေ၊သွေးအေးအေးနဲ့လူသတ်တဲ့ဇာတ်ဝင်ခန်းတွေတင်မကပဲBattle Royal ဆန်ဆန် Last man standing သမကြတဲ့ဇာတ်ဝင်ခန်းတစ်ခန်းတောင်ပါပါသေးတယ်။အသုံးပြုတဲ့Fight Technique တွေကလည်း အရမ်းအရမ်းကိုမိုက်ပြီး Stunt ပိုင်းတွေကလည်း ပြောစရာမရှိလောက်အောင်ပြီးပြည့်စုံပါတယ်။

null

null

ဇာတ်လမ်းကိုခင်းပြထားတဲ့အပိုင်းမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက်ရဲ့ လက်စားချေဇာတ်လမ်းကနေ စုံထောက်ဒရမ်မာတစ်ခုအဖြစ်ချက်ချင်းပြောင်းလဲသွားပုံကိုမြင်ရမှာပါ။လိုအပ်တဲ့ Romance တွေ၊ဒရမ်မာတွေလည်း အထိုက်အလျောက်ပါပြီး စကြည့်လိုက်တာနဲ့ မင်းသမီးလေးကအရမ်းချစ်ဖို့ကောင်းတာရောကြောင့် လက်ထဲကမချချင်ဖြစ်နေမယ့် ဇာတ်လမ်းမျိုးပါ။အကောင်းဆုံးအပိုင်းကတော့ ကိုယ်ကကြည့်နေတဲ့အဆင့်မှာတင်မဟုတ်တော့ပဲ အဓိကဇာတ်ကောင်ကို လိုက်အားပေးနေသလိုမျိုးပါခံစားရစေပြီး ဇာတ်လမ်းတလျှောက်သူ့အဖေကို ဘယ်သူသတ်တာလဲဆိုပြီး လိုက်ခန့်မှန်းမိနေလို့ ဇာတ်ကောင်ထဲမှာပါ မြောနေစေတာပါ။ဒီလူသတ်တာပဲလို့ထင်ပြီးနောက်ပိုင်းလည်း Plot Twist တစ်ခုထပ်ပါလာပြီး တရားခံကနောက်တစ်ယောက်ပြောင်းပြောင်းသွားတတ်ပါတယ်။ခန့်မှန်းရလွယ်တင်ထင်ခဲ့ပေမဲ့ ခန့်မှန်းခိုင်းပြီးတော့ကို နောက်ပုံစံတစ်မျိုးထပ်ပြတာမျိုးပါ။သရုပ်ဆောင်တွေလည်း Chemistry အရမ်းမိတဲ့ My Name ဟာတောင်ကိုရီးယားအမျိုးသမီးလက်စားချေဇာတ်လမ်းကို လုံးဝနောက် Level တစ်ခုဆီပို့ပေးလိုက်တဲ့ဇာတ်လမ်းမျိုးပါ။

 

null

ရိုက်ချက်တွေထဲမှာဆိုရင်လည်း တချို့ဇာတ်ဝင်ခန်းတွေမှာ Cinematic Quality ထိပါရိုက်ပြထားပါတယ်။ရုပ်ရှင်မဟုတ်ပဲ ဇာတ်လမ်းတွဲဖြစ်နေတာကြောင့်မလို့လည်း ဇာတ်လမ်းကိုအရမ်းကြီး Rush ပဲအဆင့်ဆင့်ပြထားနိုင်လို့ကြည်ရတာပေါ့ပေါ့ပါးပါးရှိပါတယ်။

null

null

Violance အရမ်းဖြစ်၊မင်းသမီးပုံစံလေးနဲ့ ဇာတ်ကောင်နဲ့ကလုံးဝမလိုက်ဖက်တာကိုတောင် အရမ်းကောင်းမွန်အောင်လုပ်ပြနိုင်ပြီး တောင်ကိုရီးယားလက်စားချေဇာတ်လမ်းတွေထဲမှာ အရမ်းကောင်းတဲ့ I Saw The Devil လောက်နီးနီးကိုကောင်းတာမလို့ My Name ဟာကြည့်သင့်တဲ့ ကိုရီးယားဒရမ်မာဇာတ်လမ်းတွဲတစ်ခုဖြစ်ပါတယ်။

 

Image via Netflix

Read More
Loading...
Loading...