All OF Us Are Dead ကို ကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုရီးယား ဇွန်ဘီကား ၇ ကား - TrueID

All OF Us Are Dead ကို ကြိုက်တဲ့ ပရိသတ်တွေအတွက် ကိုရီးယား ဇွန်ဘီကား ၇ ကား

April 8, 2022

Squid Game နဲ့ Hellbound လို အက်ရှင်ကားကောင်းတွေ ထွက်ပြီး ဆက်တိုက်ဆိုသလို အောင်မြင်လာတာက ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ဇွန်ဘီဇာတ်လမ်းတွဲ All Of Us Are Dead ပါပဲ။ ဒီဇာတ်လမ်းတွဲလေးကို ကြိုက်လို့ ပုံစံတူ အက်ရှင်ဇွန်ဘီကား ကောင်းကောင်းလေး ကြည့်ချင်သူတွေအတွက် ကိုရီးယားကား ၇ ကားအကြောင်း ပြောပြချင်ပါတယ်။

 

  1. Happiness

၂၀၂၁ မှာထွက်ထားတဲ့ စုံထောက်အကြမ်းစား ဇာတ်ကားလေးပါ။ အရမ်းကူးစက်လွယ်တဲ့ ရောဂါပိုးတစ်မျိုး ဖြစ်တော့ အိမ်တွေ လော့ဒေါင်းချလိုက်ရတဲ့အချိန်မှာ ဆူပူမှုတွေဖြစ်လာရော။ မင်းသား ပတ်ဟွန်းဆစ်က စုံထောက်ပေါ့။ အပိုင်း ၁၂ ပိုင်းပဲ ရှိတာမို့ ပေါ့ပေါ့ပါးပါးလေး ကြည့်လို့ရမယ့် အက်ရှင်ဇာတ်လမ်းလေး ဖြစ်ပါတယ်။

null

  1. Sweet Home

ရုပ်ချောချော၊ ဘော်ဒီတောင့်တောင့် မင်းသားမင်းသမီးတွေအများဆုံးပါတဲ့ ကားဆိုရင် Sweet Home ပါပဲ။ ဆွန်ကန်းက မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရလို့ တိုက်ခန်းအသစ်မှာ တစ်ယောက်တည်းလာနေချိန်၊ အဲဒီတိုက်က လူတွေက မကောင်းဆိုးဝါးတွေ ဖြစ်ကုန်ကြတာပါ။ ဒီလူတွေ ရန်ကနေ ဘယ်လို လွတ်မြောက်အောင် ကြိုးစားလဲဆိုတာ ကြည့်ရမှာပါ။ ဆွန်ကန်း၊ လီဒိုဟွန်း၊ လီဆီယောင်း၊ ဂိုမင်းဆီနဲ့ ပတ်ဂျူယောင်းတို့ ပါဝင်ထားပြီး နောက်ဆက်တွဲဇာတ်လမ်းလည်း ရိုက်ဦးမယ်လို့ သိရပါတယ်။

null

  1. Kingdom

၂၀၁၉ မှာထွက်ထားတဲ့ အလန်းစား ဇွန်ဘီအက်ရှင်ကားကြီးပါ။ ရွှေမင်းသားလေးရဲ့ ချစ်ပုံပြင်ထဲက မင်းသားလေး လီရှင်း (ဂျူဂျီဟွန်း) က အသက်ကြီးမှ ပြန်စန်းထနေတာပါ။ ကိုရီးယားနန်းတွင်းခေတ်မှာ ကပ်ရောဂါဆိုးကြီး ဖြစ်တဲ့အကြောင်းကို ရိုက်ကူးထားပါတယ်။ ဂျိုဆွန်းခေတ် နန်းတွင်းအရှုပ်တော်ပုံ အလိမ်အကောက်တွေရယ်၊ ရောဂါကြောင့်ဖြစ်ရတဲ့ ပဋိပက္ခတွေရယ်ကို ရောသမမွှေပြီး စိတ်လှုပ်ရှားရအောင် ရိုက်ထားပါတယ်။ သူ့နောက်ဆက်တွဲဖြစ်တဲ့ Kingdom : Ashin of the North လည်း ကောင်းပါတယ်။

null

  1. Train To Busan

ထူးထူးခြားခြား ညွှန်းနေစရာ မလိုလောက်အောင် မြန်မာပရိသတ်တွေထဲမှာ ဝက်ဝက်ကွဲ အောင်မြင်ခဲ့တဲ့ ဇာတ်လမ်းလေးပါပဲ။ ၂၀၁၆ ခုနှစ်မှာ ဦးဦး Gong Yoo ပါဝင်ရိုက်ကူးခဲ့တဲ့ ရထားပေါ်က ဇွန်ဘီး စွန့်စားခန်းရုပ်ရှင်လေးပါ။ ကိုရီးယားရုပ်ရှင်လောကမှာတော့ မကြည့်ဖူးသေးရင် လူဖြစ်ရတာ မတန်ဘူးလို့ ပြောစမှတ်ပြုကြတဲ့ ဇာတ်ကားကောင်းကြီးလို့တောင် သိရပါတယ်။

null

  1. Peninsula

Train To Busan အပြီး ၄ နှစ်အကြာ ၂၀၂၀ မှာ အဆက်အနေနဲ့ ရိုက်တာပါ။ မင်းသားတွေ မတူတော့ပေမဲ့ ဇာတ်လမ်းကတော့ ဒေါ်လာ ၂၀ မီလီယံပါတဲ့ ကုန်တင်ကားနဲ့ ခရီးသွားရင်း ဇွန်ဘီတွေ တိုက်ခိုက်တာ ခံရတဲ့ အကြောင်းမို့ ဇာတ်လမ်းချင်း ဆင်တင်တင်ပါပဲ။

null

  1. Zombie Detective

ဒီကားလေးကတော့ အက်ရှင်နဲ့ ဟာသရောစပ်ထားပြီး ကြည့်ရတာ ပျော်စရာကောင်းမယ့် ဇာတ်လမ်းပါ။ သေရာကနေ ဇွန်ဘီအဖြစ် ပြန်ရှင်လာတဲ့ မင်းသားက ထူးခြားတဲ့ အနံ့ခံစွမ်းရည်ကြောင့် လူသေတွေ လိုက်ရှာနိုင်တဲ့ စုံထောက်ဖြစ်လာပါတယ်။ အရင်က စာရေးဆရာမ လုပ်တဲ့ မင်းသမီးနဲ့ နှစ်ယောက်သား အမှုလိုက်ကြတဲ့ ဇာတ်လမ်းလေး ဖြစ်ပါတယ်။

null

  1. Rampant

နောက်ဆုံးပိတ် အိတ်နဲ့လွယ်ဆိုသလို နောက်ဆုံးပြောပြမယ့် Rampant ဆိုတဲ့ ဇာတ်ကားက ဒိတ်ဒိတ်ကြဲ မင်းသားကြီး ၂ ယောက် ပါဝင်ထားတာပါ။ မကြာခင် အိမ်ထောင်ပြုတော့မယ့် ဗိုလ်ကြီး(ဟွန်ဘင်း) ရယ်၊ ဒါရိုက်တာရင်လို့ မြန်မာပရိသတ်တွေ ရင်းနှီးတဲ့ ဂျန်ဒေါင်ဂန်းရယ်ပါ။ မင်းသမီးက Crash Landing on You ထဲက မြောက်ပိုင်းသူလေး ဆောဂျီဟဲ ပါ။ ဟွန်ဘင်းက တရုတ်ပြည်မှာ ဓါးစာခံအနေနဲ့ အဖမ်းခံထားရပြီး အိမ်အပြန်လမ်းမှာ ဇွန်ဘီတွေ တိုက်ခိုက်တာ ခံလိုက်ရတဲ့အကြောင်းရိုက်ကူးထားပါတယ်။

null

အခုပြောပြခဲ့တာက တကယ့်အကောင်းဆုံး ကိုရီးယားအက်ရှင်ကားတွေမို့လို့ မကြည့်ရသေးတဲ့ ပရိသတ်တွေ မြန်မြန်ဒေါင်းပြီး ကြည့်လိုက်ပါတော့နော်။

Ref : https://www.bollywoodhungama.com/amp/news/features/enjoyed-watching-k-drama-us-dead-10-zombie-korean-movies-dramas-will-keep-night/

Read More
Loading...
Loading...