Sherlock Holmes ဆိုတာ မြန်မာနိုင်ငံက စာဖတ်ပရိသတ်တွေတင်မက လူတိုင်းအားလုံးနီးပါးနဲ့ ရင်းနှီးတဲ့ဇာတ်ကောင်ပါ။များသောအားဖြင့် Sherlock ရဲ့တွဲဖက်ဆိုရင် Dr.Watson ကိုပဲပြေးမြင်ကြမှာဖြစ်ပြီး မိသားစုဝင်တွေကို သိပ်သတိထားမိကြမှာမဟုတ်ပါဘူး။ဒါပေမဲ့လောလောလတ်လတ် Netflix ကထွက်ထားပြီး နာမည်ကြီးနေတဲ့ ရုပ်ရှင်ကားတစ်ကားကတော့ Sherlock အကြောင်းတောင်မဟုတ်ပဲ သူ့ညီမလေးအကြောင်းပါ။
ကောင်မလေးနာမည်ကတော့ Enola Holmes ဖြစ်ပြီး ရုပ်ရှင်ကလည်း အဲ့ဒီနာမည်နဲ့ပါပဲ။ Stranger Things ရဲ့ Eleven ဖြစ်သူ Millie Bobby Brown က Enola Holmes အဖြစ်သရုပ်ဆောင်ထားပြီး ၂၀၂၀ ကထွက်ခဲ့တဲ့ Enola Holmes ရဲ့အဆက် Sequel Movie ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ မင်းသား Tewkesbruy ရဲ့အမှုကိုဖြေရှင်းပြီး Enola Holmes ဟာတစ်ကိုယ်တော် စုံထောက်ဖြစ်ဖို့ကြိုးစားရင်း ရုံးခန်းပါဖွင့်လိုက်ပါတယ်။ဒါပေမဲ့မိန်းကလေးဖြစ်နေလို့ ဘယ်သူကမှအမှုမအပ်ချင်ကြပဲ ရုံးခန်းပိတ်ဖို့ဖြစ်လာရပေမဲ့ ပိတ်ခါနီးမှာ ကလေးမလေးတစ်ယောက်ဝင်လာပြီး ပျောက်သွားတဲ့သူ့အမကိုရှာပေးဖို့ အမှုလာအပ်တဲ့အခါ စိတ်အားထက်သန်နေတဲ့ Enola လည်း အမှုကိုလက်ခံလိုက်ပါတယ်။နောက်ပိုင်းမှာ အမှုကဒီထက်အများကြီးပိုရှုပ်လာပြီး မထင်မှတ်ထားတဲ့ကိစ္စကြီးတွေပါပါလာတော့ Enola တစ်ယောက်တည်းတင်မဟုတ်ပဲ သူ့အကို ရှားလော့ခ်ဟုမ်းပါ အမှုထဲဝင်ပါလာရပါတော့တယ်။
Enola Holmes 2 ရဲ့ဇာတ်လမ်းဟာ ပထပကားထက် အများကြီးပို Dark သွားပါတယ်။အရင်ရုပ်ရှင်မှာလည်း ပေါ့ပေါ့ပါးပါးကြည့်ရတာတော့မဟုတ်ပေမဲ့ 2 မှာ လူကြီးဆန်တဲ့ Scene တွေအများကြီးပိုပါလာပါတယ်။ Sherlock Holmes လည်းအရင်ရုပ်ရှင်ကားထက် Screentime ပိုများပေမဲ့ ဇာတ်လမ်းထဲမှာ Role သိပ်မပေးပဲ Enola Holmes ကိုပဲ Support ပေးခိုင်းထားပါတယ်။သူ့ရဲ့အဓိကရန်သူတော်ကြီးဖြစ်တဲ့ Moriarty ကိုပါတစ်ခါတည်း Tease သွားလို့ 1 မှာမစုံလင်ခဲ့သမျှကို 2 ရောက်မှအကုန်ချပြလိုက်သလိုပါပဲ။
Enola Holmes လိုက်ခဲ့တဲ့အဲ့ဒီအမှုဟာ ကမ္ဘာပထမဆုံးသော အမျိုးသမီးလုပ်သားတွေ ဆန္ဒပြခဲ့တဲ့ဖြစ်ရပ်မှန်ကို အခြေခံထားပြီး ဦးဆောင်ခဲ့တဲ့ အမျိုးသမီးကိုလည်း ဒီရုပ်ရှင်ကားထဲမှာ ဂုဏ်ပြုထည့်သွင်းထားပါတယ်။မိန်းကလေးဇာတ်ဆောင်လည်းဖြစ် ဇာတ်လမ်းကလည်း အမျိုးသမီးတွေရဲ့အစွမ်းတွေကိုပြထားလို့ တစ်ကားလုံးလုံးဝ Girl Power ပါ။ Girl Power ဘယ်လောက်ထိများသွားလဲဆို Moriarty ကိုပါ မိန်းကလေးအဖြစ် Gender Swipe လိုက်တဲ့အထိပါပဲ။အက်ရှင်ခန်းတွေလည်း အများကြီးပါသလို Action Element တွေလည်းပြောစရာမလိုလောက်အောင် ပြည့်စုံပြီး Drama ကတော့လုံးဝကိုမပါပါဘူး။
အားနည်းချက်တွေကတော့ Moriarty ကို Gender ပြောင်းထားတာ သိပ်မကြိုက်သလို Dr.Watson ကိုပါတစ်ခါတည်းထည့်ထားရင် အများကြီးပိုကောင်းသွားမယ်လို့ထင်မိပေမဲ့ သူ့ကိုတော့ Credit Scene မှာမှ Sherlock အိမ်ကိုအခန်းဖော်လာရှာတဲ့လူအဖြစ်သာ ထည့်ထားပါတယ်။
ပထမကားထက်အများကြီးပိုကောင်းလာပြီး Enola လေးရဲ့ Fourth Wall Breaking တွေ၊ ဇာတ်ကောင်ကြီးတွေကို Tease ထားတာတွေ၊ Universe အကြီးကြီးတစ်ခုကို ဖန်တီးတော့မှာလိုမျိုး ဇာတ်လမ်းဆင်ထားတာတွေကြောင့် Enola Holmes ဟာကြည့်သင့်တဲ့ရုပ်ရှင်ကားတွေထဲမှာ ပါပါတယ်။ 1 နဲ့ 2 မှာအဆက်အစပ်တွေအများကြီးရှိလို့ 1 မကြည့်ရသေးပဲနဲ့တော့ 2 ကိုကျော်မကြည့်သင့်ပါဘူး။
Images via Netflix