ဖုန်းနံပါတ်ရှိယုံနဲ့ လူတစ်ယောက်ကိုခြေရာခံနိုင်မယ့် Life 360 - TrueID

ဖုန်းနံပါတ်ရှိယုံနဲ့ လူတစ်ယောက်ကိုခြေရာခံနိုင်မယ့် Life 360

September 15, 2022

တခြားသူတစ်ယောက်ကို နောက်ယောင်ခံလိုက်တယ်၊Online ပေါ်ကနေ Track လုပ်တယ်ဆိုတာ ကောင်းတဲ့လုပ်ရပ်မဟုတ်ပေမဲ့ တချို့နေရာတွေမှာတော့ လိုကိုလိုအပ်ပြီး လုပ်သင့်တဲ့ကိစ္စမျိုးတွေလည်းရှိပါတယ်။မိသားစုဝင်တွေထဲက သက်ကြီးရွယ်အိုတွေ၊စိတ်မချရတဲ့ကလေးငယ်တွေ၊အမျိုးသမီးငယ်လေးတွေ အပြင်ထွက်ကြမယ်ဆိုရင်တော့ သူတို့ဘယ်နေရာမှာရှိနေလဲဆိုတာ တောက်လျှောက် Track လုပ်ထားရင် အဆက်အသွယ်လည်းတောက်လျှောက်ရှိနေပြီး ပြဿနာတက်လာရင်လည်း ချက်ချင်းတုံ့ပြန်နိုင်မှာဖြစ်ပါတယ်။အဲ့လိုမျိုးမိသားစုဝင်တစ်ယောက်နဲ့တစ်ယောက် စိတ်ပူလို့ အချင်းချင်း Track လုပ်ထားကြမယ်ဆိုရင်တော့ Life360 ဆိုတဲ့ App လေးကအကောင်းဆုံးဖြစ်စေမှာပါ။

null

Google Map ကနေလည်း Location Share နိုင်တယ်ဆိုပေမဲ့ ဒီ App ထဲမှာက GPS နဲ့ အင်တာနက်ဖွင့်ထားလိုက်ယုံနဲ့ Location ကိုကြည့်လို့ရပါတယ်။ပထမဆုံးအနေနဲ့ တစ်ယောက်က အုပ်စု Circle တစ်ခုဖန်တီးပြီး အဲ့ကရလာတဲ့Code ကိုတခြားလူတွေဆီပြန် Share ကာ Friend သဘောလိုဖြစ်အောင်လုပ်ရမှာပါ။

Code ကိုရိုက်ထည့်ပြီးရင် တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် Track လို့ရပါပြီ။ဒီနေရာမှာနှစ်ယောက်တည်းသုံးလို့ရတာမျိုးမဟုတ်ပဲ Circle ထဲမှာရှိနေတဲ့လူတွေအားလုံးကို လိုက်ကြည့်နိုင်မှာပါ။

null

လက်ရှိတည်နေရာ၊ဖုန်းဘတ္ထရီဘယ်လောက်ရှိလဲ၊တနေကုန်သွားလာထားတဲ့ လမ်းကြောင်းတွေရယ် အားလုံးကိုကြည့်ရှုနိုင်မယ့်အပြင် ဒီ App ထဲမှာပဲအချင်းချင်း Message လှမ်းပို့နိုင်ပါသေးတယ်။တစ်ယောက်ချင်းစီ ဘယ်အချိန်ကနေဘယ်ချိန်ထိ ကားစီးထားတယ်၊ကားကအရှိန်နှုန်းဘယ်လောက်ရှိတယ်၊မြေပုံပေါ်မှာ သတ်မှတ်ထားတဲ့နေရာတစ်ခု ဥပမာ အိမ်၊ကျောင်းတွေကနေ ထွက်သွားပြီ၊ပြန်ရောက်လာပြီဆိုတာတွေကို ချက်ချင်းပြသပေးနိုင်မယ့် Smart Notification ဆိုတာလည်းပါဝင်ပါတယ်။

null

null

ဒီ App ဟာ GPS နဲ့အင်တာနက်ဖွင့်ထားလိုက်တာနဲ့ ဘာဆိုဘာမှကိုလုပ်စရာမလိုတော့ပဲ တခြားမိသားစုတွေ၊သူငယ်ချင်းတွေက ကိုယ်ဘယ်နေရာမှာရှိနေတယ်ဆိုတာကိုတန်းသိနိုင်မှာဖြစ်တဲ့အတွက် အရမ်းအသုံးဝင်ပါတယ်။ဒါပေမဲ့သူများ Privacy ကိုချိုးဖောက်သလိုဖြစ်စေမယ့် လုပ်ရပ်မျိုးတွေကိုတော့ မလုပ်သင့်ပါဘူး။

null

App ကအားလုံးနီးပါးအဆင်ပြေပြီး တည်နေရာကိုပြသတာလည်း တော်တော်လေးကိုအသေးစိတ်ကျမှန်ကန်ပေမဲ့ တခါတလေမှာသွားထားတဲ့လမ်းကြောင်းတွေကို ပြချိန်မှာတော့ နည်းနည်းလေး Error တွေပါတတ်တာကို သတိပြုသင့်ပါတယ်။

Read More
Loading...
Loading...