မင်းက လက်ရှိ Single လား? ဒါမှမဟုတ် FA လား ? ကံဆိုတာ ခန့်မှန်းရခက်တာမလို့ လက်ရှိ ရည်းစားရှိပေမယ့်လည်း တစ်ဘ၀လုံး အပျိုကြီးလူပျိုကြီးဇာတာပါလာနိုင်သလို လက်ရှိ တစ်ယောက်တည်းပေမယ့်လည်းရည်းစားရှိတဲ့ မင်းသူငယ်ချင်းတွေထက်တောင် အရင်ဉီးပြီး မင်္ဂလာဆောင်သွားနိုင်ပါသေးတယ်နော်...
ဒါပေမယ့်မင်းဟာ အောက်မှာပြောပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီနေပြီဆိုရင်တော့ လူပျိုကြီး အပျိုကြီး ဘ၀နဲ့ တစ်ယောက်တည်း အရိုးထုတ်ဖို့ ရာခိုင်နှုန်းသေချာသလောက်ဖြစ်နေပါပြီ... ဆိုတော့ ဘယ်အချက်တွေက
မင်းကို သေချာသွားစေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်...
(၁)မင်းရဲ့ အချိန်အများစုကို တစ်ယောက်တည်း ကုန်ဆုံးရတာ သဘောကျတတ်တယ်
အလုပ်ချိန်နဲ့ မိသားစု စုံချိန်က လွဲရင် ကျန်တဲ့အချိန်တွေမှာ လူတွေနဲ့ ပြောဆိုဆက်ဆံနေရတာထက် တစ်ယောက်တည်းနေရတာကိုကြိတ်သဘောကျနေတဲ့သူမျိုးပါ။အပြင်ပန်းကကြည့်ရင်သွက်တယ်၊စကားများတယ်
လို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ စိတ်က တစ်ယောက်တည်း နေရတာကိုသာ ကြိုက်နှစ်သက်တယ် ဆိုရင်တော့ တစ်သတ်လုံး အတွက် အိမ်ထောင်ပြုဖို့ ဆိုတာ စိတ်ညစ်စရာကြီးတစ်ခုလိုဖြစ်နေမှာပါ...
(၂) စိတ်ရှုပ်မခံနိုင်ဘူး
တစ်ခုခုဆိုရင် စိတ်ရှုပ်မခံချင်တဲ့စိတ်၊ သူများကိုမရှင်းပြချင်တဲ့စိတ်၊ စိတ်မရှည်တဲ့စိတ်တွေများနေပြီဆိုရင်တော့ အပျိုကြီးလူပျိုကြီးဖြစ်ဖို့များနေပါပြီ။ ကမ္ဘာနဲ့ချီပြီးစစ်တမ်းကောက်ချက်တွေထဲမှာလည်း တစ်စုံတစ်ယောက်ကိုကိုယ်မှားမှား မှန်မှန် စိတ်ရှည်လက်ရှည် ရှင်းပြပေးရတာ ၀◌ါသနာမပါတဲ့သူတွေဟာ တစ်သတ်လုံး SIngle တွေဖြစ်သွားကြတယ်ဆိုတဲ့ အချက်တစ်ချက်ကိုတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ်။
(၃) လူအများမလုပ်ချင်တဲ့အရာကို နှစ်နှစ်ခြိုက်ခြိုက် လုပ်နေတတ်တယ်
ဘာမှန်းတော့သေချာမသိပေမယ့် အပျိုကြီးလူပျိုကြီးဖြစ်မယ့်သူတော်တော်များများရဲ့ Signs တွေထဲမှာ ကိုယ့်ကိုယ်ကိုယ်သတိမထားမိတဲ့အချက်က သူများ တွေမကြိုက်ပါဘူးဆိုတဲ့အရာတွေကိုခုံမင်နေတတ်ပြီး
သူများတွေကြိုက်တဲ့ အရာတွေကို မခံစားတတ်တာပါပဲ။ ဒါက ရာခိုင်နှုန်းအများစုသော လူပျိုကြီးအပျိုကြီးတွေမှာတွေ့ရတတ်တဲ့ Signs တစ်ခုမလို့ မင်းလည်းကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ကြည့်ဉီးနော်...
(၄) ပက်ချွဲနပ်ချွဲတွေ ကို မခံစားတတ်ဘူး
တစ်ခြားသူတွေ ဆီက ချွဲတာတွေ ပူးပူးကပ်ကပ်နေတာတွေကို မလိုချင်တတ်ကြသလို သူတို့ကိုယ်တိုင်ကလည်း ဒီလိုနေရမှာကို ၀န်လေးတတ်ကြပါတယ်။ မကြင်နာတတ်တာမဟုတ်ပေမယ့် ကြင်နာမှုကို ထုတ်ပြ
ဖို့ ၀န်လေးနေပြီဆိုရင်တော့ အပျိုကြီးလူပျိုကြီးဇာတာပါနေတာသေချာလောက်ပါပြီ။
(၅) စိတ်ကူးယဉ်ဆန်ဆန် တွေ မကြာခဏတွေးတတ်တယ်၊ ကြိုက်တတ်တယ်
လက်တွေ့ဆန်တဲ့ ဘ၀တွေထက် စိတ်ကူးရင်ဆန်လွန်းတာတွေကို သဘောကျတတ်ကြတာဟာ RS တွေမဟုတ်ပါဘူး။ တစ်ခါတစ်လေမှာ RS တွေထက်ကို ပိုပြီး အတွေးတွေ အမြင့်ကြီးထိရောက်အောင်
တွေးတတ်တာဟာ အပျိုကြီး လူပျိုကြီးဖြစ်မယ့်သူတွေပါ။ ဒီလို အတွေးလွန် အရွေးလွန်ပြီး သတ်မှတ်ထားတဲ့ စံနှုန်းတွေ များလွန်းအားကြီးတာကြောင့်လည်း ဘ၀လက်တွဲဖော်ရှာတဲ့နေရာမှာ သူများထက်ကိုပိုပြီး
ရွေးရခက်တာမလို့ နောက်ဆုံးတစ်ယောက်တည်းဘ၀နဲ့ အရိုးထုတ်သွားရတာမျိုးဖြစ်နိုင်ပါတယ်နော်...
ကဲ...မင်းရော ဘယ်အချက်တွေနဲ့ တိုက်ဆိုင်နေလဲ? ဆိုတာ ဖတ်ကြည့်ပြီး ပြန်ပြောသွားကြဉီးနော်...
Source from Love to You
Photos Credit from Googles