ဒီလို သင့် ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်တဲ့ချစ်သူမျိုးရှိပြီလား?... - TrueID

ဒီလို သင့် ဖြစ်တည်မှုတိုင်းကို လက်ခံပေးနိုင်တဲ့ချစ်သူမျိုးရှိပြီလား?...

June 23, 2022

ချစ်ခြင်းမေတ္တာ ဆိုတာ အသွားနဲ့အပြန် ရှိမှ အေးချမ်းတဲ့အချစ်ရေးတစ်ခုဖြစ်လာမှာပါ...

null

ချစ်နေရုံနဲ့အရာရာမပြီးသလို ကိုယ့်ချစ်သူရဲ့ အားနည်းချက်အားသာချက်အားလုံးကိုပါ လက်ခံပေးနိုင်မယ့် သူဖြစ်ဖို့လည်းလိုပါမယ်နော်...  ဒီလိုပဲကိုယ့်ရဲ့ အားနည်းချက်ကိုလည်း လက်ခံပေးနိုင်တဲ့ချစ်သူမျိုးရထားဖို့လိုပါသေးတယ်။

null

 

အိမ်ထောင်ရေးမှာကံကောင်းတယ် အချစ်ရေးမှာ ကံကောင်းတယ်ဆိုတာက ချမ်းသာပြည့်စုံနဲ့ လူ ချောမောလှပတဲ့မိန်းမသားကိုရတာမျိုးထက် ကိုယ်နဲ့အတူ အေးအတူပူအမျှလက်တွဲပြီးကိုယ့်အားနည်းချက်ကို လက်ခံပေးနိုင်တဲ့အချစ်ရေးကမှ အေးချမ်းတဲ့အချစ်မျိုးဖြစ်မှာပါနော်...

null


သူနဲ့အတူတူရှိနေတဲ့အချိန်မှာ
အေးချမ်းနေမယ်။ စိတ်ချမ်းသာနေမယ်။ ပြီးပြည့်စုံသလို ခံစားနေရမယ်။ လုံခြုံမှုရှိနေမယ်။ ပျော်နေရမယ်ဆိုရင် ဒါက တစ်ဦးနဲ့တစ်ဦး ရဲဖြစ်တည်မှုကို လက်ခံပေးနိုင်တဲ့ အချစ်ရေးမျိုးဆိုတာကသေချာနေပါပြီနော်...

null

တကယ်လို့ သင်ကိုယ်လည်း ဒီလိုခံစားမိနေရင်တော့ လက်ရှိသင်နဲ့သင့်ချစ်သူက တစ်ဦးရဲ့ဖြစ်တည်မှုကို တစ်ဦးလက်ခံပေးနိုင်တဲ့ အချစ်ရေးဖြစ်ပြီဆိုတာ လက်ခံလိုက်တော့နော်...

null

ဒီလိုအချစ်ရေးမျိုးက လူတိုင်းမပိုင်ဆိုင်နိုင်တာမလို့ ပိုင်ဆိုင်ထားတဲ့အချစ်ရေးကို တန်ဖိုးထာပြီး လက်မလွှတ်ကြဖို့လည်း အကြံပေးပါရစေ...

null

Source from own creation

Photo credit from google

Read More
Loading...
Loading...