တဖတ်သတ်ချစ်နေတာကို သူသိအောင်ဘယ်လိုလုပ်ကြမလဲ? - TrueID

တဖတ်သတ်ချစ်နေတာကို သူသိအောင်ဘယ်လိုလုပ်ကြမလဲ?

August 8, 2023

တဖက်သတ်အချစ်ဆိုတာ ပူလောင်ပေမယ့်လည်း လူတစ်ယောက်ကို ချစ်နေရတာလေးကိုပဲ ကျေနပ်မိနေတယ်ဆိုရင် ဒီအချစ်ကို ပူလောင်တယ်လို့တတွေးမိတော့မယ်မထင်ပါဘူး။ အချစ်ဆိုတဲ့ အရာဟာ ယူတတ်ရင် ယူတတ်သလို ကျေနပ်ဖို့ကောင်းသလို မယူတတ်မချစ်တတ်၊ မတွေးတတ်ပြန်ရင်လည်းပူလောင်ရပြန်ပါတယ်။

null

တခါတလေမှာ လူတစ်ယောက်ကို ကိုယ့်ဘက်က ချစ်မြတ်နိုးပေမယ့် ဒီချစ်မြတ်နိုးခြင်းကို သူသိအောင်မပြနိုင်တဲ့ အခါ စိတ်ထင်မတင်မကျနဲ့ ပူလောင်ရသလို သိသွားရင် ငါ့ကို ငြင်းမလားဆိုတဲ့စိတ်နဲ့အတွေးနယ်ချဲ့နေတတ်ပါတယ်။ ဆိုတော့ တစ်ဖက်လူက ကိုယ်ချစ်တာကို ကိုယ့်ပါးစပ်က မပြောပဲ သိအောင်  ဘယ်လိုလေးတွေလုပ်ကြမလဲ?

(၁) ဂရုစိုက်ပေးပါ

null

လူတိုင်းက ကိုယ့်ကို ဂရုတစိုက်ရှိတဲ့သူတွေကို သဘောကျတတ်ကြပါတယ်။ ချက်ချင်းပြီးပြန်မချစ်လာရင်တောင် သူငါ့ကို ဂရုစိုက်ပါလား ဆိုပြီးအမှတ်တစ်မှတ်ရသွားမှာပါနော်။

(၂) ကာကွယ်ပေးပါ

null

သူ့အပေါ်မှာ တစ်ပါးသူတွေက နှောက်ယှက်လာတဲ့အခါ ကူညီပေးပြီး ကာကွယ်ပေးပါ။ ယောကျ်ားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် သူ့ဘက်ကနေ ရပ်တည်ပေးပြီးကာကွယ်ပေးတဲ့သူကို သဘောကျတတ်ကြပါတယ်။

(၃) အားပေး‌ထောက်ပံ့ပါ

null

သူ့မှာ လိုအပ်ချက်တွေရှိတဲ့အခါ မှားတာကိုမှန်အောင်၊ လိုအပ်တာကို ပြုပြင်နိုင်အောင် အားပေးထောက်ပံ့ပေးဖို့လိုပါတယ်။ အစကတော့ အမှန်တရားကိုထောက်ပြလို့ အမုန်းခံနိုင်ရပေမယ့် ကိုယ့်စေတနာကိုသူမြင်လာတဲ့အခါ အမှတ်ရမယ့်သူက ကိုယ်ဖြစ်နေပါလိမ့်မယ်နော်။

(၄) ယုံကြည်ပေးပါ

null

လူတိုင်းက သူတို့အပေါ်ယုံကြည်တဲ့သူကို သဘောကျတတ်ကြပါတယ်။ အထူးသဖြင့် သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို လေးစားပြီး သူတို့ကို တန်ဖိုးထားယုံကြည်ပေးနေတဲ့ သူတိုင်းက သူတို့ အတွက်တော့ အားထားစရာကြီးတစ်ခုဖြစ်နေမှာပါ။

(၅)  ဝါသနာတူရာအတူတူလုပ်ကြည့်ပါ

null

ကိုယ်နဲ့ ဝါသနာတူတဲ့အရာတွေကို အတူတူ လိုက်လုပ်ပေးတဲ့ သူတွေရှိတဲ့အခါ လူတွေက ပျော်တတ်ကြပါတယ်။ ဒါကြောင့် သူနဲ့အတူတူ အမှတ်တရလေးဖြစ်ဖို့ ဝါသနာပါရာလေးတွေကို အတူတူလုပ်ကြည့်ကြဦးနော်...

null

တခါတလေမှာ ချစ်ခြင်းမေတ္တာ ဆိုတာ ပါးစပ်ကနေတဖွဖွထုတ်ပြောဖို့ ထက် ကိုယ့် ချစ်ရသူရဲ့စိတ်လေးအေးချမ်းပျော်ရွှင်နေအောင် မျက်နှာလေးပြုံးပျော်နေအောင်လုပ်ပေးဖို့ပဲလိုအပ်ပါတယ်နော်

ကဲ အခုကစပြီး တဖက်သတ်အချစ်တွေကို သူမြင်နိုင်အောင်ထုတ်ပြရအောင်

Source from Sl(own creation)

Photos credit from google

Read More
Loading...
Loading...