ကိုယ့်ချစ်သူအပေါ် သဝန်တိုစိတ်နည်းအောင် ဘယ်လိုလုပ်ကြမလဲ?.... - TrueID

ကိုယ့်ချစ်သူအပေါ် သဝန်တိုစိတ်နည်းအောင် ဘယ်လိုလုပ်ကြမလဲ?....

May 24, 2022

ချစ်သူအပေါ် သဝန်အရမ်းတိုတတ်တဲ့သူတွေရှိလား?... ဒါဆိုရင်တော့ ဒီစာလေးကို ပြီးအောင်ဖတ်ကြည့်ပေးဖို့လိုနေပြီနော်...

null


သဝန်တိုတယ်ဆိုတာ
သမီးရည်းစားစုံတွဲတိုင်းမှာဖြစ်တတ်တဲ့ ချစ်စရာအလေ့ထလေးတစ်ခုပေမယ့် လိုတာထက်ပိုပြီး သဝန်တိုလာတဲ့အခါ သဝန်ကြောင်တဲ့အဆင့်ကို ရောက်သွားတတ်ပါတယ်။ သဝန်တိုတာက ချစ်ဖို့ကောင်းပေမယ့်လည်း သဝန်ကြောင်လွန်းတဲ့အဆင့်ရောက်သွားပြီဆိုရင်တော့ နှစ်ယောက်ကြားမှာ စိတ်ညစ်စရာအခြေအနေတွေဖြစ်လာနိုင်ပါတယ်... ဒါကြောင့် သဝန်တိုတဲ့စိတ်တွေ မများအောင် ဘာတွေလုပ်ကြမလဲ? ... ကိုယ့်ချစ်သူအပေါ်ကိုယ်ထားတဲ့သဝန်တိုတဲ့စိတ်ကို ဘယ်လိုလျော့နည်းအောင်ကြိုးစားကြမလဲ?

() ယုံကြည်မှုရှိပါ

null

သဝန်တိုတယ်ဆိုတာ ချစ်ဖို့ကောင်းပေမယ့်အကြိမ်ပေါင်းများလာတဲ့အခါ ဒါဟာ ယုံကြည်မှုနည်းလို့ဖြစ်လာတဲ့ခံစားချက်လို့ ကောက်ချက်ချလို့ရပါတယ်။

null

ကိုယ့်ချစ်သူအပေါ် ယုံကြည်မှုအားနည်းတဲ့စိတ်၊ ကိုယ့်ကိုယ်ကိုယုံကြည်မှုအားနည်းတဲ့ စိတ်တွေကြောင့် ဖြစ်ပေါ်လာတယ်လို့လည်းဆိုလို့ရပါတယ်။ ရှင်းရှင်းပြောရရင် နှစ်ဦးကြားကအချစ်အတိမ်အနက်က နည်းပါးနေတယ်လို့ဆိုရမှာပါပဲ။ တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ချစ်ခြင်းမေတ္တာကိုမှ သေချာမသိဘူးဆိုရင် တစ်ဦးပေါ်တစ်ဦးလည်း ယုံကြည်လာနိုင်တော့မှာမဟုတ်သလို သဝန်တိုတဲ့အဆင့်ကနေ သဝန်ကြောင်တဲ့အဆင့်အထိဖြစ်သွားစေနိုင်ပါတယ်။

() ပွင့်ပွင့်လင်းလင်းပြောပါ

null

ချစ်သူနှစ်ဦးကြားမှာ အလိုအပ်ဆုံးက ပွင့်လင်းမှုပါ။ ကိုယ်အကြိုက်တဲ့အကြောင်းအရာတွေ၊ ကိုယ်မဖြစ်ချင်တဲကိစ္စမျိုးတွေ၊ ကိုယ်လက်မခံနိုင်တဲ့အခြေနေတွေကို တစ်ဖက်ကချစ်သူသိထားအောင်ပွင့်ပွင့်လင်းလင်းပြောထားကာမှ မလိုလားအပ်တဲ့ပြဿနာတွေ နားလည်မှုလွဲတာမျိုးတွေဖြစ်မလာနိုင်မှာပါ။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောပြီး နားလည်မှုသာလက်ဦးမှုရအောင်ယူမယ်ဆိုရင် သဝန်တိုစရာအကြောင်းလည်းအများကြီးရှိတော့မှမဟုတ်ပါဘူး။

() သူ့အပေါ်မှီခိုတွယ်တာလွန်းအားကြီးတဲ့စိတ်ကိုလျော့ပါ

null

အချစ်ကြီးတဲ့သူတွေက သူများထက်ကိုပိုပြီးသဝန်တိုလွယ်ကြပါတယ်။ အရှင်းဆုံးပြောရရင် ဒီလူမှဒီလူဖြစ်နေတဲ့သူတွေက ပိုပြီးသဝန်ကြောင်တတ်ကြပါတယ်။ တစ်ဖက်သားကို ချစ်လို့ရပေမယ့် တစ်ဖက်သားကကိုယ့်နှလုံးသားအပေါ် အရမ်းကြီး စိုးမိုးလာတဲ့အခါ အဆုံးရှုံးမခံနိုင်လွန်းတဲ့စိတ်တွေဖြစ်ပေါ်လာပြီး သဝန်တိုခြင်းတွေက စတင်လာတော့တာပါပဲ။ ဒါကြောင့် ချစ်တာတော့ ချစ်ပါ ဘရိတ်လေးနဲ့ချစ်ဖို့တော့အကြံပေးပါရစေ...

() တရားမှတ်ပါ

null

 

နောက်ဆုံးအချက်ကတော့ တရားမှတ်တာပါပဲ။ ရှင်းရှင်းပြောရရင်သဝန်တိုတယ်ဆိုတာ အတ္တတစ်မျိုးပါ။ လူတစ်ယောက်ကို ကိုယ့်အပိုင် ကိုယ်သာနိုင်ဆိုတဲ့ အတွေမျိုးနဲ့ သူတစ်ပါးကိုမပေးနိုင်တာဟာ အတ္တတွေထဲကအတ္တတစ်ခုပါပဲ။ တကယ်လို့ ကိုယ့် ပါတနာက ဘာမှလည်း ကိုယ့်အပေါ်အမှားမလုပ်ပဲ ကိုယ်ကပဲ သူ့အပေါ်အလွန်အကျူးကြီးသဝန်တိုချင်စိတ်တွေဖြစ်နေပြီဆိုရင်တော့ ကိုယ့်စိတ်လေးကို ငြိမ်အောင်ထားပြီး တရားမှတ်ကြည့်ဖို့အကြံပေးပါရစေနော်...

 

null

ကဲ... အခုကစပြီး သဝန်တိုတာလေးတွေကိုလျော့ပြီး ချစ်သူတိုင်းပိုချစ်နိုင်ကြပါစေနော်...

Source from own creation

Photos credit from google

Read More
Loading...
Loading...