အသက်၃၀ကျော်မှ အိမ်ထောင်ပြုမယ်လို့ စဉ်းစားထားတဲ့သူတိုင်းမဖြစ်မနေသိထားသင့်တဲ့အချက်(၅) ချက် - TrueID

အသက်၃၀ကျော်မှ အိမ်ထောင်ပြုမယ်လို့ စဉ်းစားထားတဲ့သူတိုင်းမဖြစ်မနေသိထားသင့်တဲ့အချက်(၅) ချက်

March 21, 2022

မင်းက အသက်၃၀ ကျော်မှ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်ထားတဲ့သူလား? ဒါမှမဟုတ် လက်ရှိအရွယ်က ၃၀ကျော်နေပြီဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဆက် ဖတ်ကြည့်ဖို့တော့ လိုပါပြီနော်...

null

အခုခေတ်ကြီးထဲမှာ အသက်၃၀ ကျော်မှ အိမ်ထောင်ပြုကြတာဟာ တစ်ခြားနိုင်ငံတွေမှာတော့ သိပ်မဆန်းပေမယ့် မြန်မာနိုင်ငံမှာဆိုရင်တော့ ထူးထူးဆန်းဆန်းကြီးဖြစ်နေတတ်ပါတယ်။ အထူးသဖြင့် ၃၀ ကျော်အမျိုးသမီးတွေဆိုရင် အခါမလင့်ခင် အိမ်ထောင်ပြုဖို့အတွက် လူကြီးမိဘတွေက တိုက်တွန်းကြသလို တစ်ဖက်မှာလည်း ၃၅ ကျော်လောက်ထဲရောက်နေတဲ့အမျိုးသမီးတွေဆိုရင် လူတိုင်းက အပျိုကြီးဖြစ်တော့မယ်လို့ နောက်ပြောင်ပြောဆိုတတ်ကြပါတယ်။ တကယ်တော့ အသက်၃၀ ကျော်အရွယ်ဟာ အိမ်ထောင်ပြုဖို့ ငယ်ရွယ်သေးတဲ့ အရွယ်မဟုတ်သလို အရွယ်လွန်နေတဲ့အရွယ်လည်းမဟုတ်သေးပါဘူး။ ကိုရီးယားတို့လို ဖွံ့ဖြိုး

တိုးတတ်နေတဲ့ တိုင်းပြည်တွေမှာ ဆိုရင် လူတစ်ယောက်ဟာ အသက်၃၀ ကျော်အရွယ်မှာ အိမ်ထောင်ပြုမယ်ဆိုရင် အသင့်တော်ဆုံးနဲ့ အကောင်းဆုံးအရွယ်တစ်ခုလို့သတ်မှတ်ထားကြပြီး ဒီလိုအရွယ်မှာရွေးချယ်တဲ့အိမ်ထောင်ဖက်ကလည်း စစ်မှန်တဲ့ ဘ၀လက်တွဲဖော်ဖြစ်နိုင်တယ်လို့လည်း ယုံကြည်ထားကြပါတယ်။ ဒါကြောင့် ၃၀ ကျော်မှအိမ်ထောင်ပြုတိုင်းလည်း မကောင်းတာမဟုတ်ပါဘူးနော်။ ဒါပေမယ့် အသက်ကြီးမှအိမ်ထောင်ပြုမိတဲ့အခါ

ဖြစ်ပေါ်တတ်တဲ့ ပြဿနာလေးတွေရှိတတ်တာမလို့  ဒီနေ့မှာ ဘာတွေသတိထားသင့်လဲဆိုတာ ပြောပြပေးသွားပါမယ်နော်...

ဒါဆို အသက်၃၀ ကျော်မှ အိမ်ထောင်ပြုမယ်လို့ ရည်ရွယ်ထားရင် ဘာတွေသိထားသင့်သလဲ?

null

(၁)  ပတ်၀န်းကျင်ကို ဉပေက္ခာပြုတတ်တဲ့သတ္တိရှိဖို့လိုပါမယ်

တစ်ခြားနိုင်ငံတွေမှာ ပြဿနာမရှိပေမယ့် မြန်မာနိုင်ငံမှာတော့" ကြီးမှ၀က်သက်ပေါက်တယ်" ဆိုတာမျိုး ပြောတတ်ကြတာမလို့ ပတ်၀န်းကျင် ရဲ့ အပြောအဆိုတွေကို လုံး၀ဂရုမစိုက်တတ်တဲ့စိတ်မျိုး နဲ့ သတ္တိမွေးဖို့လိုပါတယ်နော်။ 

(၂) ကလေးယူဖို့ အချိန်မနှောင့်နှေးသင့်ဘူး

အသက်၃၀ ကျော်မှလက်ထပ်မယ်ဆိုရင် အနည်းဆုံးတော့ ကိုယ့်သားသမီးနဲ့ကိုယ်က အသက်၃၀ ကွာနေမှာပါပဲ။ ဒါကြောင့် ဒီအိမ်ထောင်ပြုပြီး တော်တော်ကြာမှကလေးယူမယ်ဆိုရင် ကလေးနဲ့မိဘအသက်က

အများကြီးကွာဟနိုင်ပြီး မိန်းမတစ်ယောက်အတွက်လည်း အသက်ကြီးမှကိုယ်၀န်ဆောင်ရတာဟာ ပိုခက်ခဲတာမလို့ ကလေးယူဖို့အချိန်မနှောင့်နှေးသင့်ပါဘူးနော်။

(၃) ငွေကြေးအဆင်ပြေနေရမယ်

အသက်၃၀ ကျော်အရွယ် ဆိုတာ သင့်တော်တဲ့ နေရာတစ်ခုမှရောက်နေပြီးကြတဲ့သူတွေများတဲ့ အသက်အပိုင်းအခြားတစ်ခုပါ။ ဒီလိုအချိန်မှာ ကိုယ်က လက်ထပ်မယ်လို့ရည်ရွယ်ထားရင် ကိုယ့်အသက်ရွယ်နဲ့သင့်တော်တဲ့သင့်တင့်လျောက်ပတ်တဲ့ ငွေကြေး ဥစ္စာတော့ပိုင်ဆိုင်ထားဖို့လိုပါတယ်။ ဘာကြောင့်လဲဆိုရင် အိမ်ထောင်ကျပြီးသွားတဲ့အခါ အာရုံစိုက်စရာတွေများလာတတ်တာမလို့ အစတည်းက ငွေကြေး ချောင်လည်အောင်စုဆောင်းထားရင်ငွေကြေးအတွက် မပူလောင်ရပဲ အိမ်ထောင်ရေးပိုသာယာနိုင်ပါလိမ့်မယ်။

null

(၄) သားသမီးနဲ့ အပြိုင် ခေတ်မှီအောင်နေဖို့ပြင်ဆင်ထားရမယ်

အနည်းဆုံးတော့ နှစ်၃၀ လောက်ကွာတဲ့ ကလေးလေးရဲ့ မိခင်၊ဖခင်ဖြစ်လာတဲ့အခါ ခေတ်ရေစီးကြောင်းနဲ့အညီ ဗဟုသုတရှိနေဖို့လည်းလိုပါတယ်။ ဒါမှလည်းသားသမီးကို သွန်သင်ဆုံးမနိုင်တဲ့အပြင်သားသမီးနဲ့ မိဘကြားမှာ နားလည်မှုလွဲတာမျိုးတွေ၊ အမြင်ကျဉ်းတာမျိုးတွေမဖြစ်စေပဲ လွတ်လွတ်လပ်လပ်နဲ့ နားလည်မှုအပြည့်ရှိတဲ့ ပျော်ရွှင်စရာမိသားစုတစ်ခုဖြစ်လာနိုင်မှာပါ။

(၅) အိုစာမင်းစာ စုဆောင်းထားရမယ်

မြန်မာနိုင်ငံရဲ့ ပညာရေးနဲ့တွက်ကြည့်မယ်ဆိုရင် ကိုယ်တွေအသက်၅၀ကျော် အရွယ်မှာ ကလေးတွေက အသက်၂၀ အကျော်ပဲ ရှိပါဉီးမယ် ။ ဒါကြောင့် ဒီအရွယ်မှာကိုယ့်သားသမီးလုပ်စားကို စားရဖို့ မစားရဖို့ဆိုတာကြိုတွက်ထားလို့မရတာမလို့ ကိုယ်အိုလာတဲ့အချိန် ကိုယ့်အတွက် အသုံးချလို့ရမယ့်ငွေကြေးအ စုဆောင်းမှုတွေ ၊ရင်းနှီးမြုပ်နှံမှုတွေကိုလည်း လုပ်ထားသင့်ပါတယ်နော်။

null

ဆိုတော့ မင်းက အသက်၃၀ ကျော်မှအိမ်ထောင်ပြုမယ့်သူဆိုရင်တော့ ဒီအချက်လေးတွေကို သတိထားပြီး ထည့်သွင်းစဉ်းစားပေးကြဖို့ မမေ့နဲ့ဉီးနော်...

Source from own creation

Photos credit from The Mirror

Read More
Loading...
Loading...