အသည်းကွဲရင်ပျောက်တယ်ဆိုတဲ့ဆေး တကယ်ရှိလား? ဆိုတော့ ရှိပါတယ်နော်... တကယ်လို့ ကိုယ်ကလက်ရှိမှာအသည်းကွဲနေတယ်ဆိုရင်တော့ ဒီစာလေးကို ဆုံးအောင်ဖတ်ကြည့်နော်...
အရွယ်ရောက်ပြီးသူ အများစုရဲ့ ဘ၀မှာ ကိုယ်ချစ်ရတဲ့ သူတစ်ယောက်(ဒါမှမဟုတ်) ကိုယ်ပိုင်ဆိုင်ချင်တဲ့သူတစ်ယောက်ကိုလက်လွှတ်လိုက်ရတဲ့အခါမျိုးမှာ အသည်းကွဲတယ် ဆိုတဲ့ ခံစားချက်ကို ရင်နဲ့သည်းစွာ ခံစားကြရပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ခံစားမှုအတိုင်းအတာချင်း မတူပေမယ့် အများစုကတော့ အသည်းကွဲတာကြောင့်နာကျင်ခံစားကြရတာချည်းပါပဲ...
ဒါကြောင့် ဒီတစ်ခေါက်မှာတော့ အသည်းကွဲလို့ခံစားရတဲ့ နာကျင်မှုတွေ သက်သာစေမယ့် အသည်းကွဲရင်ပျောက်တဲ့ဆေး နည်းလေးတွေကို ေ၀မျှပေးချင်ပါတယ်နော်...
(၁) ကိုယ်ချစ်တဲ့သူတွေအနားမှာနေပါ
အသည်းကွဲတယ်ဆိုတာ နှလုံးသား အထီးကျန်သွားခြင်းတစ်မျိုးပါပဲ။ ကိုယ့်ကို မလိုလားတဲ့သူတွေ ကိုယ့်အတွက်toxic ဖြစ်တဲ့သူတွေကို အဖက်မလုပ်ပဲ ကိုယ့်အပေါ်တကယ်တန်ဖိုးထား
ချစ်ခင်၊မြတ်နိုး တန်ဖိုးထားတတ်တဲ့သူတွေအနားမှာ ပဲ နေပေးပါ။ ဒါက စိတ်ကို သက်သာရာရသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုရှိလာစေနိုင်ပါတယ်...
(၂) Social Media ကို ခဏနားထားပါ
Social Media ဆိုတာက တစ်ခါတလေမှာ ကိုယ့်ရဲ့ နာကျင်နေတဲ့စိတ်ကို ပိုပြီး ဆွပေးသလိုဖြစ်တတ်စေတတ်ပါတယ်။ ဒါကြောင့် အသည်းကွဲလို့ ခံစားနေရတယ်ဆိုရင်တော့
ကိုယ့်ရဲ့ စိတ်ကို ပိုပြီးနာကျင်စေတဲ့ Social Media ကို ခဏနားထားလိုက်ပါနော်...
(၃) ကိုယ်ပျော်မယ်ထင်တဲ့အရာတွေကိုလုပ်ပါ
ကိုယ်ပျော်မယ်ထင်တဲ့အရာ၊ ကိုယ်၀◌ါသနာပါတဲ့ အရာတွေကိုသာ အလေးထားပြီလုပ်ပါ။ ဥပမာ လွတ်လွတ်လပ်လပ် ခရီးသွားတာ ၊ ကိုယ်တတ်ချင်တဲ့သင်တန်းတွေကိုတက်တာ၊ ကိုယ်နာဝါသနာပါတဲ့ အားကစားတွေကိုလိုက်စားတာမျိုးတွေကို သာလုပ်ရင်း အချိန်ကုန်ကြည့်ပါနော်။ ဒီလိုလုပ်ပေးရင်းနဲ့အသည်းကွဲနေတာကို မေ့သလိုခံစားသွားရပါလိမ့်မယ်။
(၄) ပါတနာ အသစ်ကို လက်ခံပေးပါ
အထီးကျန်ခံစားနေရတဲ့ ဘ၀ထဲက ရုန်းထွက်ပြီး နေရာသစ် ပတ်၀န်းကျင် အသစ်မှာ လူသစ်တွေနဲ့ ပေါင်းသင်းပြီးစိတ်သစ်နဲ့ ဘ၀ကို ဖြတ်သန်းပါ။ မတွယ်တာသင့်တာတွေကို မတွယ်တာပဲ လွှတ်ချသင့်တာတွေကို လွှတ်ချရင်း ကိုယ့်အပေါ်လိုလိုလားလားရှိတဲ့ ပါတနာအသစ်ကို လက်ခံပေးနိုင်တာကလည်း အသည်းကွဲလို့နာကျင်မှုကို ပျောက်ကင်းစေတဲ့
ဆေးတစ်ခုပါပဲနော်...
အခုဆိုရင် အသည်းကွဲပျောက်တဲ့ နည်းလေးတွေကို သိပြီဆိုတော့ ကွဲနေတဲ့အသည်းကိုပြန်ဆက်ရင်း နေ့ရက်တိုင်းကို စိတ်ချမ်းချမ်းသာသာ ဖြတ်သန်းနိုင်ကြပါစေနော်...
Source from Daily Mail
Photos credit from google