ကိုယ့် Crush က ကိုယ့်ကို စိတ်၀င်စားသတိထားမိလာအောင် ဘာတွေလုပ်ကြမလဲ?... - TrueID

ကိုယ့် Crush က ကိုယ့်ကို စိတ်၀င်စားသတိထားမိလာအောင် ဘာတွေလုပ်ကြမလဲ?...

May 11, 2022

ယူတို့မှာရော Crush ရှိကြလား?...

Single တိုင်းမှာ ရင်ထဲက ကြိတ်သဘောကျနေမိတဲ့ Crush တစ်ယောက်တော့ အနည်းဆုံးရှိတတ်ကြပါတယ်နော်... တစ်ချို့ လူတွေအတွက်တော့ Crush အများကြီး ရှိနေတတ်ပေမယ့်ကိုယ့်ရင်ထဲမှာတော့ အချိန်ကာလကြာမြင့်လာတာတောင် ဒီတစ်ယောက်ကိုပဲ သဘောကျစိတ်၀င်စားမိနေပြီး ဖွင့်ပြောဖို့ အတွက်လည်း ၀န်လေးနေမိတယ်ဆိုရင်တော့ အခုပြောပြပေးသွားမယ့်အချက်လေးတွေက ယူတို့အတွက် အသုံး၀င်စေမှာပါနော်...

ဆိုတော့ ကိုယ့် သဘောကျနေတဲ့သူက ကိုယ့်ကို စိတ်၀င်စားသတိထားလာအောင် ဘာတွေလုပ်ကြမလဲ?...

(၁) သူကိုယ်တိုင်လည်း လူလွတ်ဖြစ်ပါစေ

null

            ဘယ်လောက်အတိုင်းအတာထိပဲ ကိုယ့်ဘက်ကသဘောကျနေတဲ့သူဖြစ်ပါစေ အိမ်ထောင်ရှိတဲ့သူ၊ ချစ်သူရည်းစားရှိနေတဲ့သူ၊ လက်ရှိပိုင်ရှင်ရှိပြီးသား လူဆိုရင်တော့ ဒီလူကို ရင်ထဲကပဲ ဆက်သဘောကျ

ဖို့အကြံပေးပါရစေနော်... ဒါကြောင့် လူတစ်ယောက်ကို သဘောကျမိပြီဆိုရင် ဒီလူမှာ ပိုင်ရှင်ရှိမရှိကို အရင်ဆုံးသိအောင်လုပ်ပြီးမှ အောက်က အချက်တွေကို ဆက်လုပ်ကြည့်ပါနော်...

(၂) သူရဲ့ dark side တွေကို နားလည်ပေးပါ အားပေးပါ

null

            လူတိုင်းက ကိုယ့်ရဲ့ အားနည်းချက်တွေ၊ မပြည့်စုံတဲ့ အစိတ်အပိုင်းတွေကို နားလည်လက်ခံပေးနိုင်တဲ့သူကို ခင်တွယ်မိတတ်ကြပါတယ်။ တကယ်လို့ မင်းကသူ့ကို တကယ်သဘောကျနေမိတယ်ဆိုရင်တော့သူ့ရဲ့ အားငယ်ချိန်တိုင်း သူလိုအပ်နေတဲ့အချိန်တိုင်းမှာ အဖော်အဖြစ်ရှိနေပေးပါနော်...ဒါဆိုရင်တော့ ကြာလေကြာလေ မင်းကို ငြိတွယ်လေဖြစ်လာနိုင်ပါတယ်။

(၃) မကြာခဏ စကားစမြည်သွားပြောပေးပါ

null

            ကိုယ်သဘောကျနေတဲ့သူပဲဆိုပြီး ကိုယ့်ရဲ့အချိန်တိုင်းကို ပေးစရာမလိုသလို သူ့ရဲ့အချိန်တိုင်းကိုလည်း လုမယူပါနဲ့။ အားတဲ့အချိန် နားတဲ့အချိန်မျိုးမှာ သတိတရနဲ့မကြာခဏစကားပြောပေးတာမျိုး၊အကြိုက်တူတဲ့အရာတစ်ခုအကြောင်းဆွေးနွေးဖြစ်တာမျိုးလေးတွေကို မကြာခဏလုပ်ပေးဖို့ပဲလိုပါတယ်။ အချိန်အများကြီးပေးနိုင်မှ ကိုယ့်ကို ပြန်သဘောကျမယ်ဆိုရင်တော့ဆက်သဘောမကျနေပါနဲ့တော့နော်...

(၄) အမှန်တိုင်း‌‌‌ဝေဖန်ပေးပါ

null

            လူတွေက အ‌ေ၀ဖန်ခံရတာကို သဘောမကျပေမယ့် ‌ဝေဖန်ခံရပြီးလို့ အချိန်အနည်းငယ်ကြာသွားတဲ့အခါမှာတော့ ကိုယ့်ကိုအမှန်တိုင်းမြင်အောင်ကြည့်ပေးတဲ့သူရဲ့စေတနာကိုနားလည်တတ်လာပြီး

ဒီလူက ကိုယ့်ကိုသိပ်ကိုကောင်းစေချင်တဲ့သူပါလားလို့လည်း တွေးတတ်လာပါလိမ့်မယ်။ ဒီလိုအတွေးကပဲ အချင်းချင်းနှလုံးသားချင်းကို ပိုပြီးရင်းနှီးစေနိုင်ပါတယ်။

(၅) ညတိုင်းလိုလို စကားပြောပြီးမှ ၂ ရက်လောက်မပြောပဲ နေကြည့်လိုက်ပါ

null

            ဒါကတော့ နောက်ဆုံးစမ်းသပ်တဲ့နည်းပါ ... ညတိုင်းလိုလို ကိုယ့်Crsuh နဲ့ တစ်ပတ်လောက်စကားသွားပြောပြီး ရင်းနှီးအောင်လုပ်ကြည့်ပါ ပြီးရင်တော့ ၃ရက်လောက်အဆက်သွယ်ဖြတ်ကြည့်လိုက်ပါ...သူကိုယ့်ကို

စောင့်မျှော်နေတယ်၊ မင်းရဲ့အဆက်သွယ်ကို မျှော်လင့်နေတယ်ဆိုရင်တော့ မင်းအပေါ်အနည်းငယ်ဖြစ်ဖြစ် စိတ်၀င်စားနေတယ်ဆိုတာ သေချာပါပြီ။ ဒါပေမယ့် ဒီလိုအကြောင်းအရာတွေက ခိုင်မာတဲ့အချစ်တစ်ခုမဖြစ်လာနိုင်သေးတာ

မလို့ ဒီအချက်လောက်နဲ့တော့ မင်းကို သူချစ်နေတယ်လို့ အထင်မှား အတွေးမစောမိကြပါစေနဲ့နော်...

ဒီအချက်လေးတွေကို လုပ်ကြည့်ပြီးပြီဆိုရင်တော့ သူ့ဆီက စိတ်၀◌င်စားမှု တစ်ချို့ကိုလည်းရလာနိုင်တဲ့အပြင် သူကရောကိုယ့်အပေါ်ပြန်စိတ်ဝင်စားလာနိုင်သလားဆိုတာရယ် ကိုယ်ကရောသူ့အပေါ်ထားတဲ့

စိတ်က သေချာရဲ့လားဆိုတာကိုပါ သတိထားခံစားမိလာမှာပါနော်... ကဲ... နည်းလေးတွေသိပြီဆိုတော့ ကိုယ်သဘောကျနေတဲ့ Crush ကို စမ်းသပ်ကြည့်ကြဦးနော်...

Source From Own creation

Photos credit from google

Read More
Loading...
Loading...