ကိုကြီးတွေကို ချစ်သူတော်ထားရင်... - TrueID

ကိုကြီးတွေကို ချစ်သူတော်ထားရင်...

June 13, 2022

ဘဝမှာကိုယ့်ကို သိပ်ချစ်သိပ်အလိုလိုက်တဲ့ ကိုကြီးတွေနဲ့ ချစ်သူတော်ထားရလား?... ဒါဆိုရင်တော့သင်က လက်ရှိမှာ သိပ်ကံကောင်းတဲ့ကောင်မလေးဆိုတာ သေချာသလောက်ရှိနေပါပြီ...

 

null

တစ်ကမ္ဘာလုံးရဲ့ အတိုင်းအတာနဲ့ တွက်ချက်လေ့လာမှုများအရ ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသားတွေကိုပိုင်ဆိုင်ထားသူတွေဟာ တစ်ခြားမိန်းကလေးတွေထက် အိမ်ထောင်ရေးပိုပြီးကံကောင်းသလို၊ သာယာချမ်းမြေ့တဲ့ဘဝတစ်ခုကိုလည်းပိုင်ဆိုင်ထားနိုင်ကြတယ်လို့ဆိုပါတယ်။

ဒီတွက်ချက်မှုတွေက အပေါ်ယံတွက်ချက်ထားတာမျိုးမဟုတ်ပဲ တကယ်ကို အချက်အလက်အပြည့်အစုံနဲ့ စစ်တမ်းကောက်ခဲ့တာပဲဖြစ်ပါတယ်...

ဆိုတော့ကိုကြီးတွေကို ပိုင်ဆိုင်ထားရင် ဘာကြောင့်ကံကောင်းတဲ့မိန်းကလေးဖြစ်နိုင်တာလဲ?...

() ဂရုစိုက်ကြင်နာတတ်လို့

null

ကိုကြီးတွေက ကိုယ့်ထက်ငယ်တဲ့ကောင်မလေးတွေအပေါ်ဂရုစိုက်ကြင်နာတတ်ကြတာသဘာဝပါ။ ဒီထဲမှာကကိုယ့်ချစ်သူကောင်မလေးသာဆိုရင် ပိုလို့တောင် အချစ်ကြီးကြပါသေးတယ်။ အချစ်ကြီးတယ်ဆိုတာထက်ကို လိုလေသည့်မရှိအောင်ဂရုစိုက်တတ်တာ ကိုကြီးတွေပါ။ တစ်ခုခု လိုချင်တယ်လို့ပြောမိရင် ချက်ချင်းမဟုတ်ရင်တောင် မကြာခင်ဖြည့်ဆည်းပေးတတ်တာ ကိုကြီးတွေပါ။

() ဆုံးမသွန်သင်တတ်လို့

null

 

ယောကျ်ားလေးတွေအများစုက သူတို့ ရဲ့ ဆုံးမသွန်မသင်မှုကို ခံယူတတ်တဲ့သူမျိုးကိုသာ သဘောကျတတ်ကြသူပါ။ ဆုံးမသွန်သင်လို့နာခံရင်လည်းသိပ်ချစ်တတ်ကြသလို ဆုံးမလို့မရရင်လည်း ရတဲ့အထိစိတ်ရှည်သည်းခံပေးတတ်ကြတာ ကိုကြီးတွေရဲ့သဘာဝပါနော်။

() သစ္စာရှိတတ်ကြလို့

null

သူတို့ထက်ငယ်တဲ့ ကောင်မလေးတွေကိုပိုင်ဆိုင်ထားရလို့ ပိုပြီးလို့တောင် သစ္စာရှိတတ်ပါသေးတယ်။ တစ်ခြားကောင်မလေးတွေကိုမြင်ရင်တောင် သူတို့ ကောင်မလေးတွေလောက်ချစ်စရာမကောင်းဘူးဆိုတဲ့စိတ်က သူတို့ရဲ့ခံစားချက်တွေထဲမှာ ကိန်းအောင်နေတတ်ကြသူတွေပါ။

() ဘဝရဲ့နောင်ရေးအတွက်လုံခြုံရလို့

null

ဦးနှောက်နဲ့တွက်ချက်ရမယ်ဆိုရင်လည်းကိုကြီးတွေက ပိုပြီး စီးပွားရှာနိုင်တဲ့အရွယ်ဖြစ်တာမလို့ အနည်းဆုံးတော့ဝမ်းဝခါးလှအောင် ထားပေးနိုင်မှာ အသေချာပါပဲနော်...

 

ကဲ... အခုကစပြီးကိုယ်ပိုင်ဆိုင်ထားတဲ့ကိုကြီးတွေကို ပိုပြီးတန်ဖိုးထားချစ်ပေးကြပါနော်...

Read More
Loading...
Loading...