ဒေါသဖြစ်တဲ့ချိန်စိတ်ထဲပါမပါထပြောလိုက်ပြီး ခဏကြာအသိဝင်လာမှဝမ်းနည်းသွားတတ်တဲ့သူတွေရှိလား?
တစ်ခုခုဆိုရင်ပေါက်ကွဲလွယ်ပြီး ပြောချင်ရာကိုတစ်ဖက်သားနာအောင်ပစ်ပစ်နှစ်နှစ်ပြောပြီးကာမှ ငါမှားသွားပါလား... သူတော့စိတ်မကောင်းဖြစ်နေတော့မှာပဲဆိုတဲ့အတွေးမျိုးနဲ့အမြဲလိုလို တိုင်ပတ်နေတတ်ပြီး ငါပြောလိုက်လို့ သူများခံစားသွားရသလားဆိုတဲ့ စိတ်နဲ့ တနင့်နင့် ခံစားနေရပေမယ့် ပြန်လည်းမချော့ချင် စိတ်လည်းမကောင်းဖြစ်တတ်တဲ့ ဒီလို လူတွေရှိပါတယ်။
တစ်ချို့ကမပြောခင်တည်းက စဉ်းစားပြောပြီးကိုယ်ပြောလိုက်တာကို ဘယ်တော့မှ နောင်တမရတတ်ကြပါဘူး ။ ဒီလိုလူမျိုးတွေအများစုက သွေးအေးတဲ့လူများဖြစ်တတ်ကြပြီးတစ်ခုခုဆိုရင် စွန့်လွှတ်ဖို့ ဥပေက္ခာပြုဖို့ အဆင်သင့်ဖြစ်နေတတ်ကြသူတွေပါ။ ရှင်းရှင်းပြောရရင်တော့အသည်းမာတဲ့ နှလုံးသား ပိုင်ရှင်တွေပေါ့…
ဒီလို အသည်းမာတဲ့ သူတွေကတော့ ပြောချင်တာ ပြော စိတ်ထဲမထားတော့ပဲ စိတ်ပေါ့သွားတတ်တာမလို့ သူတို့ကတော့ ခံစားရမှာမဟုတ်ပါဘူး။ ဒါပေမယ့်ဒီလိုမဟုတ်ပဲ ပြောချင်တာ ပြော လုပ်ချင်တာလုပ်ပြီး နည်နည်းကြာမှ ငါလွန်များသွားလားဆိုတဲ့စိတ်နဲ့ ပူပန်သောကများတဲ့သူတွေဟာ နှလုံးသားနူးညံ့ပြီးပိုပြီးချစ်တတ်ကြတဲ့သူတွေပါ။ မိဘနဲ့ပဲရန်ဖြစ်ဖြစ် ချစ်သူရည်းစားနဲ့ပဲ စကားများများ အနိုင်လိုစိတ်နဲ့သွေးပူတုန်းမှာတော့တစ်ဖက်သားထိရှမဲ့စကားလုံးတွေကို ရွေးပြောခဲ့ပါတယ်။ ဒါပေမယ့်ဒါက ကိုယ်ချစ်ရတဲ့အရာကို ကိုယ့်နားကထွက်သွားမလားဆိုတဲ့စမ်းသပ်ချင်တဲ့စိတ်ရယ်၊ ကိုယ့်ဘက်ကစကားလေးနဲ့အနိုင်ယူရမှကျေနပ်တတ်တဲ့တဒင်္ဂစိတ်ရယ်ကြောင့်ပါ။
ပြောရရင် တော့ သိပ်ကို ကလေးဆန်ပြီး ဆိုးချင်တဲ့အချစ်ဆိုးလေးဆိုးချင်တဲ့ သူတွေရဲ့ အကျင့်ပေါ့။ ချစ်ပေမယ့်လည်း နာအောင်ပြောချင်တဲ့ သူတို့ရဲ့ ကလေးဆန်တဲ့အတ္တ စိတ်က တစ်ခါတစ်လေ သူတို့ကို ပိုပြီးထိခိုက်နာကျင်စေပါတယ်။
သွေးပူနေတုန်းသာ ပြောရက်ဆိုရက်နဲ့စကားနဲ့အနိုင်ပိုင်းတတ်ကြပင်မဲ့ တကယ်တမ်း တော့ ကိုယ်ရန်တွေ့ပြောဆိုလိုက်တဲ့ချစ်ခင်သူတွေကို လုံးဝကိုစွန့်မပစ်နိုင်ကြတာပါပဲ။
နောက်တစ်ခုက သူတို့ဒီလိုပြောလိုက်မိလို့သူတို့နားကထွက်သွားမှာကို အင်မတန်ကြောက်ကြတာလဲသူတို့ပါပဲ။
ပါးစပ်ကသာ အနိုင်ပိုင်းချင်ပိုင်းမယ် ဘဝထဲမှာတော့သူတို့ကအရှုံးသမားပါ။ တော်ရုံလူကိုအနိုင်ပိုင်းစကားမပြောဖြစ်ပင်မဲ့ ကိုယ်ချစ်တဲ့သူတွေနဲ့အချေတင်ပြောရင်းနဲ့တော့အနိုင်ပိုင်းသလိုတွေဖြစ်သွားတတ်ပါတယ်။
ဒါကြောင့်ကိုယ့်ချစ်သူ ကိုယ့် မိသားစု ကိုယ်ချစ်ခင်ရသူတစ်ယောက်ယောက်ဆီကနေစကားနဲ့အနိုင်ပိုင်းပြောဆိုတတ်တဲ့သူရှိတဲ့အခါသူတို့ကို မမုန်းလိုက်ပါနဲ့။
ခဏတာ သင့်အပေါ်စိတ်လိုက်မာန်ပါ ပြောချင်ပြောမိမယ် သင့်ကို တော့တစ်သတ်လုံးစွန့်လွှတ်နိုင်မှာမဟုတ်ပါဘူး။
ကိုယ်ဒီလိုအပြောခံရတာမကြိုက်ဘူးဆိုတာ ကိုသူ့ကို ပြောပြ ပြီးတစ်ယောက်နဲ့တစ်ယောက်နားလည်မှုယူလိုက်ကြမယ်ဆိုရင် ဘယ်လိုပတ်သတ်မှုမျိုးမှာပဲဖြစ်ဖြစ် တစ်ယောက်ကို တစ်ယောက်စိတ်နာကျင်အောင်မလုပ်မိတော့ပါဘူး။
နောက်ပြီး သူတို့ရဲ့ ဒီလို စိတ်က သူတစ်ပါးအပေါ် ဘယ်လောက်ထိခိုက်ကြောင်းနဲ့ သူတို့ကိုယ်တိုင်လည်းဘယ်လောက်ပူလောင်ကြောင်းသိအောင် ပြောပြပေးပြီးမေတ္တာနဲ့ သာလမ်းညွှန်ပြပေးရင်း ချစ်တဲ့သူတိုင်းအဆင်ပြေကြပါစေနော်...
Source from healthy relationship
Photos credit from google