လူတစ်ယောက်ရဲ့ ချစ်ခြင်းကို ခံစားမိတဲ့အခါ စိတ်က အလိုလို နွေးထွေးလာသလို တစ်စုံတစ်ယောက်က ကိုယ့်ကို မချစ်တော့ဘူးဆိုတာ ကလည်း ပြောပြစရာမလိုအောင်တစ်ချို့အပြုအမူတွေကနေတစ်ဆင့် ခံစားမိမှာပါ။ တွေ့ဆုံကြုံကွဲ လူ့ဘ၀ကြီးမှာ ဒီလူတစ်ယောက်က တစ်သတ်လုံးကိုယ့်ကို ချစ်သွားမယ်ဆိုတာ တစ်ထစ်ကျ ယုံကြည်ထားလို့မရသလို တကယ်တမ်း သူ့ဘက်က ကိုယ့်ကို မလိုလားတော့တဲ့အခါလွှတ်ပေးနိုင်ဖို့ အတိုင်းတာတစ်ခုအထိ စိတ်ကို ပြင်ဆင်ထားဖို့လိုပါတယ်။
လက်ရှိ ကိုယ့်နားမှာ ရှိနေတဲ့ ကိုယ့်ရဲ့လက်တွဲဖော်က ကိုယ့်အပေါ်မှာ မေတ္တာမရှိတော့ဘူးလး? ကိုယ့်ကို မချစ်တော့ဘူးလား? ဆိုတာကို တစ်ချို့သော အပြုမူလေးတွေကနေခန့်မှန်းလို့ရနိုင်တာမလို့ ဘယ်လိုအပြုမူတွေလဲဆိုတာ ဆက်ဖတ်ကြည့်ရအောင်နော်...
(၁) ကိုယ်ဘာလုပ်လုပ် အကောင်းမမြင်ဘူး
ကိုယ့်ကို မချစ်တော့တဲ့သူတစ်ယောက်ဟာ ကိုယ်သူ့အပေါ် ဘယ်လောက်ပဲ ကောင်းနေပါစေ ဘာလုပ်လုပ် အကောင်းမမြင်ပဲ အပြစ်ပဲ မြင်လာတတ်ပါတယ်။ ရွဲ့တာ၊ ခနဲ့တာတွေနဲ့အစချီပြီး အဆုံးသတ်မှာ
ကိုယ့်အမှားဆိုတဲ့ ပုံစံမျိုး အချိုးနဲ့ စိတ်ဒုက္ခပေးလာတတ်ကြပါတယ်။
(၂) ကိုယ့်အပြုမူတိုင်းက သူ့အတွက်စိတ်ရှုပ်စရာဖြစ်လာမယ်
ကိုယ့်ဘာသာ ပုံမှန်အတိုင်းနေတာတောင် သူ့အမြင်မှာ စိတ်ရှုပ်စရာဖြစ်နေတတ်တာပါ။ ကိုယ်ပြောသမျှစကားတိုင်းက သူ့အတွက် အာရုံနောက်စရာဖြစ်နေတတ်ပြီး စခြင်းနောက်ခြင်း တောင်မရှိပဲ
တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်ဝေး ကွာသွားသလို ခံစားရပါလိမ့်မယ်။
(၃) နီးနီးကပ်ကပ် မနေချင်တော့ဘူး
ချစ်သူစုံတွဲတိုင်းက တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ်ရှိချင်ကြတာသဘာ၀ပါ။ ဘယ်လောက်ပဲ စည်းစောင့်သူဖြစ်ပါစေဉီးတော့ စိတ်ကတော့ အတူတူရှိနေရရင် ကြည်နူးနေတတ်ကြပါတယ်။
ဒီလိုမှမဟုတ်ပဲ ကိုယ်နဲ့ အနေနီးရမှာ၊ ကိုယ့်နားကပ်ရမှာ၊ ကိုယ်နဲ့တွေ့ရမှာ မလိုလားဘူးဆိုရင်တော့ သေချာပါတယ် မင်းကို သူမချစ်တော့ပါဘူး။
(၄) ပွဲထုတ်ရမှာကြောက်လာတယ်
လူတိုင်းက ကိုယ့်ဘ၀အတွက်အရေးပါတဲ့သူကို ပွဲထုတ်ချင်တတ်ကြပါတယ်။ သူ့အသိုင်းကြား သူ့မိသားစုကြား၊ သူ့အပေါင်းသင်းကြားမှာ မင်းဆိုတဲ့ ဖြစ်တည်မှုကို ချပြဖို့ ခြေတုံ ချတုံ ဖြစ်နေတယ်
ဆိုရင်တော့ သေချာပါတယ် မင်းကသူ့အတွက်အရေးမပါပါဘူး။
(၅) သူ့ဘ၀ရဲ့ အနာဂတ်လမ်းခရီးမှာ ကိုယ်မပါဘူး
လူတစ်ယောက်ဟာ သူ့ရဲ့ ဘ၀ခရီး ရည်မှန်းချက်တိုင်းမှာ သူချစ်တဲ့သူတစ်ယောက်အတွက် နေရာတစ်နေရာစာထည့်သွင်းစဉ်းစားလေ့ရှိပါတယ်။ တကယ်လို့ ဒီလူက သူ့ဘ၀ရဲ့ ရှေ့ဆက်လျှောက်မယ့် ခရီးလမ်းမှာမင်းနဲ့အတူတူလျှောက်လှမ်းချင်စိတ်မရှိဘူး၊ ရည်ရွယ်ထားတာ မရှိဘူး ဆိုရင်တော့ စောစောလမ်းခွဲလိုက်တာ အကောင်းဆုံးပါပဲ။
တကယ်လို့ မင်းရဲ့ လက်ရှိလက်တွဲဖော်က မင်းအပေါ်မှာ အပေါ်က အချက်တွေတိုင်း ဆက်ဆံနေပြီဆိုရင်တော့ သူနဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုပြီး ဒီထက်ပို မနာကျင်ခင်မှာ အေးအေးဆေးဆေး လမ်းခွဲ ပြတ်ဆဲလိုက်ပါနော်။ မင်းက သူ့အပေါ် သံယောဇဉ်မပြတ်နိုင်လို့ ကိုယ့်ကိုယ်ကိုယ် လိမ်ပြီး"သူငါ့အပေါ် တစ်နေ့ချစ်လာမှာပါ" ဆိုတဲ့စိတ်နဲ့ စောင့်နေဉီးမယ်ဆိုရင်တော့ကြာလေ နာကျင်ရလေ ဖြစ်မှာပါပဲ။ ကိုယ့်ကို မေတ္တာမရှိနိုင်တော့တဲ့သူတစ်ယောက်နားမှာ တွယ်နေမယ့်အစား တွယ်ရာမဲ့တဲ့ တစ်ယောက်တည်း ဘ၀က အထီးကျန်ရရင်တောင်နာကျင်မှုနည်းပါလိမ့်မယ်။
ကိုယ့်အပေါ် စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ မပေးနိုင်သေးသ၍ ကိုယ့်ဘက်က ရင်းဘတ်ကြီးတစ်ခုလုံး ရင်းပေးစရာမလိုပါဘူးနော်... ချစ်တတ်တဲ့သူတိုင်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာကိုပိုင်ဆိုင်နိုင်ကြပါစေ။
Source from The Daily Spice
Photos credit from Vocal Media