ကိုယ်တစ်ဖက်သတ်ချစ်ရတဲ့သူကို ဘယ်လောက်ချစ်ကြောင်းပြသဖို့ဆိုတာ နည်းလမ်းပေါင်းများစွာရှိပေမယ့် တစ်ခါတစ်ရံမှာ ကိုယ်ကသူ့ကိုဘယ်လောက်တန်ဖိုးထားကြောင်း ဖွဲ့နွဲ့ပြောဆိုဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဖွင့်ပြောတယ်ဆိုတာ အသိပေးရုံ သက်သက်တော့မဟုတ်ပါဘူး။ ချစ်ခွင့်လေးလည်းပန်ရတာပေါ့။ ကိုယ်ကအပြောကောင်းရင် ဘယ်လောက်မာနကြီးတဲ့ မိန်းကလေးတစ်ယောက်ဖြစ်နေပါစေ ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ နှလုံးသားကို စကားလုံးလှလှလေးတွေနဲ့ ထိုးဖောက်ဝင်ရောက်နိုင်ပါတယ်။
သူအဲ့နေ့က ဝတ်ထားတဲ့ စတိုင်၊ အင်္ကျီ အရောင် စတာလေးတွေ ပြောလို့ရပါတယ်။ (အဲ့ဒီနေ့က ကိုယ်ရဲ့ရင်ခွင်တစ်ခုလုံး ဘယ်လိုဖြစ်သွားတယ်ပေါ့။ )
သူမှာ ပျော်ပျော်နေတတ်တဲ့ အကျင့်လေးတွေရှိတယ် ဒါမှမဟုတ် ကလေးဆန်တဲ့ အမူအရာလေးတွေရှိတယ်ဆိုရင် ကိုယ်ကြိုက်နှစ်သက်တဲ့ သူ့ရဲ့ အပြောအဆို အပြုအမူလေးတွေပါအောင်ရေးပါ။
ဘယ်တုန်းက စချစ်လဲဆိုတာ မိန်းကလေးတိုင်းက သိချင်ကြပါတယ်။ ဒါပေမယ့် ကိုယ်ကရိုးရိုးကြီးပြောရင် မိန်းကလေးတွေက ရင်မခုန်ပါဘူး။ အတွေ့အမြင်များရာကနေ သံယောဇဉ်တွယ်ပြီး ရင်ထဲမှာ အချစ်ဆိုတာ တစ်စတစ်စ ဖြစ်လာတယ်လို့ ဒီလိုမျိုး ရိုမန်တစ်ဆန်တာလေးတွေ ပြောပါ။ မြင်မြင်ချင်း ချစ်မိသွားတယ်လို့ ရိုးရိုးကြီးမပြောပါနဲ့။
စာပြန်ဖို့ကိုယ်ကမပြောခဲ့ဘူးဆိုရင် ကိုယ့်စာက သူ့အတွက် Heart ထိတဲ့ စာမျိုးဖြစ်ခဲ့မယ် ဆိုရင်တောင်မှ မိန်းကလေးဆိုတဲ့ မာနကြောင့် သူ့ဘက်က စာပြန်ဖို့ အနည်းငယ်အခက်အခဲရှိလာနိုင်ပါတယ်။ သူနဲ့ပြောတဲ့အခါမျိုးမှာ သူ့ဆီက စာပြန်လာနိုင်အောင် မေးခွန်းလေးတွေ မေးပါ။
မိန်းကလေးတစ်ယောက်ကို နာမည်အရင်းလိုက်ကြီးသွားခေါ်ရင် သူစိမ်းဆန်သလို ရင်လဲခုန်စေမှာမဟုတ်ပါဘူး။ ဒါကြောင့် နာမည်လေးကို အဖျားစွတ်ခေါ်တာပဲ ဖြစ်ဖြစ် ညီမလေးဆိုလည်း ညီမလေးလို့ စတဲ့ လှပတဲ့ နာမ်စားလေးတွေ သုံးသင့်ပါတယ်။
သင်က သင်တစ်ဖက်သက် ကြိတ်ကြွေနေရတဲ့ကောင်မလေးကို ဖွင့်မပြောရဲဘဲ လူပျိုသိုးကြီးဘဝနဲ့ နေနေရတယ်ဆိုရင်တော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အချက် (၅) ချက်အတိုင်း လုပ်လိုက်ပြီး ချစ်ရတဲ့သူကို အမြန်ဆုံးဖွင့်ပြောလိုက်တော့နော်……
Source: BrightSide
PhotoCredit : Google.com