လူတစ်ယောက်အတွက်စစ်မှန်တဲ့ လက်တွဲဖော်ဆိုတာ လက်ရှိတွဲနေတဲ့ ချစ်သူရည်းစားလည်းဖြစ်ချင်မှဖြစ်မှာပါနော်... လူတစ်ယောက်ကို အများကြီးချစ်လို့ရပေမယ့် တစ်ဘဝလုံးသူသာကိုယ့်ရဲ့ လက်တွဲဖော်လို့တော့ အချိန်ခဏလေးနဲ့တင်သတ်မှတ်လို့မရပါဘူး။
စစ်မှန်တဲ့ ဘဝလက်တွဲဖော်ဆိုတာ ရင်ခုန်လို့ တွဲတဲ့ ချစ်သူရည်းစားမျိုးဆိုတာထက် ကိုယ့်ဘဝအတွက် စိတ်ချရတဲ့သူ၊ လုံခြုံနွေးထွေးမှုအပြည့်ပေးနိုင်တဲ့သူ အရှင်းဆုံးပြောရရင် ကိုယ်နောက်လှည့်မကြည့်ရင်တောင် ကိုယ့်အပေါ်သစ္စာရှိရှိနဲ့ တည်ငြိမ်စွာ ချစ်ပေးသွားနိုင်မယ့်သူမျိုးပါ။ နားလည်မှုလည်းရှိရမယ်၊ တစ်ခါတလေရန်ဖြစ်ရင်တောင်ပြတ်မယ်ဆိုတဲ့ အခြေအနေကို တွေးတောင်မကြည့်ဖူးတဲ့ အချစ်ရေးမျိုးလို့ဆိုရမှာပေါ့...
ဒါဆို ဘယ်လိုအချိန်မှာ စစ်မှန်တဲ့ လူနဲ့ ဆုံတွေ့နိုင်ကြသလဲ?...
(၁) နွေးထွေးလုံခြုံတယ်လို့ ခံစားလာရတဲ့အချိန်
လူတိုင်းက ကိုယ့်ကိုယ်ကိုကလွဲရင်း ဘယ်သူ့ကိုမှအပြည့်အဝယုံကြည်လေ့မရှိတတ်ကြပါဘူး။ ရှင်းရှင်းပြောရရင်တစ်ယောက်တည်းနေရင်းလေလည်ချင်လည်မယ် ၊ တစ်စိမ်းတစ်ယောက်နဲ့အတူတူနေတဲ့အိမ်ထဲမှာလေလည်ဖို့ဆိုရင်ဝန်လေးတတ်ကြပါတယ်။ ဒါကတော့အကြမ်းဆုံးနမူနာပေးတာပါ... ဒီလိုပါပဲ ကိုယ့်စိတ်က ဒီလူနဲ့စကားပြောရင် ယုံကြည်မှုရှိနေမယ်၊ခွန်အားတွေပြည့်နေမယ်၊ ကိုယ်ဘာပြောပြောသူနားလည်လက်ခံပေးနိုင်တာကို ခံစားမိနေမယ်၊ဒါဆိုရင်တော့ သူကသင့်အတွက် လုံခြုံစိတ်ချစွာ နားခိုနိုင်တဲ့ ရင်ခွင်တစ်စုံဖြစ်နေမှာပါ။ သူ့ဘက်ကလည်းသင့်ကိုဒီလိုသဘောထားပဲဆိုရင်တော့ ဒါဟာသင့်အတွက်စစ်မှန်တဲ့အချိန်ကိုရောက်လာတာပါပဲ။
(၂) သက်လတ်ပိုင်းအရွယ်ရောက်တဲ့အချိန်
သက်လတ်ပိုင်းအရွယ်ရောက်လာတဲ့အချိန်မှာ လူတော်တော်များများက ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ ဘယ်အရာမဆိုယုံကြည်ချက်ရှိရှိလုပ်ဆောင်နိုင်ပါပြီ။ ဒီလိုအချိန်မှာ ချစ်သူရည်းစားထားမယ်ဆိုရင် ဦးနှောက်ရော နှလုံးသားရောနဲ့ပါ စဉ်းစားဆုံးဖြတ်မယ့်အရွယ်မလို့ ဒီအရွယ်က ရွေးချယ်မှုမှန်ကန်နိုင်တယ်လို့ဆိုရမှာပါပဲ။
(၃) အခက်ခဲတွေကို အတူတူရင်ဆိုင်ပြီးလာတဲ့အချိန်
လူတွေဟာ ကောင်းတဲ့အချိန်မှာအတူတူရှိပေးနေတဲ့သူထက် လိုအပ်တဲ့အချိန်ကိုယ့်အနားမှာရှိပေးတဲ့သူကိုပိုပြီးစွမ်းလမ်းတတ်ကြပါတယ်။ မှန်ပါတယ်... လူတစ်ယောက်ရဲ့ဒုက္ခတွေ အခက်ခဲတွေကို အတူတူခါးစည်းခံပေးဖို့ဆိုတာလွယ်မှမလွယ်ကူတာပဲ။ ဒီလို ကိုယ့်ရဲ့အပူတွေမျှဝေခံစားပေးတတ်ပြီး ကောင်းရာကောင်းကြောင်းကို ညွှန်ပြတတ်တဲ့သူနဲ့တွေ့ဆုံနေပြီဆိုရင် သင်ဟာ စစ်မှန်တဲ့ ဖူးစာရှင်နဲ့ တွေ့ဆုံနေပြီလို့ဆိုလို့ရပါတယ်နော်...
ကဲ... ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ သင်ရော စစ်မှန်တဲ့ ဖူးစာရှင်နဲ့ တွေ့ဆုံနေပြီလား ဆိုတာ ပြန်စဉ်းစားကြည့်နော်...
Source from Own creation
Photo credit from google