ကိုယ့်ထက်အသက်ငယ်တဲ့သူကို ချစ်မိတဲ့မိန်းကလေးတွေ သိထားရမယ့်အချက် - TrueID

ကိုယ့်ထက်အသက်ငယ်တဲ့သူကို ချစ်မိတဲ့မိန်းကလေးတွေ သိထားရမယ့်အချက်

January 11, 2023

အချစ်ဆိုတာ ကြီးတယ်ငယ်တယ် ပိန်တယ်ဝတယ် ဆိုတဲ့ပညက်ချက်တွေကို မေ့ထားပြီး ချစ်ပစ်လိုက်မယ်ဆိုရင် အဆင်ပြေပေမယ့် သမီးရည်းစားဘဝကနေ အိမ်ထောင်ရက်သားကျလာတဲ့အခါမှာတော့ အမြဲတမ်းကြီး ချစ်ပဲချစ်နေရုံနဲ့တင် အိမ်ထောင်တစ်ခုက မသာယာနိုင်ပါဘူး။

null

အထူးသဖြင့် အသက်ရွယ်ကွာခြားမှုရှိတဲ့အချစ်ရေးတွေမှာ သတိထားရမှာတစ်ခုက နားလည်မှုနဲ့ ခံယူချက်တွေ Level တူနေဖို့ပါပဲ ..

ငယ်တဲ့ကောင်လေးတွေနဲ့ တွဲနေတဲ့မိန်းကလေးတွေဟာ သိပ်ပြီးအချစ်ခံရတတ်သလို သိပ်ကိုကံကောင်းတဲ့အမျိုးသမီးတွေလို့ ပြောလို့ရပါတယ်။

null

ဒါပေမယ့် တစ်ခုသတိထားရမှာက အမျိုးသားက ငယ်နေတဲ့အခါ ကြုံလာနိုင်တဲ့ပြဿနာလေးတွေရှိလာနိုင်ပါတယ်။ ဒါတွေကို သာ အကောင်းဆုံး သတိထားပြီးနေနိုင်မယ်ဆိုရင် သိပ်ကိုပျော်ရွှင်သာယာစရာကောင်းတဲ့ အချစ်ရေးလေးကိုပိုင်ဆိုင်ရမှာပါနော်

(၁) ပတ်ဝန်းကျင်က တိုက်ခိုက်မှုတွေကို ဥပေက္ခာပြုထားပါ ..

အသက်ကြီးတဲ့မိန်းကလေးကို ကောင်လေးငယ်ငယ်လေးနဲ့တွဲရင် ပတ်ဝန်းကျင်က ထိသလိုလို ရွဲ့သလိုလို လုပ်တတ်ကြပါတယ်။ နှစ်ယောက်လုံးချစ်နေဖို့က အဓိကမလို့ ဂရုမစိုက်ပါနဲ့နော်

៤កំហុស​ ដែលមនុស្សស្រីពិបាកនឹងលើកលែងឱ្យ

(၂)  နားလည်မှုနဲ့ခံယူချက်တွေကို အတိုင်းတာတစ်ခုထိညီအောင်ထားပါ

အသက်ငယ်တဲ့သူကို ချစ်မိတဲ့အတွက် တချို့အရာတွေမှာ သူနဲ့ကိုယ်နဲ့ idea မတူတာတွေ အတွေးမတူတာတွေဖြစ်နိုင်ပါတယ်။ ဒါတွေကို အတိုင်းတာတစ်ခုအထိ နားလည်မှုရှိနေဖို့လိုပါတယ်။

(၃) သူ့ကိုချည်းပေးမဆိုးပါနဲ့

လူ့သဘာဝက ဆိုးလို့ရတဲ့သူဆို ဆိုးချင်ပါတယ်။ ကိုယ်က အကြီးပဲဆိုပြီး အရာရာ ဦးစားပေးရာကနေ အကျင့်ပါပြီး ကိုယ် သည်းမခံနိုင်တဲ့အချိန်မျိုးမှာ ကိုယ်သူ့အပေါ်ပြောင်းလဲသွားပြီလားလို့ သံသယဝင်တာ ခံရနိုင်ပါတယ်။

(၄) လူရောစိတ်ပါ တက်တက်ကြွကြွနေပါ

null

ကိုယ်ကအသက်ပိုကြီးနေတယ်ဆိုရင်တောင် မိန်းကလေးဖြစ်တာမလို့ တက်တက်ကြွကြွနဲ့လန်းလန်းဆန်းဆန်းနေဖို့လိုပါတယ်။ ဘယ်လိုနေနေ ကိုယ့်ကောင်လေးက ချစ်တယ်ဆိုပေမယ့် လှနေတဲ့အခါကိုယ့်ကိုကိုယ်လည်းယုံကြည်မှုပိုတိုးစေပါတယ်နော်...

null

null

ကဲ အခုကစပြီး အရမ်းချစ်ခံရတဲ့ မောင်လေးရဲ့မမ အဖြစ်နဲ့ အချစ်ရေးမှာသာယာပျော်ရွှင်နိုင်ပါစေနော်

Source from sl(own creation)

Photos credit from google

Read More
Loading...
Loading...