သမီးရည်းစားတွေ စပြီး ချစ်ကြ ကြိုက်ကြတဲ့ အချိန်က ကြည်နူးမှုအပြည့်နဲ့ ပျော်ရွှင်စရာတွေပဲ ကြုံတွေ့ရတဲ့ အခိုက်အတန့်လေးပါ။ ဒါပေမယ့် အချိန်တွေ ကြာလာပြီဆိုတာနဲ့ အမျှ ပြဿနာတွေရှိလာပြီး အဆင်မပြေတာတွေ ဖြစ်လာတတ်ပါတယ်။ အချစ်ရေးတစ်ခုမှာ မိန်းကလေးတစ်ယောက်ရဲ့ တစ်ချိုအပြုအမူလေးတွေက သူ့ရဲ့ချစ်သူကို အကြီးအကျယ်စိတ်ပျက်သွား စေနိုင်ပါတယ်။ အသေးအဖွဲလို့ ထင်ရပေမယ့် ပြသနာတွေ ဖြစ်လာနိုင်တဲ့အတွက် ဒီအရာတွေကို ဆင်ခြင်သင့်ပါတယ်နော်။
အမြဲ နားလည်ပေးခြင်း။
သင်က ချစ်လို့ အမြဲ နားလည်ပေးနေမယ်ဆိုရင်တော့ တစ်ဖက်လူက သင့်ကို ဘယ်လို အနိုင်ကျင့်ရမလဲဆိုတာ သိသွားပါပြီ။ တစ်ဖက်လူက သင်ဘာမှ မပြောရင် နားမလည်နိုင်ပါဘူး။ ဒါကြောင့် ပွင့်ပွင့်လင်းလင်းပြောပါ။ အားနာပြီး နားလည်ပေးနေတာမျိုး မဖြစ်ပါစေနဲ့။
အတိတ်ကအကြောင်းတွေကို ပြန်ပြန်ပြောခြင်း။
ပြီးခဲ့တာကို ထားခဲ့လိုက်ပါ။ သင့်လက်ရှိ ချစ်သူရှေ့မှာ သင့်ရည်းစားဟောင်းအကြောင်း ပြောခြင်းဟာ ရိုင်းပျတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ လက်ရှိချစ်သူကို အတိတ်က ချစ်သူနဲ့ အမြဲခိုင်းနှိုင်းပြီး ပြောဆိုနေမယ်ဆိုရင် လက်ရှိချစ်သူကလည်း သူတို့ကိုသူတို ယုံကြည်မှုကင်းမဲ့ပြီး သင်တို နှစ်ယောက်ကြား ပြဿနာတွေ ပိုများလာနိုင်ပါတယ်။ သင့်ဖက်က လိုက်ပြီး နှိုင်းယှဉ်တာတွေ များလာလို သင့်လက်ရှိချစ်သူက သင့်ကို ထားခဲ့ရင် သင့်အပြစ်ပါပဲ။
ကိုယ်ဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်း မပြောခြင်း။
မိန်းကလေးတော်တော်များများက "ငါ့ချစ်သူက ငါ့ကို တကယ်ချစ်ရင် ငါလိုချင်တာကို အလိုလိုသိမှာပဲ” ဆိုတဲ့ အတွေးမျိုး ရှိတတ်ပါတယ်။ သူလည်းလူ သင်လည်းလူမလို သင့်စိတ်ကို သိနိုင်ဖိုဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ကိုယ်လိုချင်တာ၊ ကိုယ်ဖြစ်ချင်တာတွေကို ပွင့်ပွင့်လင်းလင်း ပြောဖိုလိုအပ်ပါတယ်။
အဆင်ပြေတယ်ပြောပြီး စိတ်ဆိုးမပြေခြင်း။
ရန်ဖြစ်တာပဲဖြစ်ဖြစ်၊ အကြောင်းတစ်ခုခုကြောင့် သင်စိတ်ခုသွားတဲ့ အခါမျိုးမှာ သေချာပွင့်ပွင့်လင်းလင်း စိတ်ဆိုးရတဲ့ အကြောင်းရင်းကို ပြောသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ အဆင်ပြေတယ်ပြောပြီး သူ့ကို ကောင်းကောင်းမဆက်ဆံတာတို့၊ ရွဲတာတို့ လုပ်နေရင်တော့ အချိန်ကြာသွားရင် သူတော်တော် စိတ်ပျက်သွားမှာပါ။
သူ့ရဲ့မိန်းကလေးသူငယ်ချင်းတွေနဲ့သဝန်တိုခြင်း။
သင့်ချစ်သူမှာ မိန်းကလေးသူငယ်ချင်းတွေ ရှိနေနိုင်ပါတယ်။ သူတို့ဟာ သင့်ပြိုင်ဖက်တွေ မဟုတ်သလို သူတို့ရဲ့ခြေလှမ်းတိုင်းကို သင်စောင့်ကြည့်နေဖို့လည်း မလိုပါဘူး။ တကယ်လို့ မရိုးသားတဲ့ အရိပ်အယောင် တွေ့ခဲ့ရင်လည်း ပွင့်ပွင့်လင်းလင်းမေးလိုက်ပါ။ ဒီလိုမဟုတ်ပဲ သူ့ဘေးမှာ ဘယ်မိန်းကလေးကိုမှ မရှိစေချင်တာမျိုး ဆိုရင်တော့ လုံးဝအဓိပ္ပါယ်မရှိပါဘူးနော်။ အချုပ်အနှောင်တွေများတဲ့ အချစ်ရေးတစ်ခုဟာ မတည်မြဲနိုင်ပါဘူး။
ချစ်သူကောင်လေး အများစုက သူတို့ရဲ့ ကောင်မလေးတွေကို ချစ်လွန်းလို့ကိစ္စတော်တော် များများမှာ ဘာမှမပြောပဲ ပြုံးပြုံးလေး တိတ်ဆိတ်နေနေပေမယ့် သည်းမခံတဲ့ ကောင်လေးတွေ မျိုးနဲ့တွေ့ရင် မဖြစ်သင့်တာတွေ ဖြစ်တတ် ကြပါတယ်။ ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးနဲ့ အဆင်ပြေပြေလေး လက်တွဲ သွားချင်တယ်ဆိုရင်တော့ ဒီအချက်လေးတွေကို ရှောင်ရှားလိုက်ကြပါနော် …..
Photo Credit : Brightside & Google
Source : Brightside