မောင်လေးတွေကို ချစ်သူတော်ထားရရင်... - TrueID

မောင်လေးတွေကို ချစ်သူတော်ထားရရင်...

June 13, 2022

မောင်မောင်လေးတွေကို မှ အချစ်ကြီးချစ်မိတဲ့ မမတွေရှိလား?... ဒါဆိုရင်တော့ ဒီစာလေးက ယူတို့ဖတ်ဖို့အတွက်ဆိုတာသေချာပါတယ်နော်...

null

မောင်လေးတွေက တစ်ခါတစ်လေစိတ်ရှည်ချင်စရာမကောင်းပေမယ့်သူတို့ရဲ့ အချစ်က တစ်ခါတလေမှာ တစ်ခြားလူတွေနဲ့ လုံးဝမတူတဲ့အချစ်မျိုးနဲ့ချစ်တတ်ကြပါတယ်... တော်တော်များများက ကိုယ့်ထက်အသက်ကြီးတဲ့အမျိုးသားတွေကိုသာ သဘောကျတတ်ကြပေမယ့် တကယ်တမ်းတော့ ကိုကြီးတွေထက် အချစ်ကြီးတာက မောင်လေးတွေပါပဲ ...

ဆိုတော့ သင့်မှာကိုယ့်ထက်ငယ်တဲ့ချစ်သူကောင်လေးရှိနေပြီဆိုရင် သင်ဟာသိပ်ကိုကံကောင်းတဲ့မိန်းကလေးဖြစ်နိုင်ပါတယ်နော်...

ဘယ်လိုအချက်တွေက ကံကောင်းစေတာလဲဆိုတော့...

() ကိုယ့်အပေါ် ကလေးဆိုးလေးလို အမြဲသဝန်တိုနေတတ်မယ်

null

ငယ်တဲ့ကောင်လေးတွေက ကိုယ့်ချစ်သူနဲ့ ပတ်သတ်လာရင် သူများထက်ကိုပိုပြီးသဝန်တိုတတ်ကြပါတယ်... " ငါ့မမကိုမထိနဲ့" ဆိုတဲ့သူတို့စိတ်ထဲက သဝန်တိုစိတ်လေးက တစ်ခြားရွယ်တူယောကျ်ားလေးတွေထပ်ကို ပိုပြီးပြင်းထန်စေနိုင်ပါတယ်နော်

() တစ်ခုခုဆို ကိုယ်နဲ့တိုင်ပင်တတ်တယ်

null

ငယ်တဲ့ အမျိုးသားတွေက သူတို့ချစ်တဲ့မိန်းကလေးအပေါ်တစ်ခုခုဆို တိုင်ပင်တတ်တာ ဟာ ချစ်ဖို့ကောင်တဲ့အကျင့်လေးတစ်ခုပါ။ အသက်အရွယ်ကြီးတဲ့အမျိုးသားတွေကတော့ သူတို့ဘာသာပဲ ဆုံးဖြတ်လိုက်ကြပြီး ငယ်တဲ့သူတွေကတော့ တစ်ခုခုဆိုရင် ကိုယ်ချစ်ရသူနဲ့တိုင်ပင်တတ်တာကြောင့် ကောင်မလေးတွေအနေနဲ့လည်း ဦးစားပေးခံရသလို အလေးထားခံရသလိုfeeling မျိုးကို ခံစားရစေမှာပါ။

() ဘဝတက်လမ်းအတွက် အချိန်များများရှိတယ်

null

ငယ်တဲ့အမျိုးသားတွေက သူတို့ရဲ့အသက်အရွယ်နဲ့ ဘဝတက်လမ်းတွေအများကြီး အချိန်ပေးပြီး ရှာလို့ရသေးတာမလို့ နောင်ရေးအတွက်လည်းစိတ်အေးရစေတယ်လို့ ဆိုလို့ရပါတယ်။

() သစ္စာရှိတတ်ကြတယ်

null

ကိုယ့်ထက်အသက်ကြီးတဲ့မိန်းမကို ရထားလို့ အငယ်လေးတွေနဲ့ ဖောက်ပြန်တယ်ဆိုတာ ရုပ်ရှင်ထဲမှာပဲရှိပါတယ်နော်... တကယ်ချစ်တတ်တဲ့မောင်လေးတွေကိုသာရထားရင် သစ္စာဖောက်ခိုင်းရင်တောင် ဖောက်မယ့်ကောင်လေးတွေမဟုတ်ပါဘူး... သူတို့ရဲ့ စိတ်ထဲမှာ ကိုယ့်ထက်ကြီးတဲ့အမျိုးသမီးကို ချစ်ခွင့်ထားတာဟာကံအကောင်းဆုံးလို့ခံယူထားတတ်ပြီးသိပ်ကိုသံယောဇဉ်ကြီးတွယ်တာတတ်ကြပါတယ်...

null

ကဲ... ဒီစာလေးကိုဖတ်ပြီးပြီဆိုတော့ကိုယ့်ထက်ငယ်တဲ့ချစ်သူလေးကို တန်ဖိုးထားစိတ်ရှည်ပြီးချစ်ပေးကြပါနော်...

Source from own creation

photos credit from google

Read More
Loading...
Loading...