လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ စုံတွဲတိုင်းသိထားသင့်တဲ့အချက်(၅) ချက် - TrueID

လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့ စုံတွဲတိုင်းသိထားသင့်တဲ့အချက်(၅) ချက်

March 17, 2022

မင်းမှာလက်ထပ်ဖို့အထိရည်ရွယ်ထားပြီး ချစ်ရတဲ့သူရှိနေပြီလား? ဒါဆိုရင်တော့ ဒီနေ့ပြောပြမယ့် အချက်လေးတွေကို မင်းတို့နှစ်ယောက်လုံး သိထားပေးဖို့လိုပါတယ်နော်...

မိဘပေးစားလို့ယူရတာမျိုး မဟုတ်ပဲ ကိုယ်တိုင်ချစ်မြတ်နိုးတန်ဖိုးထားလို့ လက်ထပ်ပေါင်းသင်းကြတဲ့အခါ ချစ်နေရုံနဲ့ ပြီးတာပဲလို့ လူတော်တော်များများကတွေးတတ်ကြပေမယ့် တကယ်တမ်းထိမ်းမြားလက်ထပ်ခြင်းဟာ ထင်သလောက်မရိုးရှင်းပါဘူး ... ဒါကြောင့် ကိုယ်ချစ်မြတ်နိုးရတဲ့ တစ်စုံတစ်ယောက်နဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားတဲ့အခါ အခုပြောပြပေးမယ့်အချက်လေးတွေကို အရင်ဆုံး သိထားသင့်ပါတယ်နော်...

(၁) ကိုယ့်ချစ်သူရဲ့အနာဂတ်ရည်မှန်းချက်

null

null

ကိုယ်နဲ့တစ်ဘ၀လုံးလက်တွဲဖို့ ရည်ရွယ်ထားသူရဲ့ အနာဂတ်ရည်မှန်းချက်ကို သိထားဖို့လိုပါတယ်။ သူ့မှာရည်ရွယ်ချက်တစ်ခုမကရှိရင်တောင် သူပြောပြတဲ့အချိန်မှာလေးလေးနက်နက်နားထောင်ပေးပြီး သူ့ရဲ့ ရည်မှန်းချက်တွေထဲမှာ ကိုယ်ဘယ်လိုအားဖြည့်ကူညီပေးနိုင်သလဲဆိုတာ စဉ်းစားကြည့်လို့ရပါတယ်နော်... 

(၂) သူ့မိသားစုအကြောင်း

null

သူ့ကိုယူမှာပဲ သူ့မိသားစုကို ယူမှာမှမဟုတ်တာလို့ လူအများစုကပြောတတ်ကြပေမယ့် တကယ်တမ်း မိသားစု နှစ်ခုပေါင်းစပ်လာတဲ့အခါ ထင်သလောက်မလွယ်တော့ပါဘူး။မယူခင်တည်းက နှစ်ဖက်မိသားစုရဲ့ပုံစံ၊ နှစ်ဖက်မိသားစုရဲ့ အားနည်းချက်အားသာချက်တွေကို အချင်းချင်း‌ေ၀မျှထားပေးတာက တကယ်တမ်းလက်ထပ်ယူတဲ့အခါမှာ ပိုပြီးနားလည်မှုရှိစေမှာပါ။ ကိုယ့်ဘက်ကရော သူ့ဘက်ကပါ နှစ်ဖက်မိသားစုကြားလိုက်လျောညီထွေနေထိုင်တတ်ဖို့အတွက် မယူခင်ထဲက နားလည်မှုယူထားဖို့လိုပါမယ်နော်။

(၃) ငွေကို သုံးတဲ့ပုံစံ

null

လူတစ်ယောက်ရဲ့ ငွေကို သုံးတတ်တဲ့ပုံစံက သူ့ရဲ့ ပင်ကို စရိုက်၄၀%လောက်ကို ပြနေတတ်ပါတယ်။ ကိုယ့်လူက ငွေကို ရှာလည်းရှာ ဖြုန်းလည်းဖြုန်းတတ်တဲ့သူလား?

မရှာနိုင်ပဲ သုံးချင်တဲ့သူလား? ရှာပဲရှာပြီး မသုံးတတ်တဲ့သူလား? ဘယ်လိုနေရာတွေမှာ ငွေကို ပိုသုံးတတ်လဲ? ဆိုတာတွေကိုသာ သိထားမယ်ဆိုရင် ချစ်သူဘ၀ထဲက နှစ်ယောက်သား ညှိနှိုင်းတိုင်ပင်ပြီး

နှစ်ယောက်လုံးရဲ့ ဆုံးဖြတ်ချက်နဲ့ ငွေသုံးတဲ့ပုံစံကို သတ်မှတ်ပြောင်းလဲလို့ရပါတယ်။ ဒီလိုသတ်မှတ်ထားတာဟာ စည်းကမ်းရှိတဲ့အလေ့အကျင့်တစ်ခုဖြစ်တဲ့အပြင် အိမ်ထောင်တစ်ခုထူထောင်တဲ့

အချိန်မှာ ငွေရေးကြေးရေးနဲ့ပတ်သတ်ပြီး နှစ်ယောက်လုံးအတွက် ပြဿနာဖြစ်စရာအကြောင်းမရှိတော့ပါဘူး။

(၄) ကြိုက်တတ်တဲ့အရာလေးတွေ

null

ကိုယ်လက်ထပ်ချင်တဲ့သူရဲ့ အကြိုက်လေးတွေကိုတော့ မဖြစ်မနေသိထားဖို့လိုပါတယ်။ အိမ်ထောင်ကျပြီးကာမှ သူ့အကြိုက်ကို ကိုယ်က အလိုက်မသိပဲ အမြဲပဲ မှားနေမယ်ဆိုရင် အိမ်ထောင်တစ်ခုက ထင်သလောက်သာယာပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး။ အိမ်ထောင်ကျပြီးတာတောင် ကိုယ့်လူရဲ့ အကြိုက်ကိုမသိသေးတဲ့သူက အိမ်ထောင့်တာ၀န်မကျေပွန်တဲ့လူပါပဲ။

(၅) လက်ထပ်ဖို့ အတွက်သတ်မှတ်ထားတဲ့ကာလ

null

လက်ထပ်ဖို့အထိ ရည်ရွယ်ထားတာတော့ဟုတ်ပါရဲ့... ဘယ်အချိန်ဘယ်တော့မှန်းမသိသေးဘူး ဆိုတဲ့အဖြစ်မျိုးမဖြစ်ပါစေနဲ့နော်... တကယ်လို့ လက်ရှိမှာလက်ထပ်ဖို့ အဆင်မပြေသေးရင်တောင် နောင် ဘယ်နှစ်နှစ်နေရင်တော့လက်ထပ်နိုင်ရမယ်ဆိုတဲ့ target လေးတစ်ခုထားပြီး အဲ့ကာလအတွင်းမှာ ကြိုးကြိုးစားစားနဲ့ ငွေစုသင့်သလောက်စုပြီးတစ်ယောက်ပေါ်တစ်ယောက်သစ္စာရှိဖို့လိုပါတယ်။ သတ်မှတ်ထားတဲ့ကာလမှာလက်ထပ်ဖို့အဆင်မပြေသေးရင်တောင်လက်ထပ်ဖို့အချိန်တစ်ခုသတ်မှတ်ထားတယ်ဆိုတဲ့ခံစားချက်က နှစ်ယောက်လုံးအတွက် တစ်ယောက်ပေါ်တစ်ယောက် သစ္စာရှိပြီး နွေးထွေးလုံခြုံတယ်ဆိုတဲ့ခံစားချက်ကိုရရှိမှာပါ။

အခုပြောပြပေးသွားတဲ့အချက်လေးတွေကို ဖတ်ပြီး ကိုယ်လက်ထပ်မယ့်သူက ကိုယ့်ဘ၀နဲ့ တကယ်ကိုက်ညီနိုင်တဲ့သူလားဆိုတာကို ခန့်မှန်းလို့ရတဲ့အပြင် တစ်ယောက်စိတ်ကို ပါ တစ်ယောက်ရှင်းရှင်း

လင်းလင်း မြင်တွေ့ခံစားနိုင်တာမလို့ လက်ထပ်ဖို့ရည်ရွယ်ထားသူတိုင်းအတွက် အကူညီဖြစ်မယ်လို့ ယုံကြည်ပါတယ်နော်...

အားလုံးပဲ ချစ်တဲ့သူများနဲ့ ရွှေလက်တွဲနိုင်ကြပါစေ...

Source from Family Life

Photo Credit from google

Read More
Loading...
Loading...