သာယာတဲ့အိမ်ထောင်ရေးတစ်ခုဆိုတာ ပါးစပ်ပြောနဲ့သာလွယ်ပေမယ့် တကယ်တမ်း အိမ်ထောင်ရေးတစ်ခုသာယာဖို့ဆိုတာ ပြောသလောက်မလွယ်တဲ့အရာပါ။ အိမ်ထောင်တစ်ခုမပြောနဲ့ တွဲနေတဲ့လက်ရှိ အချစ်ရေးတောင် တစ်နှစ်လောက်မြဲဖို့ ခက်နေတဲ့ ခေတ်ကြီးထဲမှာ အိမ်ထောင်ရေးမြဲဖို့ဆိုတာက စဉ်းစားကြည့်ရင်ဝေလာဝေးပါပဲ...
ဒါပေမယ့်လည်း ဒီလိုမမြဲတဲ့အတွဲတွေ အိမ်ထောင်တွေကြားထဲမှာမှ သာယာအေးချမ်းနေပြီး တည်မြဲပျော်ရွှင်နေရတဲ့ အိမ်ထောင်ရေးတွေလည်းအများကြီးရှိပါတယ်...
ဆိုတော့ ဒီလိုသာယာပျော်ရွှင်နေရတဲ့ အိမ်ထောင်ရေးတွေက ဘာကြောင့်ဖြစ်လာတာလဲ? ဘယ်လိုအချက်တွေကြောင့် သာယာပျော်ရွှင်ရတဲ့အိမ်ထောင်တစ်ခုဖြစ်လာနိုင်သလဲ?
(၁) သစ္စာရှိရမယ်
သစ္စာရှိတဲ့ အိမ်ထောင်ရေးက ဘယ်တော့မှ ပျက်ပြားဖို့မလွယ်ကူပါဘူး။ တစ်ဦးနဲ့တစ်ဦး အမြဲချစ်တယ် ချစ်တယ်ပြောနေတာမျိုးထက် ရှေ့ရောနောက်ကွယ်မှာပါ တစ်ဦးနဲ့တစ်ဦးသစ္စာရှိနေတာမျိုးက ပိုပြီးတော့ အကောင်းဆုံးဖြစ်မှာပါနော်... ဒါကြောင့် သစ္စာတရားက အိမ်ထောင်တစ်ခုအတွက်ပထမပါ။
(၂) နားလည်မှုရှိရမယ်
နားလည်မှုဆိုတာ လူတိုင်း အတွက်မလွယ်ကူတဲ့အရာပါ။ အထူးသဖြင့်ချစ်သူရည်းစားဘဝမှာတချို့အရာတွေကိုနားလည်ပေးနိုင်ပေမယ့် အိမ်ထောင်ကျပြီးတဲ့အချိန်မှာနားမလည်ပေးနိုင်တာတွေအများကြီးရှိတတ်ကြပါတယ်။ ဒီလိုနားလည်မှုတွေမှရှိကြလို့လည်း အိမ်ထောင်ရေးတွေကပျက်စီး ယိုယွင်းသွားကြတာအများကြီးပါပဲ...ဒါကြောင့်အချင်းချင်းနားလည်မှုရှိဖို့က အိမ်ထောင်တစ်ခုရဲ့အခရာပါပဲနော်။
(၃) သည်းခံနိုင်ရမယ်
အချစ်ရေးပဲဖြစ်ဖြစ် အိမ်ထောင်ရေးမှာပဲဖြစ်ဖြစ် တစ်ဦးပေါ်တစ်ဦး သည်းခံနိုင်စိတ်အပြည့်ရှိဖို့လိုပါတယ်။ လူဆိုတာ အရာရာပြီးပြည့်စုံတဲ့အရာရယ်လို့ မရှိသလို အမှားလုပ်မိတဲ့အခါလည်းလုပ်မိကြမှာပါ။ ဒီလို ကိုယ့်ရဲ့ ပါတနာက အမှားတွေလုပ်မိရင်တောင်သည်းခံခြင်းတရားနဲ့ အချင်းချင်း ဖေးမပေးမှ သာယာတဲ့အိမ်ထောင်တစ်ခုဖြစ်လာကြမှာပါနော်...
(၄) ကိုယ်ချင်းစာတတ်ရမယ်
ကိုယ်ချင်းစာတရားဆိုတာ လူတိုင်းမထားနိုင်တဲ့အရာပါ။ “သူ့နေရာမှာ ငါသာဆိုရင်” ဆိုတဲ့အတွေးက အိမ်ထောင်တစ်ခုအတွက် တကယ်ကို လိုအပ်ပါတယ်...ဒီလိုစိတ်မျိုးထားနိုင်မှပဲ အိမ်ထောင်တစ်ခုကလည်းလွယ်လွယ်နဲ့ မပျက်စီးနိုင်မှာပါနော်...
ဒီလိုအချက်တွေကို နှစ်ဦးနှစ်ဖက်လုံးက ပိုင်ဆိုင်ထားပြီဆိုရင်တော့ အိမ်ထောင်ရေးတစ်ခုက သာယာဖို့အတွက်အတင်းကြီးလုပ်စရာမလိုတော့ပဲ အေးအေးဆေးဆေးလေးနဲ့ တစ်ဘဝလုံးပျော်ရွှင်နိုင်ကြမှာပါနော်...
ကဲ ချစ်တဲ့သူတိုင်း ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေ...
Source from sl(own creation)
Photos credit from Google