မိန်းမကပိုချစ်တဲ့အိမ်ထောင်ရေးနဲ့ အမျိုးသားကပိုချစ်တဲ့အိမ်ထောင်ရေး... - TrueID

မိန်းမကပိုချစ်တဲ့အိမ်ထောင်ရေးနဲ့ အမျိုးသားကပိုချစ်တဲ့အိမ်ထောင်ရေး...

August 26, 2022

တကယ်လို့ သင်ဟာ အခုချိန်ထိ အိမ်ထောင်မပြုရသေးဘူးဆိုရင် ဒါမှမဟုတ် လောလောလတ်လတ် အိမ်ထောင်ကျထားတဲ့သူဆိုရင် ဒီစာလေးကို အချိန်ခဏလေးပေးပြီးဖတ်ကြည့်ပါ...

null

တချို့လူတွေပြောတတ်ကြတာက ဘယ်သူကပဲပိုချစ်ပိုချစ်

အဓိကက နှစ်ဦးသား အဆင်ပြေအောင်နေရင်ပြီးတာလို့  

ပြောတတ်ကြပါတယ်။

 

ဘယ်သူကပို ချစ်တယ်ဆိုတာ အရေးမကြီးပါဘူးလို့ထင်ပေမယ့်တကယ်တမ်းအိမ်ထောငိကျလာတဲ့အခါ ‌ခင်ပွန်းဖြစ်ဘက်က ပိုချစ်ရင်ဒီအိမ်ထောင်ဟာ အမြဲသာယာစရာကောင်းတယ်လို့ နိုင်ငံတကာကအိမ်ထောင်ရေးဆိုင်ရာ သုတေသနပြု စစ်တမ်းကောက်ချက်တွေအရသိရပါတယ်

 

ဒါဆို မိန်းမဘက်က ပိုချစ်မိရင်ရော ဒီအိမ်ထောင်ရေးက ကွဲမှာလား လို့ သိချင်ကြမှာပါ...

null

ဒီလိုလည်းမဟုတ်ပါဘူး ဒီစာရဲ့သဘောတရားကိုက အိမ်ထောင်နှစ်ခုရဲ့မတူညီမှုနဲ့ ကွဲပြားတဲ့အနှစ်သာရ ကိုပြောပြချင်တာမလို့ ဆက်ဖတ်ကြည့်ကြဦးနော်...

 

1. မိန်းမကပိုချစ်မိတဲ့အိမ်ထောင်ရေး

 

မိန်းမသားဘက်က ပိုချစ်ရတဲ့ အိမ်ထောင်ရေးကနွေးထွေးမှုအပြည့်နဲ့ မိခင်အိမ်ကြီးလိုပါပဲ။

အိမ်ပြန်လာတဲ့အိမ်ဦးနတ်က အမြဲဝမ်းစိုနေမယ်။ တခါတလေ အမေလိုပဲ နားညီးအောင်လုပ်တတ်တဲ့ မိန်းမကြောင့် ခေါင်းပူရပေမယ့် အချိန်တန် မငြီးမငြူနဲ့ ဘဝက နေသားကျတတ်ကြတယ်။မိန်းမဖြစ်သူကတော့ သားအတွက်ယောက်ျားအတွက် အစီစဉ်တွေချ ပူရပန်ရနဲ့ တခါတလေမိန်းမဆိုတဲ့ ရာထူးကိုတောင်မေ့နေတတ်ကြသူတွေပါ။

 

လှချင်ပချင်စိတ်ထင် ယောက်ျားသား နဲ့အိမ်ထောင်အတွက်ပူရတာနဲ့တင် တဖြည်းဖြည်းstress ပိလာတတ်ပါတယ်။ဒါကို အမျိုးသားက သိတတ်ပေးရင်တော့အဆင်ပြေနိုင်ပေမယ့် ကြာတဲ့အခါ အိမ်ထောင်ရေးအဆင်မပြေဖြစ်တတ်ပါတယ်။

null

2.အမျိုးသား လင်ယောက်ျားကပိုချစ်တဲ့အိမ်ထောင်ရေး

 

အိမ်ဦးနတ်ဖြစ်တဲ့ လင်သားဆီက အချစ်တွေကို အများကြီးရရှိထားတဲ့ အိမ်ထောင်ရေးဟာ ငွေကြေးအများကြီး မပြည့်စုံရင်တောင် အေးချမ်းလှပါတယ်။

 

ယောက်ျားဆိုတာ သူတို့ကို အားကိုးတာ ကြိုက်ကြတဲ့အမျိုးဖြစ်သလို သူတို့အပေါ်မှီခိုတဲ့ချစ်ဇနီးဆန္ဒတွေကို ဖြည့်ပေးချင်သူပါ။

null

‌ဒါကြောင့်လည်းစီးပွားရေးမှာကြိုးစားချင်စိတ်ပိုများပြီး အိမ်ထောင်ရေစမှာလည်း ငွေကြေးနဲ့ပတ်သတ်ရင် ပူပင်မျိုးမရှိပဲ အေးချမ်းနေပါလိမ့်မယ်။

 

ဒါကြောင့်အမျိုးသားကချစ်တဲ့ အိမ်ဆိုရင် စည်းပွားတတ်တယ်လို့ဆိုကြတာပါ။

null

ဒါကြောင့်အိမ်ထောင်ပြုမယ်ဆိုရင်သေချာစ‌ဉ်းစားနော် အမျိုးသမီးလေးတို့...

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...