မိန်းကလေးတိုင်းဟာ သူတို့မှသူတို့ချစ်တဲ့သူကိုပဲ လိုချင်နေကြတာများပါတယ်။ အဲ့လိုယောကျ်ားမျိုးကို ရရှိတဲ့သူတွေကလည်း သူတို့ကောင်လေးကသူတို့ကို ဘယ်လောက်ချစ်ချစ် မသိကြပဲ ဆိုးနေလေ့ရှိတတ်ပါတယ်။ ပြတ်သွားမှ အဲ့ယောကျ်ားလေး အဲ့ကောင်လေးရဲ့ တန်ဖိုးကိုသိတတ်ကြတဲ့ သူတွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့် ကိုယ့်ကို အရမ်းချစ်တဲ့ ချစ်တဲ့သူတွေနဲ့ ချစ်သူဖြစ်သွားရင် တန်ဖိုးထားပါ။ ခုဖော်ပြသွားမှာကတော့ အရမ်းချစ်တတ်တဲ့ ယောကျ်ားတွေရဲ့ လက္ခဏာရပ်တွေ ကိုဖော်ပြသွားမှာဖြစ်ပါတယ်။
သင့်ကောင်လေးက သင့်အပေါ်ကို ဘာမှ အလိမ်အညာမရှိ မှန်မှန်ကန်ကန် ပြောဆိုလေ့ရှိပြီး သင့်အပေါ်ကိုလည်း မှန်မှန်ကန်ကန်ပြောဆို ဆက်ဆံလေ့ရှိလျှင် သင့်ကိုသူတကယ်ချစ်ပါတယ်။ သင့်အတွက်အမြဲတမ်းရှိနေပြီး သင့်အနားမှာပဲ ရှိနေမှာပါ။ သင့်ကိစ္စတစ်ခုခုကြောင့် စိတ်ညစ်နေရင် သူကသင့်ကို မပြုံးပြုံးအောင် ပြုလုပ်မယ့် သူတစ်ယေက်ပါ။
သင့်ကိုတကယ်ချစ်တဲ့သူဟာ သင်နဲ့ပြဿနာတက်တဲ့အခါမှာ သူ့အနေနဲ့ မရှောင်ပဲ အဲ့တက်တဲ့ ပြဿနာကို ထိပ်တိုင်ရင်ဆိုင်နိုင်ပြီး အဆိုးတွေမဖြစ်အောင်ပဲ ပြုလုပ်ပြီး သင်နဲ့အဆင်ပြေစေမယ့် ဖြေရှင်းနည်းကိုပဲ ရအောင်ပြုလုပ်တတ်ကြပါတယ်။ သင့်အပေါ်ကို ဆိုးဆိုးရွားရွားတွေလည်းဖြစ်အောင်မလုပ်ပဲ သူ့ဘက်ကနေ ပြဿနာကို အဆင်ပြေငြိမ်အေးစေမယ့် နည်းလမ်းကိုပဲ ရှာနေတတ်ကြပါတယ်။
သူ့ဘက်ကနေ သင့်ကိုအရမ်း ချစ်ရင် သင့်ရဲ့ ဘာမှမဟုတ်တဲ့ ကိစ္စသေးသေးလေးကအစ ဂရုစိုက်တက်ကြပါတယ်။ သူ့အနေနဲ့လည်း အဲ့သေးသေးမွှားမွှားလေးကို ဂရုစိုက်ပေးလိုက်ရလို့ ကျေနပ်နေတတ်သူပါ။အသေးအမွှားလေးတောင်ဂရုစိုက်ပေးနေရင် ကျန်တဲ့ကြီးကြီးမားမားကိစ္စဆို ပြောစရာတောင်မလိုတော့ပါဘူး။
သင့်ဘက်က ကြီးကြီးကျယ်ကျယ်လိုမျိုး အမှားမလုပ်မိပါက သူက ပြုံးနေတက်ပါတယ်။ သူပြုံးတယ်ဆိုတာကလည်း သင့်ကို ရွဲ့တာမဟုတ်ပဲ သူ့အနေနဲ့ " အဆင်ပြေပါတယ် ကလေးရယ် " ဆိုပြီးတွေးကာ ပြုံးနေခြင်းဖြစ်ပါတယ်။
သင်ကြောင့်ဖြစ်တဲ့ ပြဿနာကို သူ့ဘက်ကနေ သူ့ရဲ့ပြဿနာလို တာဝန်ယူပြီး ဖြေရှင်းပေးတတ်ကြပါတယ်။ ခုဖြစ်နေတဲ့ ပြဿနာကို ဘယ်လိုဘယ်လိုလုပ်ပါဆိုပြီး သင့်ကို ပြောပြ အကြံပေးနေပါလိမ့်မယ်။
...အဲ့လိုသူတွေက သင့်အပေါ် မလျော့တိုင်းချစ်ပြီး ဘာကြောင်းကြောင်းနဲ့မှ သင့်ကို စိတ်ညစ်အောင်လုပ်မယ့်သူတွေ မဟုတ်လို့ပါပဲ။ သူတို့လို လူမျိုးကို ချစ်သူတော်ထားတဲ့သူတွေ အတွက် တန်ဖိုးထားတက်ကြပါစေ။
Photo- google