စုံတွဲတိုင်း Healthy relationship ဖြစ်ဖို့ အလိုအပ်ဆုံး အချက်(၃) ချက်... - TrueID

စုံတွဲတိုင်း Healthy relationship ဖြစ်ဖို့ အလိုအပ်ဆုံး အချက်(၃) ချက်...

May 16, 2022

အခုခေတ် ချစ်သူစုံတွဲ အများစုမှာ ဖြစ်လေ့ရှိတဲ့ပြဿနာက အချစ်မြန် အပြတ်မြန်တာပါပဲ။ ဘယ်လောက်ပဲကြာရှည်အောင်တွဲခဲ့တဲ့ လက်တစ်စုံဖြစ်ပါစေ အချိန်ခဏလေးနဲ့ ပြတ်စဲကြဖို့ ၀န်မ‌လေးတတ်ကြသလို လမ်းခွဲကြဖို့လည်း ၀န်မလေးတတ်ကြတော့ပါဘူး။

null

 

ဒီလိုတွေ ချစ်မြန် အပြတ်မြန် ဖြစ်နေရတဲ့ အဓိက အကြောင်းအရင်းကတော့ သူတို့ တည်ဆောက်တဲ့ အချစ်ရေး ကHealthy မဖြစ်လို့ပါပဲ။ အလွယ်ပြောရရင် ချစ်ချင်လို့ ချစ်ကြပြီး ပြတ်ချင်တဲ့ အချိန် ကောက်ပြတ်တဲ့ ဘာသံယောဇဉ်မှ မရှိတဲ့အချစ်ရေး မျိုးတွေပါ။ ဒါကြောင့် ဘ၀အတွက် လက်တွဲဖော်ရွေးချယ်မယ်လို့ဆုံးဖြတ်ချက်ချပြီး ချစ်သူရည်းစားထားတဲ့အခါ Healthy ဖြစ်တဲ့ Realationship တစ်ခုကို တည်ဆောက်ဖို့လိုပါတယ်... ဆိုတော့ Healthy ဖြစ်တဲ့ Realationship တစ်ခုဖြစ်ဖို့ စုံတွဲတိုင်းအတွက် အလိုအပ်ဆုံး အချက် () ချက်ကို ဒီနေ့မှာ Sharing လုပ်ပေးသွားပါမယ်နော်..

 

() သေချာတဲ့ ချစ်ခြင်းမေတ္တာ

null

အပျက်စီးလွယ်တဲ့ RS မျိုးကို မလိုလားရင် အစတည်းတဲ့ ကိုယ်ရွေးချယ်တဲ့သူအပေါ်ထားတဲ့ကိုယ့်ရဲ့ စိတ်၊ သူဘက်ကကိုယ့်အပေါ်မှာထားတဲ့ စိတ်ကို အသေချာသိဖို့လိုပါမယ်။ တစ်ယောက်နဲ့တစ်ယောက် အစတည်းက တကယ့် မေတ္တာ အစစ်နဲ့ ချစ်ခဲ့တာမျိုးမဟုတ်ရင်တော့ ဘယ်စုံတွဲမှကြာရှည် မမြဲနိုင်ပါဘူးနော်... ဒါကြောင့် နှစ်ယောက်သားရဲ့ ရင်ထဲက တကယ့်အချစ်စစ်ကို တစ်ယောက်နဲ့ တစ်ယောက် မြင်တွေ့ခံစားရမှ ကျန်တာတွေကို ဆက်စဉ်းစားစေချင်ပါတယ်။

() နားလည်မှုနဲ့ တည်ဆောက်ထားတဲ့ သံယောဇဉ်

null

RS တစ်ခုမှာ ချစ်နေရုံနဲ့ မပြီးပါဘူး။ ချစ်လို့ အရာရာ ရင်ဆိုင်နိုင်တယ်၊ အရာရာ ကျော်လွှာနိုင်တယ်ဆိုတာတွေကရုပ်ရှင်ထဲ ကဗျာတွေထဲမှာသာ ရှိနေတဲ့အရာတွေပါ။ လူတော်တော်များများဟာ အစတုန်းက တော့ ချစ်လို့ တွဲကြပေမယ့်ကြာလာတဲ့အခါ သံယောဇဉ်ဆိုတဲ့ အရာလေးသာ ကျန်ရှိနေတတ်ကြပါတယ်။ ဒါကြောင့် တစ်ယောက်အပေါ်တစ်ယောက် နားလည်ပေးသင့်တာ နားလည် ၊ကိုယ်ချင်းစာသင့်တာကိုယ်ချင်းစာရင်း "သူ့နေရာမှာ ငါသာဆိုရင်လည်း " ဆိုတဲ့အတွေးလေးနဲ့ တစ်ယောက်အပေါ်တစ်ယောက်တွေးပေးနိုင်မှသာ Healthy relationship တစ်ခုဖြစ်လာနိုင်မှာပါ။

() ယုံကြည်လေးစားမှု

null

အချိန်အကြာကြီးပေါင်းဖက်သွားတဲ့ စုံတွဲတိုင်းဆီမှာ တစ်ယောက်ပေါ်တစ်ယောက် ယုံကြည်လေးစားမှု ဆိုတဲ့အရာက အမြဲရှိနေတတ်ပါတယ်။ တစ်ခုခုဆိုရင် တစ်ယောက်ကိုတစ်ယောက်အလေးထား တိုင်ပင်ဆွေးနွေးတတ်ပြီး လူအများရှေ့မှာ ဖြစ်ဖြစ်နှစ်ယောက်သားအတူရှိနေတဲ့အချိန်ပဲဖြစ်ဖြစ် တရေးတယူ အလေးထားပြီး ယုံကြည်မှုအပြည့်ရှိမယ်ဆိုရင် တစ်ဖက်က ကိုယ့်အပေါ် သစ္စာဖောက်ချင်ရင်တောင်လွယ်လွယ်နဲ့ ဖောက်မိတော့မှာမဟုတ်ပါဘူး။ ဒါကြောင့် တည်မြဲတဲ့ RS တစ်ခုမှာ ယုံကြည်မှုနဲ့လေးစားမှုဆိုတာကိုတော့ အမြဲလက်ကိုင်ထားဖို့လိုပါတယ်နော်...

null

ကဲ...ဒီအချက်လေးသုံးချက်ကို သိပြီးပြီဆိုရင်တော့ ကိုယ်လက်ရှိတည်ဆောက်ထားတဲ့ RS ကရော Healthy ဖြစ်ရဲ့လား? ဆိုတာကို တွေးပြီး ချစ်ရဲ့သားနဲ့ လွယ်လွယ်ပျက်စီးတဲ့ RS မျိုးမဖြစ်အောင် အကောင်းဆုံး တည်ဆောက်ကြည့်ပါနော်...

ချစ်တဲ့သူတိုင်း ပေါင်းဖက်နိုင်ကြပါစေ...

Source from open mind

Photos credit from google

Read More
Loading...
Loading...