ယုံရခက်မယုံရခက် ဆိုပေမယ့် တစ်ခါတစ်လေမှာ တစ်ချို့သော ရှေးလူကြီးတွေရဲ့ယူဆချက်တွေက မှန်ကောင်းမှန်နိုင်တာမျိုးတွေလည်းရှိကြပါတယ်...
"ရှေးထုံးကိုလည်မပယ်နဲ့" ဆိုတဲ့ ဆိုရိုးစကားလည်းရှိတယ်မဟုတ်လား?...
ရှေးလူကြီးသူမတွေရဲ့ ပြောစကားနဲ့အယူအဆတစ်ချို့အရ မိန်းကလေးတစ်ယောက်ဟာ ယောကျ်ားတစ်ယောက်ကို သူ့ဘဝရဲ့လက်တွဲဖော်အနေနဲ့လက်ထပ်ရွေးချယ်တော့မယ်ဆိုရင် စမတွဲခင် မချစ်ကြိုက်ခင်တည်းက ဒီလူရဲ့လက်ကို ကြည့်ပြီး ဒီလူရဲ့စိတ်နဲ့ အခြေနေကိုခန့်မှန်းသင့်တယ်လို့ ဆိုကြပါတယ်။
ယောကျ်ားလေးတစ်ယောက်ရဲ့ လက်ဟာ အကြောတွေထောင်နေမယ်၊ သန်မာနေမယ်၊ ကျစ်လျစ်နေမယ် ဆိုရင် ဒီအမျိုးသားဟာ လက်ကြောတင်းပြီး ဘဝရဲ့ ရိုက်ခတ်မှုဒဏ်တိုင်းကို ကိုယ်နဲ့အတူ ခါးစည်းခံပေးနိုင်မယ့်အမျိုးသားလို့ သတ်မှတ်လို့ရပါတယ်။
အမျိုးသားရဲ့ လက်တွေက အနာအဆာတွေများပြီး အသားအရည်က လက်တစ်ခုတည်းကွက်မဲနေတာမျိုး၊ နေလောင်နေတာမျိုးဆိုရင်တော့ ဒီလူက အောက်ခြေကနေ အလုပ်ကိုကြိုးစားခဲ့ပြီး အောက်သက်ကြေတဲ့ အမျိုးသားလို့သတ်မှတ်လို့ရပါတယ်။
အမျိုးသားတစ်ယောက်ရဲ့လက်တွေက အရမ်းကိုနူးညံ့ပျော့ပျောင်းတွေပြီးလက်ဆစ်တွေကလည်းသွယ်တန်းနေမယ်ဆိုရင်တော့ ချမ်းသာတဲ့မျိုးရိုးကနေဆင်းသက်လာပြီး အလုပ်ကြမ်းကြမ်းတမ်းတမ်းတွေကိုမလုပ်ခဲ့ရဖူးတဲ့အမျိုးသားလို့သတ်မှတ်လို့ရပါတယ်။ ဒီလိုအမျိုးသားတွေက မိန်းကလေးတွေရဲ့အနွံနာကိုသိပ်ပြီးမခံနိုင်တဲ့အပြင်တစ်ကိုယ်ကောင်းဆန်တဲ့အမျိုးသားလို့လည်း သတ်မှတ်လို့ရပါတယ်။
တကယ်လို့ အမျိုးသားတစ်ယောက်ရဲ့ လက်ကကြမ်းလည်းမကြမ်း နုလည်းမနု သာမန်အမျိုးသားဆိုရင်တော့ ဒီယောက်ျားက လောကကြီးမှာ ဘာကိုမှသိပ်ပြီးအတွေးမများတတ်သလို ဘဝအတွက်လည်း လေးနက်မှုမရှိတတ်တဲ့အမျိုးသားမျိုးပါ။ စိတ်ကူးယဉ်ကမ္ဘာထဲမှာသာပျော်နေတတ်ပြီး ခက်ခဲတဲ့အရာတွေကိုလည်းမခံစားနိုင်သလိုကောင်းမွန်တဲ့အရာတွေနဲ့ကြုံလာရင်လည်း အောင်မြင်တဲ့ဒဏ်ကို ကြာကြာမခံနိုင်တဲ့လူလတ်တန်းစားအမျိုးသားမျိုးလို့သတ်မှတ်လို့ရပါတယ်နော်...
ဒီသတ်မှတ်ချက်လေးတွေကတော့ ရှေးလူကြီးတစ်ချို့ရဲ့အတွေ့အကြုံနဲ့ယူဆချက်တွေကနေ ပြန်ပြီးကောက်နှုတ်ထားတာမလို့ တစ်ထစ်ချကြီး အမှန်လို့တော့ ပြောလို့မရပါဘူးနော်...
အရေးကြီးတာက ကိုယ်ချစ်တဲ့အမျိုးသားက ကိုယ့်အပေါ်မှာ စစ်မှန်တဲ့မေတ္တာ ၊ မပြောင်းလဲတဲ့သစ္စာရှိနေပြီး သားမတ်မတ်မယားမတ်မတ်ပေါင်းတဲ့သူဖြစ်ဖို့ပဲလိုအပ်ပါယ်နော်...
အားလုံးပဲချစ်ရတဲ့သူနဲ့ပေါင်းဖက်နိုင်ပါစေ...
Source from own creation
Photos credit from google