အချစ်ဦးကို လွယ်လွယ်နဲ့ မမေ့နိုင်ကြတာဘာကြောင့်လဲ?... - TrueID

အချစ်ဦးကို လွယ်လွယ်နဲ့ မမေ့နိုင်ကြတာဘာကြောင့်လဲ?...

April 21, 2022

လူတိုင်းဆီမှာ မေ့မရတဲ့ အချစ်ဦးတစ်ယောက်တော့ ရှိခဲ့မှာပါ... အချစ်ဦီးမလို့ အခုထိချစ်တုန်းလားဆိုတော့လည်း ချစ်သေးလို့တော့ မဟုတ်ပေမယ့် တစ်ခါတစ်လေ ကြုံတောင့်ကြုံခဲတိုက်ဆိုင်မှု တွေရှိလာရင်တော့ လူတိုင်းရဲ့ မသိစိတ်ထဲကနေ သတိရမိလာတာမျိုးရှိတတ်ကြပါတယ်။ ဒါဆို လက်ရှိချစ်သူကို မချစ်ဘူလားဆိုတော့လည်းမဟုတ်ပါဘူး... လူတိုင်းက လက်ရှိချစ်သူကို အချစ်ရဆုံးမလို့ လက်ရှိသူနဲ့သာ တွဲနေခဲ့တာပါ ... အချစ်ဦးကသာ အချစ်ဆုံးဖြစ်ခဲ့ရင် နောက်လူတွေဆိုတာ ပေါ်လာစရာ အကြောင်းတောင်ရှိခဲ့မှာ မဟုတ်ပါဘူးနော်...

 

ဒါပေမယ့် လူတွေရဲ့ စိတ်ထဲမှာ အချစ်ဦီးကို မမေ့နိုင်ကြတာဘာကြောင့်လဲ? ဘာကြောင့်တိုက်ဆိုင်မှုတွေရှိတိုင်း အတွေးထဲပေါ်ပေါ်လာတတ်တာလဲ?...

(၁) ချစ်ခြင်းမေတ္တာ ဆိုတာ သူနဲ့မှစတင်တွေ့ရှိခဲ့ရတာမလို့

null

            အချစ်ဦးဆိုတာ ကိုယ့်ဘ၀ရဲ့ ပထမဦီးဆုံးအချစ်တွေကို စတင်ပေးမိခဲ့သူ၊ အချစ်ဆိုတာကို စသိစေခဲ့သူ ဖြစ်တာကြောင့် လူတိုင်းရဲ့စိတ်ထဲမှာ စွဲစွဲမြဲမြဲရှိနေတတ်တာပါ။ အခုထိ ဆက်ချစ်နေသေးတယ်ရယ်လို့မဟုတ်ပေမယ့်

ပထမဦးဆုံး မေတ္တာ ရှိခဲ့ရတဲ့သူ မလို့ နှလုံးသားက မေ့ပျောက်နိုင်ရင်တောင် အတွေးထဲကနေ မေ့ပျောက်ဖို့ ခဲယဉ်းတတ်ကြပါတယ်။

(၂) ပထမဦးဆုံး လုပ်ခဲ့တဲ့ အမှတ်တရတွေများလို့

null

            ချစ်စခင်စ ကြင်နာစတွေမှာ နှစ်ယောက်အတူတူ လုပ်ခဲ့တဲ့ ပထမဦီးဆုံးအရာဆိုတာတွေများတတ်ပါတယ်။ ဥပမာ_ အတူတူမိုးရေထဲမှာထီးမပါပဲ လျှောက်ပြေးဖူးတာမျိုးတို့၊ ပိုက်ဆံလေးတစ်ထောင်တည်းနဲ့

မြို့ထဲပတ်တာမျိုးတို့ပေါ့... ဒီလို ထူးခြားတဲ့အမှတ်တရတွေကို ဆယ်ကျော်သက်အရွယ်မှာ အချစ်ဦီးနဲ့အတူတူ လုပ်ခဲ့ဖူးတာတွေကြောင့် တိုက်ဆိုင်မှုရှိတိုင်း ဦးနှောက်ကနေ သတိရနေတာမျိုးပါ။

(၃) လမ်းခွဲခြင်းမှာ နာကျင်ခံစားခဲ့ရလို့

null

            အချစ်ဦးနဲ့ လမ်းခွဲခဲ့ကြတဲ့သူတော်တော်များများဟာ နာကျင်မှုနဲ့ လမ်းခွဲခဲ့ကြတာပိုများပါတယ်။ ဘယ်လိုအကြောင်းပြချက်နဲ့ပဲ လမ်းခွဲကြ လမ်းခွဲကြ သူတို့ လမ်းခွဲခဲ့ကြတဲ့အချိန်ကာလကတစ်ခုမှာ အတော်လေးကို နာကျင်ခံစားခဲ့ကြမှာပါ... အချစ်ဦးဆိုတော့ အနာလည်းပိုပြင်းပါတတ်ပါတယ်။ နာလွန်းတဲ့အခါ မှတ်ထားတတ်တဲ့လူတွေရဲ့ စိတ်ကြောင့် ချစ်တဲ့စိတ်နဲ့ မဟုတ်ရင်တောင် နာတဲ့စိတ်နဲ့ပဲဖြစ်ဖြစ် တစ်ချက်တစ်ချက် အတွေးထဲမှာ

သတိရလာတတ်ပါတယ်...

null

တကယ်တော့ အချစ်ဦီးဆိုတာ ကိုယ့်စိတ်တွေကို ရင့်ကျက်တည်ငြိမ်သွားအောင် လုပ်ခဲ့ပေးတဲ့သူတစ်ယောက်ဖြစ်သလို သူ့ကို သတိရတယ်ဆိုတာကလည်း ချစ်တဲ့စိတ်ကြောင့်မဟုတ်ပဲ ..

null

ဘ၀မှာ ပထမဦီးဆုံးအကြိမ်ပတ်သတ်ခဲ့မိတဲ့ လူတစ်ယောက်အနေနဲ့ ရိုးရိုးရှင်းရှင်းအမှတ်ရနေတာလေးတစ်ခုပါပဲ... ဒါကြောင့် မတော်တဆ သတိရမိတဲ့အခါ ကိုယ့်စိတ်ကို ဖောက်ပြန်နေတယ်လို့

မတွေးပဲ အမှတ်တရတစ်ခုကို‌ တွေးမိတယ်လို့ပဲ ရိုးရိုးလေးမှတ်ထားလိုက်ပါ...

Source From Very Well

Photos credit from Google

Read More
Loading...
Loading...