Relationship တစ်ခုမှာ အချစ်ခံရတဲ့ သူမျိုးဖြစ်လာနိုင်ဖို့.... - TrueID

Relationship တစ်ခုမှာ အချစ်ခံရတဲ့ သူမျိုးဖြစ်လာနိုင်ဖို့....

October 12, 2022

တစ်စုံတစ်ယောက်ရဲ့ အချစ်တွေကို အပြည့်အ၀ရရှိထားပြီလား ?...

ချစ်ခြင်းမေတ္တာ ဆိုတာကြီးကို သာစစ်မှန်စွာ ပိုင်ဆိုင်ခွင့်ရှိတယ်ဆိုရင် ဒီလူက သိပ်ကိုကံကောင်းတဲ့ လူတစ်ယောက်ဖြစ်လာမှာပါ။

null

အခုခေတ်မှာ ချစ်ကြိုက် မုန်းကွဲ ဆိုတာတွေက ထမင်းစားရေသောက်လို့ ဖြစ်လာတာနဲ့ အမျှ လူတိုင်းလိုလိုကလည်း စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာ ဆိုတာကို မယုံကြည်ကြတော့

သလို အချစ်စစ်ဆိုတာကလည်း ကောက်ရိုးပုံထဲ အပ်ရှာရသလိုကို ရှားပါးနေပါပြီ။

တကယ်တော့ အချစ်စစ်ဆိုတာ ရှားပါးနေတာမဟုတ်ပဲ လူတွေက ကောင်းမွန်စွာ မချစ်တတ်သေးတာရယ် အချစ်ခံရအောင် ကိုယ်တိုင်က မနေတတ်တာတွေကြောင့် တော်တော်

များများ Relationship တွေက ပျက်စီးခဲ့ကြရတာများပါတယ်။

null

"ဒါဆို အချစ်ခံရအောင် တမင်လုပ်ယူရမှာလား " လို့မေးခွန်းထုတ်ကြပါလိမ့်မယ်... နိုးပါနော်.... တကယ်တော့ တစ်ယောက်နဲ့တစ်ယောက်တကယ်မေတ္တာရှိလာပြီ တကယ်

တန်ဖိုးထားလာပြီဆိုရင် ဒါတွေက အလိုလိုဖြစ်လာမယ့်အရာတွေပါ။ တစ်ခုရှိတာက ဘယ်အရာကို မဆိုနားလည်မှုအပြည့်နဲ့ အချစ်ခံရအောင်နေတတ်ဖို့ တော့ Technique လေးတွေတော့လိုပါတယ်....

 

ဘယ်လိုအချက်တွေက တစ်စုံတစ်ယောက်ရဲ့ အချစ်တွေကို အပိုင်သိမ်းလို့ရပြီး အချစ်ခံရတဲ့သူတစ်ယောက်ဖြစ်လာနိုင်လဲ ဆိုတာ ဆက်ဖတ်ကြည့်ရအောင်...

() နှစ်ဉီးနှစ်ဖက် မျှတတဲ့ တန်ဖိုးထားခြင်းမျိုးရှိဖို့လိုပါတယ်

null

ကိုယ့်ဘက်ကချည်းအချစ်ခံရမှာ ဖြစ်မယ်ဆိုတဲ့စိတ်ကြီးကို ဖျောက်ပစ်ပါ။ သူကကိုယ့်ကိုတန်ဖိုးထားသလို ကိုယ်ကလည်းသူ့ကိုလေးစားတန်ဖိုး

ထားနေဖို့လိုပါတယ်။ တစ်ဖက်သတ်ဆန်တဲ့ အချစ်ရေးတွေက အဆုံးသတ်မလှလို့ တူညီတဲ့သစ္စာနဲ့ မေတ္တာရှိဖို့တော့လိုပါတယ်။

() တစ်ကိုယ်ကောင်းမဆန်ပါနဲ့၊ နားလည်မှုရှိပေးပါ။

null

ငါကြိုက်တာချည်းပဲ လုပ်ပေးရမယ် ဆိုတဲ့အတွေးမျိုးမတွေးပါနဲ့။ ကိုယ်ကြိုက်တာတွေချည်းလုပ်ပေးပြီး သူ့အတွက် ကိုယ်က ဘာမှ မသိတတ်ဘူးဆိုရင် အချိန်တန်

နားလည်မှုလွဲပြီးပြတ်သွားမှာ အသေချာပါပဲ။ နားလည်မှုအပြည့်နဲ့ တွေးပေးတတ်တဲ့ ချစ်သူမျိုးကို လူတွေက ပိုပြီးမြတ်နိုးတန်ဖိုးထားတတ်ကြပါတယ်။

() ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပါ

null

ကိုယ့်ကိုယ်ကိုယ် တန်ဖိုးမထားတတ်တဲ့ သူတွေက သူများဆီက တန်ဖိုးထားမှုကိုလည်း ခံရဖို့ခဲယဉ်းတတ်ပါတယ်။ကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ်ချစ်မှ တစ်ခြား

သူကိုယ့်ကို ချစ်လာအောင် နေလို့ရမှာပါ။ တစ်ဖက်လူဆီက ဈေးပေါတဲ့ အချစ်တွေ မရဖို့ ကိုယ်တိုင်ကလည်းတန်ဖိုးရှိရှိ ချစ်တတ်ဖို့လိုပါလိမ့်မယ်။

() ကူညီပါ

null

ကိုယ်ချစ်ရသူ ဒုက္ခရောက်နေတဲ့အချိန်မှာ ကူညီပါ။ အလုံးစုံမတတ်နိုင်ရင်တောင် တတ်နိုင်သလောက် ကူညီဖြေရှင်းပြီးအားပေးတာက တစ်ဖက်

လူအတွက် တကယ်ခွန်အားဖြစ်စေပါတယ်။ အဲ့အချက်ကလည်း ကိုယ့်အပေါ်မှာ အချစ်တိုးလာစေဖို့ အများကြီးအထောက်အကူပြုသွားပါလိမ့်မယ်။

 

ကိုယ့်အတွက် စစ်မှန်တဲ့သူ တစ်ယောက်တွေ့လာတဲ့အခါ ကိုယ်တိုင်ကလည်း ဒီအချက်လေးတွေကို လက်ကိုင်ထားပြီး သစ္စာရှိရှိချစ်ပေးကြမယ်ဆိုရင် လူတိုင်းကအချစ်ခံရဖို့ ထိုက်တန်ပါတယ်။

null

တစ်ခါတစ်လေ ကိုယ့်ရဲ့အတ္တတွေကြောင့် အချစ်စစ်နဲ့ လွဲချော်ခဲ့ရတဲ့ လူတွေလည်းရှိတာမလို့ ကိုယ့်ကိုချစ်ခင်ပေးနိုင်တဲ့သူတွေ့တဲ့အခါ ကိုယ်တိုင်ကလည်း စစ်မှန်တဲ့တန်ပြန်

မေတ္တာပေးနိုင်ကြပါစေ...

Read More
Loading...
Loading...