သင့်မှာ သိပ်ချစ်ရတဲ့ ချစ်သူကောင်မလေးတစ်ယောက်ရှိရင်(ဒါမှမဟုတ်) လက်ထပ်ဖို့အထိရည်ရွယ်ထားတဲ့မိန်းကလေးရှိရင် သူတို့ကို ဒီလိုအရာတွေမလုပ်မိပါစေနဲ့နော်...
မိန်းကလေးအများစုက ကိုယ့်ချစ်သူကို သေလောက်အောင် ချစ်ရင်တောင်မှ လက်ခံမပေးနိုင်တဲ့အရာတွေရှိတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်တော့ လက်ခံမပေးနိုင်တဲ့ အရာတွေက မတူနိုင်ပေမယ့် မိန်းကလေးအများစုနှလုံးသားကို နာကျင်စေလောက်တဲ့အရာတွေရှိနေပါတယ်...
တကယ်လို့ ကိုယ့်ချစ်သူကောင်မလေးကို ဒီလို စိတ်ဒဏ်မျိုးမပေးချင်ဘူးဆိုရင်တော့ အခုပြောပြမယ့်အချက်တွေကို လုံးဝလုံးဝ မလုပ်ပါနဲ့နော်...
(၁) သစ္စာမဖောက်ပါနဲ့
သစ္စာမရှိတဲ့ ချစ်သူကို မိန်းကလေးတွေအမုန်းဆုံးပါပဲ။ အထူးသဖြင့် သူ့အတွက် ပေးရမယ့်ချစ်ခြင်းမေတ္တာတွေကိုတစ်ခြားသူဆီ မျှဝေပေးရမှာမျိုး သူတို့လုံးဝမလိုချင်သလို သူတို့သာလည်း ဒီယောကျ်ားအတွက်အရေးကြီးဆုံးသောမိန်းကလေးဖြစ်ချင်တတ်ကြပါတယ်။
(၂) သူများနဲ့ မနှိုင်းယှဉ်ပါနဲ့
မိန်းကလေးတစ်ယောက်ကို တစ်ခြားမိန်းကလေးတစ်ယောက်နဲ့မနှိုင်းယှဉ်ပါနဲ့။ အထူးသဖြင့် ချစ်သူ ကိုယ်တိုင်ကနှိုင်းယှဉ်ကြတဲ့ အခါ သူတို့ရဲ့အငုံစိတ်ထဲကနေအားငယ်နေတတ်ကြပါတယ်။ ဒါကြောင့်ကိုယ့်မိန်းကလေးကို တစ်ခြားမိန်းမနဲ့မနှိုင်းယှဉ်ပါနဲ့။
(၃) အပေါ်စီးမဆန်ပါနဲ့
မိန်းကလေးဆိုတာ ကြောင်လေးတွေလို ကြင်နာယုယခံချင်တဲ့အမျိုးပါ။ အထူးသဖြင့် သူတို့အပေါ် ကြင်ကြင်နာနာဆက်ဆံတတ်တဲ့သူမျိုးဆိုရင်ပိုသဘောကျပါတယ်။ဒီလိုမဟုတ်ပဲ အော်ဟစ်ပြီး အပေါ်စီးကနေ ကြမ်းကြမ်းတမ်းတမ်းပြောနေပြီဆိုရင်တော့ သူတို့နှလုံးသားထဲကနေ နာကျင်သွားပါလိမ့်မယ်။
(၄) လက်မပါပါနဲ့
မိန်းကလေးတစ်ယောက်ကို လက်ပါတာဟာ သိပ်ကိုအောက်တန်းကျပါတယ်။ တကယ်လို့အရမ်းဒေါသထွက်နေရင် ကိုယ့်ကိုယ်ကိုယ်သာ လက်ပါလိုက်ပါနော်...
(၅) ဥပေက္ခာမပြုပါနဲ့
ချစ်တော့ချစ်တယ် ဂရုမစိုက်တတ်ဘူးဆိုတာ အလကားပါ...တကယ်ချစ်တဲ့ယောကျ်ားတွေက တစ်နည်းမဟုတစ်နည်းနဲ့တော့ဂရုစိုက်တတ်ကြတာချည်းပါပဲ။ ဒါကြောင့်ကိုယ့်ကောင်မလေးစိတ်မနာအောင်အကြာကြီးဥပေက္ခာမပြုကြပါနဲ့နော်...
ကဲ...ကိုယ့်ချစ်သူကောင်မလေးရဲ့နှလုံးလေးကို မနာကျင်စေဖို့ ယူတို့မှာ တာဝန်အပြည့်ရှိသွားပြီနော်...
Source From Own creation
Photo credit from google