Crush ဆီက အငြင်းခံရပြီးချိန်မှာ ဘယ်လိုဆက်ရင်ဆိုင်မလဲ?.... - TrueID

Crush ဆီက အငြင်းခံရပြီးချိန်မှာ ဘယ်လိုဆက်ရင်ဆိုင်မလဲ?....

July 14, 2022

တစ်ခါတလေမှာ ကိုယ့် ပတ်ဝန်းကျင်က တစ်စုံတစ်ယောက်ကို သဘောကျမိသွားတာမျိုး ချစ်မိသွားတာမျိုးဖြစ်တတ်ကြပါတယ်။ အနေဝေးတဲ့သူကို ချစ်မိတာ က ဘာမှမဖြစ်ပေမယ့် ကိုယ့်အနီးနားမှာ ရှိနေတဲ့သူကို သဘောကျမိတာကတော့ တစ်ခါတလေမှာ အခက်တွေ့စေပါတယ်။

null

ချစ်တယ်လို့ဝန်ခံရမှာလည်းခက်သလို ချစ်တယ်လို့ ပြောပြီးလို့ သူ့ဆီကပြန်ရတဲ့အဖြေက " No" ဆိုရင် ဘာဆက်လုပ်လို့လုပ်ရမှန်းမသိ ဖြစ်သွားကြမှာပါနော်...

 

ဆိုတော့ တကယ်လို့ ကိုယ့် Crush ဆီကနေ အငြင်းခံလိုက်ရပြီးသူပြန်ရင်ဆိုင်ဖို့ ဝန်လေးနေတယ်ဆိုရင်တော့ ဒီစာလေးကိုဖတ်ကြည့်နော်...

(1) လုံးဝ မရှောင်ပါနဲ့

null

ကိုယ့်ကို ငြင်းလိုက်လို့ဆိုပြီး အဲ့ဒီလူကို ရှောင်သွာတာမျိုး လုံးဝမလုပ်ပါနဲ့နော်.... ကိုယ့်ခံစားချက်တွေကို ရုတ်သိမ်းလိုက်ရင်တောင် လူကြီးဆန်ဆန်နဲ့ ပုံမှန်အတိုင်းပြောဆိုဆက်ဆံပေးပါ။ တကယ်လို့ သူ့ဘက်လုံးဝကို မဆက်ဆံချင်ဘူးဆိုရင်လည်း ကောင်းကောင်းမွန်မွန်နဲ့ပဲ ဆက်ဆံမှုကို ရုတ်သိမ်းလိုက်ပါနော်... အဲ့လိုမဟုတ်ပဲ ကိုယ့်ကိုငြင်းလိုက်လို့ဆိုပြီးကွယ်ရာမှာမကောင်းပြောတာတွေ တွေ့ရင် ရှောင်လိုက်တာမျိုးတွေ ဒေါသထွက်တဲ့ပုံစံနဲ့ဆက်ဆံတာတွေကရိုင်းလွန်းပါတယ်။

(2)သူ့ဆုံးဖြတ်ချက်ကို  ကိုယ်လက်ခံကြောင်းပြပါ

null

ကိုယ့်ကိုငြင်းလိုက်ပေမယ့်လည်း သူ့ဆုံးဖြတ်ချက်ကို လေးစားပါ။ အငြင်း ခံလိုက်ရတယ်ဆိုပြီး ရှက်မဲမဲမနေပဲတစ်ဖက်သားရဲ့ စိတ်ခံစားချက်ကို လေးစားပေးခြင်းကလည်းကောင်တဲ့အပြုမူပါပဲ။ ဒါကြောင့်သူ့ဆုံးဖြတ်ချက်ကိုကိုယ်လက်ခံနိုင်ကြောင်းပြပါ။

(3) ပုံမှန်အတိုင်းပဲ ပြောဆိုဆက်ဆံပါ

null

တကယ်လို့ လမ်းမှာ ဆုံတဲ့ အခါ မေးထူးခေါ်ပြော ဆက်ဆံပါ။ တကယ်လို့ လုံးဝစကားမပြောချင်ရင်တော့ ပြုံးပြနှုတ်ဆက်တာလောက်တော့ လုပ်လို့ရပါတယ်နော်... သက်သက်ကြီးရှောင်နေတာက တစ်ဖက်သားကိုတစ်ခါတလေမှာ စိတ်အနှောက်ယှက်ဖြစ်စေနိုင်ပါတယ်

null

ကဲ... အရင်တုန်းကလို Crush ဆီကအငြင်းခံရတိုင်း ကလေးဆန်ဆန်နဲ့ ရှောင်ပြေးပြီးနေရခက်တာမျိုး မလုပ်ကြနဲ့တော့နော်...

Source from own creation

Photos credit from Google

Read More
Loading...
Loading...