အချစ်ရေးမှာ အရမ်းကံကောင်းတဲ့ သူဆိုတာ - TrueID

အချစ်ရေးမှာ အရမ်းကံကောင်းတဲ့ သူဆိုတာ

May 11, 2022

ချစ်ခြင်းဆိုတာ သိပ်ကို ကြည်နူးစရာ ကောင်းလှတဲ့အရာမို့လို့ တကယ်လို့ ဖန်တီးတတ်မယ်ဆိုရင် သာယာစရာ ကောင်းလှပါတယ်။ အချစ်ရေးမှာ ကံကောင်းဖို့ ဆိုတာကတော့ လူတိုင်း လိုချင်တဲ့အရာလို့ကို ဆိုနိုင်မှာ ဖြစ်ပါတယ်။

ချစ်သူတိုင်းကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်ပုံခြင်း၊ ဂရုစိုက်ပုံခြင်းတူကြမှာ မဟုတ်ပါဘူး။ တချို့ကျတော့ ချစ်တာကို သက်သေမပြတတ်ဘူး ၊ ဒါပေမယ့် အရမ်းချစ်တယ်။ တချို့ကျတော့ ချစ်သလောက် လုပ်ပေးတတ်တယ်။ သင့်ချစ်သူက သင့်ကို ဒီအချက်လေးတွေနဲ့ ကိုက်ညီနေအောင် လုပ်ပေးနေပြီးဆိုရင်တော့ သင့်အချစ်ရေးမှာ ကံကောင်းသူလေးဖြစ်နေပါပြီ။ 

 

(၁) သူ့ရဲ့အချစ်အားလုံးကို ပိုင်ဆိုင်ရရှိထားခြင်း။ 

အချစ်ရေး ကံကောင်းတယ်ဆိုတာက ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှ မချစ်ပဲ ကိုယ့်အပေါ်မှာ သစ္စာရှိရှိနဲ့ ချစ်နေတာမျိုးပါ။ တစ်ခြားသူကို မယိမ်းယိုင်မှန်းကို အလိုလို သိနေတဲ့စိတ်လေးခံစားနေရပြီဆိုရင်တော့ သူ့ရဲ့ စစ်မှန်တဲ့ အချစ်ကို ကိုယ်က ရနေတာမို့လို့ပါ။

null

(၂) ပျော်ရွှင်မှုကိုရရှိခြင်း။

အချစ်ရေးမှာကံကောင်းတဲ့ သူက ပိုပြီး ပျော်ရွှင် ရပါတယ်။ ဘာကိုမှ သံသယတွေ ရှိစရာ မလိုဘဲ ကိုယ့်မျက်နှာကို အမြဲ ကြည့်နေတတ်သူ ဖြစ်တာကြောင့် သူ့ရဲ့အချစ်တွေနဲ့ အတူ အမြဲလိုလို ပျော်ရွှင်နေကြရမှာပါ။

null

(၃) စိတ်ချရခြင်း။

ချစ်လို့ တစ်ယောက်နဲ့တစ်ယောက် J ဝင် သဝန်တိုတာမျိုး တစ်ခါတစ်လေမှာ ဖြစ်ပေမယ့် သူ့ကို ယုံကြည်လို့ ရနေတာမျိုးပါ။ ကိုယ့်ကိုယ်ပဲ ချစ်တယ်ဆိုတာကို အပြုအမူတွေကနေရော ခံစားချက်တွေကရော သိနေတာကြောင့် စိတ်ချလို့ ရသလို သံသယတောင် ဖြစ်စရာတောင် မလိုတာပါ။

null

(၄) ရင်ခုန်ရခြင်း။

စကြိုက်ကြ၊ ချစ်ခင်စ အချိန်တွေမှာတော့ လူတိုင်း ရင်ခုန်ကြရတာပါပဲ။ ဒါပေမယ့် တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ချစ်မြတ်နိုးနေရတဲ့ စုံတွဲတွေအတွက်တော့ အချိန်တွေဘယ်လောက်ကြာကြာ၊ နှစ်တွေ ဘယ်လောက်ကြာကြာ ဒီရင်ခုန်မှုတွေက အမြဲလိုလို ရှိနေတတ်ပြီး သွေးအေးမသွားကြပါဘူး။ သူ့မျက်နှာကို ကြည့်မိတိုင်း စိတ်ချမ်းသာ ကြည်နူးနေမိတာမျိုးပေါ့။

null

အချစ်ရေးမှာ ကံကောင်းသူတွေသာ ဒီလိုအချစ်ခံရတာပါ။ တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ချစ်ခင်မှုနဲ့ ခွင့်လွှတ်မှုတွေ ပေါင်းစပ်နိုင်မှ ချိုမြိန်ပြီးလှပတဲ့ ချစ်ခြင်းတစ်ခု ဖြစ်လာစေမှာပါ‌နော်။ အပေါ်က အချက်လေးတွေက သင်နဲ့ကိုက်ညီမှုရှိတယ်ဆိုရင်တော့ သင်က အချစ်ရေးမှာ ကံကောင်းတဲ့ သူတစ်ယောက်ဖြစ်နေပါပြီ။ 

Source : Lovepanky

Photo Credit : Google.com

Read More
Loading...
Loading...