ဦးနှောက်နဲ့ နှလုံးသား နှိုင်းယှဉ်လာတဲ့အခါ ဘာကိုရွေးချယ်ကြမလဲ?.... - TrueID

ဦးနှောက်နဲ့ နှလုံးသား နှိုင်းယှဉ်လာတဲ့အခါ ဘာကိုရွေးချယ်ကြမလဲ?....

September 26, 2022

တချို့သူတွေရဲ့ အချစ်ရေးဟာ တခါတလေမှာ ဦး‌နှောက် နဲ့ ရွေးချယ်ရမလို နှလုံးသားနဲ့ ရွေးချယ်ရမလို ဖြစ်တတ်ကြပါတယ်... ဆိုတော့ တကယ်တမ်း လူနှစ်ယောက်တည်းက တစ်ယောက်ကို ကိုယ့်ဘဝအတွက်ရွေးချယ်ရတော့မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါ နှလုံးသားနဲ့ ချစ်ရတဲ့သူကို ရွေးချယ်မှာလား? ဦးနှောက်နဲ့ စဉ်းစားဆုံးဖြတ်ထားတဲ့ သင့်တော်တဲ့သူကိုရွေးချယ်မှာလား?....

null

နှစ်မျိုးလုံးနဲ့ရွေးချယ်ထားတဲ့ ကိုယ့်စိတ်တိုင်းကျ ချစ်ရသူကို ရထားရင်တော့တွေဝေစရာမလိုပေမယ့် ကိုယ်ကရွေးချယ်ရမယ့် အခြေနေဖြစ်လာတဲ့အခါ မှန်မှန်ကန်ကန်နဲ့ ရွေးချယ်တတ်ဖို့လိုပါတယ်။ ရှင်းရှင်းပြောရရင် မှန်ကန်တယ်ဆိုတာထက် ကိုယ်ပျော်ဖို့အရေးကြီးတာပါ။ ဦးနှောက်နဲ့ပဲ ရွေးချယ်ရွေးချယ် နှလုံးသားရဲ့ ဆန္ဒနောက်ကိုပဲလိုက်လိုက် အဓိကက ကိုယ့်ရဲ့ ရွေးချယ်မှုအပေါ် ကိုယ်စိတ်တိုင်းကျနေမယ် ၊ ဘယ်တော့မှနောင်တမရဘူး၊ ကိုယ်တိုင်လည်း ဒီဘဝထဲမှာ သူနဲ့သာဆိုရင် ပျော်နိုင်မယ်လို့ သေချာနေဖို့ပဲလိုပါတယ်နော်...

null

လူအားလုံးရဲ့ ၇၀% လောက်ဟာ ဘဝအတွက်ရွေးချယ်တဲ့အခါ ဦးနှောက်နဲ့ပဲ ရွေးချယ်ကြတာများပေမယ့် သူတို့ရွေးချယ်မှုကို သူတို့ တစ်ဘဝလုံး‌နောင်တကြီးစွာရနေတဲ့သူတွေရှိသလို တချို့ကလည်း မိုက်မိုက်ကန်းကန်းနဲ့ နှလုံးသားရဲ့ ခေါ်ဆောင်ရာနောက် လိုက်သွားလိုက်ရာ မှာတော့ တစ်ဘဝလုံး မထင်ထားလောက်အောင်ကို ပျော်ရွှင်နေရတဲ့ သူတွေလည်းအများကြီးရှိကြပါတယ်...

null

ဒါကြောင့် အရာအားလုံးကို ကိုယ့်ရဲ့ ရွေးချယ်မှုနဲ့ ကိုယ့်ရဲ့ ပျော်ရွှင်မှုပေါ်မှာပဲ မူတည်နေပါတယ်... ကိုယ်ပျော်မယ်ထင်ပြီးရွေးချယ်ခဲ့တဲ့အရာတိုင်းကို ကိုယ်တိုင်က နောင်တမရပဲ ဒီရွေးချယ်မှုရဲ့ ကောင်းခြင်း ဆိုးခြင်းတွေ ကိုလက်ခံနိုင်မယ်... ဒီရွေးချယ်မှုက ရလာတဲ့ Result တိုင်းကို ကိုယ်က ကျေနပ်လက်ခံနိုင်မယ်ဆိုရင် အရာရာက ပျော်စရာကောင်းနေမှာပါပဲနော်...

null

ဒါကြောင့် အချစ်တစ်ခုကို ရွေးချယ်လိုက်တဲ့အခါ ကိုယ်ပျော်မယ်ထင်တာကိုပဲ ရွေးချယ်ကြဖို့ အကြံပေးပါရစေနော်...

null

Source from sl(own creation)

Photos credit from Google

Read More
Loading...
Loading...