ကိုယ့်ကိုပဲ မချစ်ကြတာလား? ကိုယ်ကပဲ မချစ်တတ်တော့တာလား?... - TrueID

ကိုယ့်ကိုပဲ မချစ်ကြတာလား? ကိုယ်ကပဲ မချစ်တတ်တော့တာလား?...

May 24, 2022

အချစ်ရေးကံမကောင်းတဲ့အခါ တစ်ခါတလေမှာ တွေးမိတွေးရာတွေတွေးတတ်ကြပါတယ်... အထူးသဖြင့် တွဲတိုင်းပြတ် တွဲတိုင်းမမြဲ အဆင်မပြေတဲ့ အချစ်ရေးတွေ များလာတဲ့အခါ ကိုယ့်ကိုပဲ လူတွေကမချစ်ကြတာလား?... ကိုယ်ကပဲမချစ်တတ်တော့တာလား? ဘာတွေကများ ဘဝရဲ့အချစ်ရေးမှာ မှားယွင်းနေတာလဲ? ဘယ်လိုအကြောင်းအရာတွေက ကိုယ့်အချစ်ရေးကိုအနှောက်အယှက်ဖြစ်စေသွားတာလဲ? ... ဆိုတဲအတွေးတွေ များနေတတ်ပါတယ်....

null

တကယ်တော့ အချစ်ရေးမှာ အဆင်မပြေပဲ ပြတ်လိုက်တွဲလိုက်ဖြစ်နေတာတွေ၊ ကိုယ်ချစ်သလောက်တစ်ဖက်စီကအချစ်တွေကိုပြန်မရတာတွေ၊ တွဲလိုက်တိုင်းမှာ အဆင်မပြေဖြစ်နေပြီးအချစ်ကို စိတ်ကုန်လာတာတွေ အားလုံးကဘယ်သူ့ကြောင့် ဘာကြောင့်ရယ်မှမဟုတ်ပဲ အချိန်မတန်သေးလို့ပါ...

ကိုယ့်ကချစ်စရာမကောင်းလို့ မချစ်ကြလည်းမဟုတ်သလို ကိုယ်ကလိုအပ်ချက်ရှိလို့လည်းမချစ်ကြတာမဟုတ်ပါဘူး... တကယ်ချစ်တဲ့သူဆိုတာ ကိုယ်ရဲ့ ဖြစ်တည်မှုတွေကို ချစ်မြတ်နိုးပေးနိုင်တဲ့သူမျိုးပါ။ ကိုယ့်ရဲ့အားနည်းချက်တွေကလည်း သူ့အတွက်ချစ်စရာလေးတစ်ခုဖြစ်လာနိုင်သလို တစ်ခါတလေမှာ ကိုယ့်ကိုအရင်လူတွေမကြိုက်ခဲ့တဲ့အချက်ကလည်း တကယ်ချစ်တဲ့သူအတွက်ဆို ပြောပရလောက်တဲ့အရာမျိုးလည်းမဟုတ်လောက်ပါဘူး....

null

ဒီလို ခဏခဏ အချစ်ရေးအဆင်မပြေလာတဲ့အခါ အချစ်ကို စိတ်ကုန်တတ်လာတာမျိုးတွေရှိပါတယ်... လူတွေကိုမချစ်ချင်တော့တာ လူတွေနဲ့မပတ်သတ်ချင်တော့တာမျိုးပေါ့... အဲ့လို စိတ်ခံစားချက်မျိုးက ကြာလေ ကိုယ့်ကိုယ်ကို အထီးကျန်ဆန်လေးမျိုးဖြစ်သွားတတ်ပါတယ်... ဒါကြောင့် အသည်းကွဲလို့အချစ်ရေးကြောင့်ခံစားနေရတယ်ဆိုရင်တောင်  လူတွေအားလုံးကို မချစ်တတ်တော့ဘူးဆိုတဲ့စိတ်မဖြစ်အောင်တော့နေသွားဖို့လိုအပ်ပါတယ်နော်...

null

Right person ဆိုတာ ကိုယ့်ဘဝမှာရှိလာတဲ့အခါ ဒီလိုခံစားနေရတာတွေက ရယ်စရာတွေဖြစ်သွားမှာပါ... မတွေ့သေးခင်ကာလမှာတော့ ကိုယ့်ဘဝလေးကို အေးအေးချမ်းချမ်းလေးပဲဖြတ်သန်းပြီး ကိုယ့်နားမှာရှိတဲ့ကိုယ့်ကိုတကယ်ချစ်တဲ့သူတွေနဲ့သာ နေထိုင်သွားပါနော်...

null

လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ်အရင်ချစ်မှ ကိုယ့်တန်ဖိုးကို သိပြီးချစ်ပေးနိုင်တဲ့သူတွေရှိလာနိုင်တာမလို့ ကိုယ့်ကိုယ်ကို အရင်ချစ်ပေးတတ်ဖို့ လိုပါတယ်...

null

အားလုံးပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာနဲ့ပျော်မွေ့နိုင်ကြပါစေ...

 

Source from own creation

Photos credit from google

Read More
Loading...
Loading...