ကိုယ့်အမျိုးသားလေးကို ပျော်စေချင်ရင် ဒါတွေလုပ်ပေးပါ... - TrueID

ကိုယ့်အမျိုးသားလေးကို ပျော်စေချင်ရင် ဒါတွေလုပ်ပေးပါ...

October 11, 2022

ချစ်သူရည်းစား ဘဝပဲဖြစ်ဖြစ် အိမ်ထောင်သည်ဘဝမှာပဲဖြစ်ဖြစ် တစ်ယောက်ကိုတစ်ယောက်ချစ်ချစ်ခင်ခင်နဲ့ကြင်ကြင်နာနာချစ်တတ်ဖို့အပြင်တစ်ဖက်က ကိုယ့်လက်တွဲဖော်ကို ပျော်ရွှင်အောင်လည်း တခါတလေလုပ်ပေးဖို့လိုပါတယ်။

အမြဲတမ်းကြီးအချိန်မပေးနိုင်ရင်တောင် ကိုယ့်ဘဝရဲ့အရေးပါတဲ့သူမလို့ သူ့စိတ်လေးပျော်ရွှင်အောင် ထားပေးတတ်ဖို့ကလည်း တာဝန်တစ်ခုပါပဲ။ တော်တော်များများစုံတွဲတွေမှာ မိန်းကလေးတွေကချည်း အချစ်ခံရ romantic ဆန်ခံနေရပေမယ့် မိန်းကလေးတွေဘက်ကလည်း ကောင်လေးတွေကို စိတ်ချမ်းသာအောင်ထားဖို့ ပျော်အောင်လုပ်ပေးဖို့လိုပါသေးတယ်။

တစ်ခုရှိတာက ယောကျ်ားလေးတွေက မိန်းကလေးတွေ လို လက်ဆောက်ပစ္စည်းတွေ ပန်းစည်းတွေထက် သူတို့လိုချင်တဲ့ စစ်မှန်တဲ့ ပျော်ရွှင်မှုကိုသာ ပိုပြီးမြတ်နိုးတန်ဖိုးထားကြတာပါ။ ဒါကြောင့် ကိုယ့်ချစ်သူကောင်လေးကိုစိတ်ချမ်းသာအောင်ထားချင်ပေမယ့် လက်ရှိမှာ ငွေကြေးနည်းနေတယ်ဆိုရင်မပူပါနဲ့ သူတို့လိုချင်တာကမိန်းကလေးတွေနဲ့ မတူတာမလို့ အခုပြောပြမယ့်အရာလေးတွေကိုသာ ကိုယ့်လူကြီးကိုလုပ်ပေးလိုက်မယ်ဆိုရင်ပျော်သွားမှာ အသေချာပါပဲ...

ကဲဆို‌တော့ တကယ်ချစ်တတ်တဲ့ယောက်ျားလေးလိုချင်တဲ့ ပျော်ရွှင်မှုကဘာတွေလဲ?

() သူနဲ့အတူတူဝါသနာပါတာတွေကိုလုပ်တာ

null

 

ယောကျ်ားလေးတွေက သူတို့နဲ့အတူတူ စိတ်တူကိုယ်တူ နေတတ်တဲ့မိန်းကလေးတွေကို ပိုပြီးသဘောကျတတ်ပါတယ်။ အထူးသဖြင့်ကိုယ့်ကောင်မလေးက ကိုယ်ဝါသနာပါတဲ့အရာကို ကိုယ်နဲ့အတူတူလိုက်ကြိုးစားလုပ်ပေးနေတယ်ဆိုရင် သူတို့စိတ်ထဲက အလိုလိုကျေနပ်နေကြတာပါပဲ။ အော် ငါ့ကောင်မလေးကငါ့ကို တော်တော်ချစ်ရှာပါလားဆိုတဲ့ခံစားချက်က သူတို့ရင်ကို နွေးစေပါတယ်။

() ကိုယ့်ချစ်သူကောင်မလေးရဲ့ လက်ရာ

null

ကောင်လေးတွေက တစ်ခါမှဟုတ်တစ်ခါတော့ ကိုယ့်ချစ်သူကောင်မလေးရဲ့လက်ရာကို စားချင်တတ်ကြပါတယ်။ယောကျာ်းတွေရဲ့အချစ်ကအစ ဝမ်းဗိုက်က ဆိုသလိုယောကျာ်းလေးတွေက သူတို့ကို အစားသောက်ကောင်းချက်ကျွေးတတ်တဲ့ကောင်မလေးတွေကို အချစ်ပိုတတ်ကြပါတယ်။ မချက်တတ်ရင်တောင် သူငါ့အတွက်တော့ တခါတလေကြိုးစားပေးပါလားဆိုတဲ့ အသိလေးက အချစ်တိုးစေပါတယ်နော်။

() သူတို့ ကိုနားလည်မှုပေးတာ

null

သူတို့ကို နားလည်မှုပေးတဲ့ မိန်းကလေးတွေကယောကျ်ားတစ်ယောက်အတွက် ဆုလာဘ်ပါပဲ။ ယောကျ်ားလေးတို့သဘာဝအပေါင်းသင်းမက်ချင်မက်မယ်။ အသောက်စားရှိရင်ရှိမယ် ဒါတွေကို လက်ခံသင့်တဲ့အတိုင်းတာတစ်ခုထိနားလည်လက်ခံပေးနိုင်တဲ့ ချစ်သူကောင်မလေးက သူတို့အတွက် အပျော်ရွှင်ရဆုံးသော ဆုလာဘ်လေးပါပဲနော်။

() သူတို့အတွက်တကယ်လိုအပ်နေတဲ့ပစ္စည်းပေးတာ

null

သူတို့အတွက် ကိတ်မုန့်တွေပန်းစည်းတွေထက် တကယ်လိုချင်တာက တကယ်လိုအပ်နေတဲ့ပစ္စည်းမျိုးပါ။ ကိုယ့်ကောင်လေးလက်ရှိမှာ ဘာတွေလိုနေလဲ? သူ့မှာ ဘာတွေအခက်ခဲဖြစ်နေလဲဆိုတာတွေးပြီး သူတို့ အတွက် တကယ်လိုအပ်နေတဲ့ပစ္စည်းမျိုးကို ပေးတာက သူတို့ကို တကယ်ပျော်ရွှင်စေပါတယ်။မတတ်နိုင်သေးရင်မပေးပါနဲ့ သူတို့စိတ်မဆိုးတတ်ပါဘူး။တတ်နိုင်တဲ့အချိန်မှ  သူတို့လိုအပ်မယ်ထင်တာလေးကို ပေးဖို့လိုပါတယ်နော်...

() လိုအပ်နေချိန်မှာရှိနေပေးတာ

null

လိုအပ်နေတဲ့ အချိန်အနားမှာရှိနေပေးမယ့် မိန်းကလေးမျိုးကို အမျိုးသားတွေက ပိုပြီးတန်ဖိုးထားတတ်ကြပါတယ်။ အထူးသဖြင့် ကိုယ့်ချစ်သူ မိန်းကလေးက ကိုယ့်ရဲ့ လိုအပ်အားငယ်နေချိန်မှာ အတူတူရှိနေပေးပြီး အားပေးမယ်ဆိုရင် သူတို့အတွက် တန်ဖိုးမဖြတ်နိုင်တဲ့ အရာပါပဲ။ ယောကျ်ားသားတွေက လူတိုင်းရှေ့မှာမျက်ရည်မကျတတ်တာမလို့ သူတို့ရဲ့ ချစ်ရတဲ့အမျိုးသမီးတွေကပဲ သူတို့ရဲ့ ဝမ်းနည်းမျက်ရည်တွေကို သုပ်ပေးပြီး ခွန်အားဖြစ်ပေးဖို့လိုပါတယ်နော်...

ကဲ ကိုယ့်ချစ်သူကောင်လေးစိတ်ချမ်းသာဖို့က ကိုယ့် တာဝန်မလို့ အခုကစပြီး ကိုယ့်ကောင်လေးကို ပျော်အောင်ထားနိုင်ကြပါစေနော်...

Read More
Loading...
Loading...