သင်က လူတစ်ယောက်ကို ပုံအောပြီး ချစ်ခဲ့ဖူးလား..? ကိုယ့်ရဲ့ အခက်အခဲတွေကို အတူဖြေရှင်းရင်း ကိုယ့်နှလုံးသားနဲ့အနီးစပ်ဆုံးရော ဖြစ်ခဲ့ဖူးလား..? ဘယ်တော့မှ မကွဲဘူးလို့ ယုံကြည်ပြီး ပုံအောချစ်ပြီးမှ လမ်းခွဲရဖူးလား... ? ကိုယ်ရဲ့ အနာဂတ်ကို ဒီလူနဲ့ပဲတူတူဖြတ်သန်းသွားတော့မယ်လို့ စဉ်းစားထားပြီးမှ အဲ့ဒီလူအနားမှာမရှိတော့တဲ့အခါ ယောင်ချာချာကျန်ခဲ့ကြတာ ထုံးစံပါပဲ ။ ဘယ်နေရာကြည့်ကြည့် သူနဲ့ကိုယ်အမှတ်တရချည်းပဲမြင်နေရင်လည်း အဲ့ဒီနေရာကထွက်ပြေးလာလိုက်ချင်တာ ပုံမှန်ပါပဲ ။ ဒါကြောင့် ချစ်တဲ့လူတစ်ယောက်ကို ဘယ်လိုမေ့ရမယ်ဆိုတဲ့အကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်။
လက်ခံသင့်တာကို လက်ခံလိုက်ပါ။
လူတစ်ယောက်ကိုမေ့ဖို့အတွက် ရှောင်မပြေးပဲ လက်ရှိဖြစ်နေတဲ့ အမှန်တရားကို လက်ခံလိုက်ပါ။ သူက ကိုယ်ဘယ်လောက်ခေါ်ခေါ် သူပြန်လာတော့မယ်သူ မဟုတ်တော့တာကြောင့် သူမရှိတဲ့ ဘဝကို တစ်ယောက်ထဲ ရင်ဆိုင်ကြည့်လိုက်ပါ။ ခက်ခဲတယ်ဆိုပေမယ့်ရှောင်ပြေးနေတာထက် အရှိကိုအရှိအတိုင်းလက်ခံလိုက်တာက အချိန်အတိုင်းတစ်ခုရောက်ရင် အဆင်ပြေသွားမှာပါ။ ဒါကြောင့် ပြန်မဆုံနိုင်ခြင်းကို လက်ခံလိုက်ဖို့က သိပ်ကိုအရေးကြီးပါတယ် ။
စိတ်ကိုမတင်းထားပါနဲ့။
သူ့ကိုသတိရလို့ အရမ်းမခံစားနိုင်တော့လို့ ငိုချင်ရင် ငိုချပစ်လိုက်ပါ။ ရင်ဖွင့်မှ ပေါ့ပါးသွားမယ်ဆိုရင်လည်း သင်နဲ့ ရင်းနှီးတဲ့ တိုင်ပင်လို့ရတဲ့သူတွေဆီမှာ ရင်ဖွင့်ချပလိုက်ပါ။ သူမကောင်းလို့ပဲ ထားခဲ့ထားခဲ့ ၊ ကိုယ့်အမှားကြောင့်ပဲ ကျန်ခဲ့ကျန်ခဲ့ .. အားပါးတရငိုကြွေးခွင့်တော့ ကိုယ့်မှာအပြည့်ရှိပါတယ် ။
သူ့ကိုသွားမဆက်သွယ်မိပါစေနဲ့။
တစ်သက်လုံးရည်စူးထားတဲ့ လူတစ်ယောက်ကို မခေါ်မပြောနေလိုက်ဖို့က ထင်တာထက်အများကြီး ပိုခက်ခဲပါတယ် ။ လွမ်းစရာရှိရင် နာစရာနဲ့ဖြေဆိုသလိုပဲ ကိုယ့်ရဲ့မာနနဲ့ သိက္ခာကို ရှေ့တန်းတင်ပြီး ကိုယ့်အပေါ် ရက်စက်ခဲ့တာတွေကို ပြန်တွေးပြီး မဆက်သွယ်မိအောင် နေကြည့်ပါ။
အသစ်ရှာကြည့်ပါ။
သူငယ်ချင်းအသစ်တွေရှာ ၊ ပတ်ဝန်းကျင်အသစ်တွေ လျှောက်လည်တာကနေပြီး အိပ်ရာခင်းလဲတာ ၊ ခန်းဆီးလဲတာအထိ ၊ ကိုယ့်နေ့စဉ်ဘဝထဲ စိတ်သစ်လူသစ်ဖြစ်စေမယ့်အရာမှန်သမျှ အသစ်တစ်ခုပြောင်းလဲပစ်လိုက်သင့်တယ် ။ အသစ်လဲပစ်လိုက်တာမျိုးက ကိုယ့်ဘဝကို စိတ်သစ်လူသစ်ပြန်စခွင့်ပေးတော့မယ့် မျှော်လင့်ချက်အရိပ်အယောင်တွေပါ။
အဓိက က လူတစ်ယောက်ကိုမေ့ပစ်နိုင်ဖို့ အချိန် တစ်လလား ၊ တစ်နှစ်လား ၊ ဒဏ်ရာအတိမ်အနက် ဘယ်လောက်ရှိသလဲ ၊ ကိုယ်ဘာကြိုက်တတ်လဲ ၊ ဘာလုပ်ချင်လဲ ၊ ကိုယ့် Limit လေးကို ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာ ကြားချပြီး စိတ်ရှည်ရှည်လေး ကုသနိုင်ဖို့အရေးကြီးပါတယ် ။
Source : timesofindia
Photo Credit _ Google.com