ကိုယ့်နဲ့တွဲခဲ့ဖူးတဲ့ ရည်းစားဟောင်းတွေက တစ်နေ့ကျရင် ကိုယ့်ဆီ ပြန်ရောက်လာတတ်ပါတယ်။ ကိုယ့်ကို တန်ဖိုးမထားခဲ့တဲ့သူတွေဟာ တစ်နေ့နေ့မှာ ကျိန်းသေ ကိုယ့်တန်ဖိုးကို သိလာကြပြီး သူတို့ဟာ နောင်တတွေနဲ့အတူ ကိုယ့်ဆီပြန်လာဖို့ ကြိုးစားကြပါလိမ့်မယ်။ ရည်းစားဟောင်းနဲ့ပြန်တွဲတယ်ဆိုတာ က အသစ်တစ်ယောက် ထားတာထက် ပိုပြီးရှုပ်ထွေးလှပါတယ် ။ ဒါကြောင့် ရည်းစားဟောင်းနဲ့ ပြန်တွဲချင်တဲ့အခါ တခြား သူတွေကို တိုင်ပင်တာထက် ကိုယ်တိုင်စဉ်းစားဆုံးဖြတ်တာ ပိုကောင်းပါတယ်။ ဒါကြောင့် ကိုယ်တိုင် ဆုံးဖြတ်ချက် ချနိုင်အောင် ရည်းစားဟောင်း ပြန်လာနိုင်မလား သိနိုင်မယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
အဲ့လို စုံစမ်းနေတာကိုလည်း တဆင့်စကားတဆင့်ကြားရပါတယ်။ Message ပို့တာဖြစ်ဖြစ်ပြုလုပ်ပါလိမ့်မယ်။ သင်က reply မပြန်ဘူးဆိုရင်တော့ သူ့ဘက်က ဖုန်းခေါ်လာပါလိမ့်မယ်။
အဆက်အသွယ်ရလာပြီဆိုရင်တော့ ပြန်တွဲဖို့ တန်းပြောမှာမဟုတ်သေးပါဘူး။ ကိုယ့်အကြောင်းတွေ ပြန်စိတ်ဝင်စားလာပါမယ်။ ကိုယ်နဲ့ပတ်သက်ပြီး မေးခွန်းတွေ မေးလာပါမယ်။
ကိုယ်နဲ့အတူရှိခဲ့တုန်းက ပျော်စရာအမှတ်တရတွေ၊ ကိုယ်နဲ့လမ်းခွဲပြီးနောက်ပိုင်း အဆင်မပြေတာတွေကို ပြောလာပါလိမ့်မယ်။ ကြုံကြိုက်တဲ့အခါတိုင်း တောင်းပန်လာပါမယ်။ သူ့လုပ်ခဲ့တဲ့အမှားတွေအပေါ် ခွင့်လွှတ်ပေးဖို့ ပြောလာပါမယ်။
လက်ရှိ ကိုယ့်မှာ ရည်းစားရှိနေပြီဆိုရင် သူငယ်ချင်းအဖြစ်နေဖို့ သူကြိုးစားပါလိမ့်မယ်။ ဒါပေမယ့် လက်ရှိရည်းစားအပေါ် သူလုံးဝ အမြင်ကြည်မှာ မဟုတ်ပါဘူး။ မနာလိုမှုတွေ ရှိနေပါလိမ့်မယ်။
ကိုယ့်ကို တန်ဖိုးထားနေကြောင်း သူပြလာပါမယ်။ နေ့တိုင်း သူ့ဘက်က အဆက်အသွယ်လုပ်ပါလိမ့်မယ်။ ရည်းစားဖြစ်ခါစတုန်းကထက်တောင် ပိုပြီး ဂရုစိုက်ပေးပါလိမ့်မယ်။
ဒီအချက်တွေထဲက (၃) ချက်လောက် ကိုက်ညီနေမယ်ဆိုရင်တော့ သူ သင့်ဆီ ပြန်လာဖို့ ကြိုးစားနေတာ သေချာနေ ပါပြီနော်။ နှစ်ဦးသား အကြောင်းအမျိုးမျိုးကြောင့် ရှေ့ဆက်လက်တွဲသွားဖို့ မဖြစ်နိုင်တော့တာမို့ လက်တွဲဖြုတ်ခဲ့ကြပြီး မှ ပြန်တွဲဖို့ ဖြစ်နိုင်လား ၊ မဖြစ်နိုင်ဘူးလားဆိုတာကိုတော့ ကိုယ့်ရဲ့ နှလုံးသားနဲ့ ဦးနှောက်နဲ့ သေချာ စဉ်းစားပြီးမှ ဆုံးဖြတ်ချက်ချသင့်ပါတယ်နော်။
Source : The Queen Momma
Photo Credit : Google.com