သစ္စာဖောက်ဖူးလား? ဒါမှမဟုတ် သစ္စာဖောက်ခံရဖူးလား?
ချစ်ခြင်းမေတ္တာရဲ့ဘယ်လိုအတိမ်အနက်မျိုးမဆို သစ္စာတရားဆိုတာ အရမ်းအရေးပါပါတယ်။ အထူးသဖြင့် ဘဝတစ်သတ်လုံးလက်တွဲသွားမယ်လို့ ဆုံးဖြတ်ထားတဲ့ ချစ်ရေးချစ်ရာတွေမှာ သစ္စာဆိုတာ သိပ်ကိုအရေးပါတာပေါ့...
ဒီနေရာမှာ အများစုမေးကြတာက တစ်ခါသစ္စာဖောက်ပြီးသားသူကို ခွင့်လွှတ်သင့်လား?... တကယ်လို့ သူ့အမှားသူသိပြီးထပ်မလုပ်တော့ပါဘူးဆိုတဲ့ကတိစကားကိုရောယုံသင့်လား?...ဆိုတဲ့မေးခွန်းပါပဲ...
အဖြေကတော့ သင်ကြိုက်သလိုဆုံးဖြတ်ပါ လို့ပဲပြန်ပြောပါရစေ....
သစ္စာတရားကို ခံယူထားတဲ့ ပုံစံချင်းမတူညီတဲ့လူ၂ယောက်အတွက် အဖြေက ၂မျိုးဖြစ်နိုင်ပါတယ်။
ဥပမာပြောရရင် ကိုယ်က သစ္စာတရားကိုအရမ်းတန်ဖိုးထားပြီး တစ်ခြားအရာတွေကို လက်ခံပေးနိုင်ရင်တောင်ကိုယ့်အပေါ်သစ္စာပျက်သွားရင်လုံးဝလက်မခံပေးနိုင်တဲ့သူတွေရှိသလို တစ်ချို့ကတော့ ဒါဟာ ဘဝမှာဖြစ်တတ်တဲ့အမှားလို့ ခံယူတတ်ကြပါတယ်။
ဒီတော့အဖြေကရှင်းပါတယ်။ သစ္စာဖောက်ဖူးတဲ့သူကို ကိုယ်က အရင်ကလိုပဲ ဆက်လက်ပြီး ချစ်ပေးလေးစားပေးနိုင်တယ်ဆိုရင်ခွင့်လွှတ်ကြည့်လိုက်ပါ။ အကြိမ်ပေါင်းများစွာသစ္စာဖောက်လို့ ကိုယ်ကခံနေရတာတောင် ဆက်ချစ်နေဦးမယ်ဆိုရင် သင့်ဘဝနဲ့သင်ပါပဲ။ ဒီလိုမှမဟုတ်ပဲ ဒီလူကိုယုံကြည်မှုပျက်ယွင်းသွားပြီဆိုရင်တော့ ဆက်ပြီးမချစ်တော့တာ အကောင်းဆုံးပါပဲ...
သစ္စာတရားဆိုတာ တန်ဖိုးထားတတ်တဲ့သူ လက်ထဲမှာ တန်ဖိုးရှိပြီး ပေါ့ပျက်ပျက်သူအတွက်ကတော့ ဘာမှမဟုတ်တဲ့အရာမလို့ အရာရာဟာကိုယ့်ရဲ့ပြတ်သားတဲ့ဆုံးဖြတ်ချက်ပေါ်ပဲမူတည်ပါတယ်နော်...
Source from own creation
Photo credit from google