ဒီလိုမိန်းမတွေကို လက်မထပ်ပါနဲ့.... - TrueID

ဒီလိုမိန်းမတွေကို လက်မထပ်ပါနဲ့....

October 12, 2022

အချစ်ရေးတစ်ခုမှာ ဘာပြဿနာတက်တက် ဒါက ယောက်ျားလေးဘက်က အမှားလို့ချည်းထင်နေတဲ့ တစ်ဖက်ပိတ်လူတွေ အခုထိအများကြီးရှိကြပါတယ်... တကယ်တော့ အချစ်ရေးတစ်ခုဟာစတင် တည်ဆောက်ကတည်းကအဆုံးသတ်တဲ့အထိ နှစ်ဦးနှစ်ဖက်လုံးရဲ့အပြုမူတွေ ဆုံးဖြတ်ချက်တွေ၊ ခံစားချက်တွေနဲ့ လုပ်ရပ်တွေပေါ်မှာပဲနောက်ဆုံး result ကကွာခြားသွားတတ်ကြတာပါ။ လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်တယ်ဆိုသလို ချစ်ရေးချစ်ရာမှာလည်း ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ယောကျ်ားလေးဘက်ကချည်းမှားနေတယ်လို တထစ်ချ ဆိုလို့မရပါဘူး... ဒီလိုပါပဲ အိမ်ထောင်တစ်ခု တည်ဆောက်တဲ့အခါမှာလည်း မိန်းကလေးတွေက ဘဝအတွက် အကောင်းဆုံးဖြစ်မယ့် အမျိုးသားကိုရွေးချယ်သင့်သလို အမျိုးသားတွေဖက်ကလည်း ဘဝတစ်ခုလုံးအတွက် လက်တွဲဖို့ စိတ်ချယုံကြည်ရတဲ့ မိန်းကလေးမျိုးကိုပဲ အိမ်ထောင်ဖက်အဖြစ်ရွေးသင့်ပါတယ်....

null

ဆိုတော့ ဘယ်လိုမိန်းမမျိုးတွေကို အိမ်ထောင်ဖက်အဖြစ်ရှောင်သင့်လဲ?

ဘာလို့ရှောင်သင့်တာလဲ?

() သစ္စာတရားကို တန်ဖိုးမထားတတ်တဲ့မိန်းမ

null

ယောကျ်ားပဲ သစ္စာဖောက်တတ်တယ်မထင်ပါနဲ့ .... မိန်းကလေးတွေထဲမှာလည်း စိတ်မငြိမ် သိက္ခာမရှိပဲသစ္စာဖောက်ရတာကို treatment တစ်ခုလိုဖြစ်နေတဲ့မိန်းမတွေအများကြီးပါ... ပိုင်ရှင်ရှိပေမယ့်လည်းရောက်ရာအရပ်မှာ ဘဲတကာနဲ့ အီစီကလီလုပ်ဖို့ ဝန်မလေးနဲ့ မိန်းမတွေအများကြီးပါပဲ... သူတို့ကို ဒီလိုမလုပ်ဖို့ ပြောပြန်ရင်လည်းသူတို့ စွံနေတာကို မနာလိုလို့ ပြောတယ်ထင်ကြပါသေးတယ်။ ဒီလိုမိန်းမမျိုးက အိမ်ထောင်မကျခင်တော့အပျော်တွဲလို့ကောင်းရင်ကောင်းနိုင်ပေမယ့်အိမ်ထောင်ကျသွားတဲ့အခါ သူ့ရဲ့ စရိုက်ကိုမပြင်ဘူးဆိုရင် ခဏလေးနဲ့ဒီအိမ်ထောင်ကပျက်စီးသွားမှာပါပဲနော်...

() အိမ်ထောင်ဦးစီးအပေါ် လေးစားမှုမရှိတဲ့မိန်းမ

null

ယောကျ်ားကိုရိုသေရမယ်ဆိုတိုင်း ကြောက်နေဖို့ မလိုပါဘူး။ ရိုသေသင့်တဲ့နေရာမှာရိုသေ လေးစားသင့်တဲ့နေရာမှာလေးစားပြီး သူ့နေရာနဲ့သူ respect ရှိတတ်မှ ကိုယ့်အမျိုးသားရဲ့ချစ်မြတ်နိုးခြင်းကို ခံရတဲ့အိမ်ထောင်ရှင်မဖြစ်မှာပါ... လူကြားထဲလည်းမရှောင် နေရာလည်းမရွေး ဒီအကောင် ငါ့ကို ချစ်လို့ယူထားတာပဲဆိုပြီးဖိနိုင်ရင်တော့ ဒီအိမ်ထောင်ကမြဲမှာမဟုတ်ပါဘူး။

() အသုံးဖြုန်းကြီးတဲ့မိန်းမ

null

စာရိတ္တလည်းကောင်းတယ် ယောက်ျားပေါ်လည်း ချစ်ကြောက်ရိုသေတော့ရှိပါရဲ့ ဒါပေသည့် ကိုယ်တိုင်ကဘာမှမလုပ်ပဲ ယောကျ်ားရှာသမျှ ထိုင်သုံးဖြုန်းနေတဲ့ မိန်းမတွေအများကြီးရှိပါတယ်။ စကြိုက်တည်းက အသုံးဖြုန်းကြီးတဲ့မိန်းမကိုကြိုက်မိရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ်ကံ များများရှာနိုင်ဖို့ပဲ စဉ်းစားပါလို့အကြံပေးပါရစေ

() လွှမ်းမိုးလွန်းတဲ့မိန်းမ

null

ယောကျာ်းတစ်ယောက်ကို သိပ်လွှမ်းမိုးတတ်လွန်းတဲ့ မိန်းမတွေကို လက်မထပ်ပါနဲ့။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် လူတိုင်းမှာ သူ့ရွေးချယ်မှုနဲ့သူ သူ့ဆုံးဖြတ်ချက်နဲ့သူရှိတတ်ကြပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဆုံးဖြတ်ချက်တိုင်း ကိုယ်လုပ်တဲ့အရာတိုင်းကို ဆရာမကြီးဝင်လုပ်ပြီး ဘာဖြစ်ဖြစ်သူပဲဆုံးဖြတ်မယ်ဆိုတဲ့ မိန်းမမျိုးက ကြာလာတဲ့အခါ အိမ်ထောင်တစ်ရဲ့သုခကို ပျက်စီးစေပါတယ်။

() လောဘကြီးလွန်းတဲ့မိန်းမ

null

ကိုယ့်အပေါ် မျှော်လင့်ချက်အမြင့်ကြီးတွေထားပြီး အတင်းတွန်းအားပေး ဖိအားပေးတတ်တဲ့မိန်းမမျိုးကိုမယူပါနဲ့။မျှော်လင့်ချက်ကြီးကြီးထားတာကကောင်းပေမယ့် မဖြစ်နိုင်တဲ့အမြင့်ကြီးကို မှန်းထားပြီး ကိုယ်လုပ်နိုင်တဲ့ အနေထားထက် ပိုပြီး တွန်းအားပေးတဲ့အခါ ကိုယ်ရောသူပါနာကျင်ခံစားလာရမှာပါ။ ဒါကြောင့် ကိုယ်စွမ်းရှိသလောက်ကြိုးစားနေတာကိုပဲလက်ခံပေး ပြီးတိုးတတ်လာအောင် support ပေးနိုင်တဲ့သူမျိုးကို ရွေးချယ်တတ်ဖို့လိုပါတယ်

() သဝန်ကြောင်လွန်းအားကြီးတဲ့မိန်းမ

null

သဝန်တိုတတ်တာလေးက ချစ်ဖို့ကောင်းပေမယ့် တွေ့ရာမြင်ရာအကုန်လုံးနဲ့သဝန်ကြောင်ပြီး အရှက်ခွဲနေမယ်ဆိုရင်တော့ရေရှည်အတွက် အဆင်မပြေပါဘူးနော်... ဆိုတော့ ဒီလိုလူမျိုးကို လည်း အိမ်ထောင်ဖက်အဖြစ်မရွေးချယ်ဖို့ပဲအကြံပေးပါရစေ...

ဒါဆိုရင် လက်ရှိ ကိုယ်ချစ်နေတဲ့မိန်းကလေးက ဒီလိုမိန်းကလေးဖြစ်နေရင်ရော ဘာဆက်လုပ်သင့်သလဲ? သေချာတာကတော့ မစွန့်လွှတ်နိုင်ရင်သည်းခံရမှာပါပဲ... ဖြစ်သင့်ဖြစ်ထိုက်တာကို ပြောပြပေး လမ်းညွှန်ပေးပြီး ပျော်ရွှင်တဲ့ ဘဝတစ်ခု တည်ဆောက်ချင်ကြောင်း ရှင်းပြပေးပါ။ သူသာကိုယ့်ကိုတကယ်ချစ်ရင် ကိုယ်နဲ့အတူ ဘဝရှေ့ဆက်ပျော်နိုင်ဖို့အတွက် ပြုပြင်ပေးမှာပါပဲ။ ဒါပေမယ့် လူတစ်‌ယောက်ရဲ့ဗီဇက ဘယ်တော့မှ မြန်မြန်ဆန်ဆန်မပြောင်းလဲနိုင်တာမလို့ကိုယ်နဲ့သူနဲ့ပေါင်းသင်းတဲ့အခါတကယ်အဆင်ပြေနိုင်ပါ့မလားဆိုတာကိုတော့ မယူခင်ထဲက ကြိုတင်စဉ်းစားပြီး သေချာဆုံးဖြတ်ပါလို့ပဲ အကြံပေးပါရစေ...

Source from sl(own creation)

Photos credit from Google

 

Read More
Loading...
Loading...