ကိုယ်ချစ်ရတဲ့သူက တစ်ခြားသူကို ချစ်နေတဲ့အခါ.. - TrueID

ကိုယ်ချစ်ရတဲ့သူက တစ်ခြားသူကို ချစ်နေတဲ့အခါ..

September 26, 2022

လိုတာမရ ရတာမလို ဆိုတဲ့ လောကကြီးထဲမှာ လူတိုင်းက ကိုယ်လိုချင် ကိုယ်ဖြစ်ချင်တဲ့အတိုင်း အမြဲမဖြစ်နိုင်ကြသလို ကိုယ်မရတဲ့အရာတွေကို ပဲတပ်မက်စွာ လိုချင်တဲ့အချိန် ရှိတတ်ကြပါတယ်...

ကျန်တာတွေကို နားလည်လက်လွှတ်ပေးလို့ရပေမယ့် အချစ်ရေးနဲ့ ပတ်သတ်တဲ့အခါ မှာတော့ ကိုယ်ချစ်တဲ့သူကတစ်ခြားကိုပဲကြည့်နေတဲ့ ခံစားချက်ကြီးက တော်တော်ဆိုးဆိုးပါ။ ဘယ်လောက်ပဲ ကိုယ့်စိတ်ခံစားချက်ကို မြိုသိပ်မြိုသပ် ဘယ်လောက်ပဲ ကိုယ့်အချစ်ကို ဖုံးကွယ်ဖုံးကွယ် လိမ်လို့မရတာက ချစ်ခြင်းရယ် ဆင်းရဲခြင်းရယ် ပါပဲ...

ကိုယ့်ကို ပြန်မချစ်တာကို ခံသာသေးပေမယ့် ကိုယ်မဟုတ်တဲ့ တစ်ခြားတစ်ယောက်အပေါ် ကြင်နာပေးနေတာချစ်ခင်ပေးနေတာ ယုယပေးနေတာတွေက မျက်မြင်မပြောနဲ့ နားနဲ့ကြားရရင်တောင် ရင်နာလို့မဆုံးပါဘူးနော်...

ဆိုတော့ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကိုပြန်မချစ်ပဲ တစ်ခြားတစ်ယောက်ကို ချစ်နေတဲ့အခါဘာဆက်လုပ်သင့်လဲ?

() ကိုယ်သူ့ကို ချစ်နေကြောင်း ထုတ်ပြောဖြစ်အောင်ပြောပါ

null

ကိုယ်ချစ်ရတဲ့ တစ်ဖက်လူက တစ်စုံတစ်ယောက်ကိုချစ်နေပေမယ့် တရားဝင်ပိုင်ရှင်မရှိသေးဘူးဆိုရင်တော့ ကိုယ်ချစ်နေကြောင်းကို ဖွင့်ပြောလိုက်ပါ။ သူ့ဘက်ကနေ တခြားသူကို ချစ်နေပါတယ်တို့ လက်မခံနိုင်ပါဘူးတို့ ပြောပြီးဘယ်လိုပဲငြင်းပါစေ လောကကြီးမှာ ကိုယ်ချစ်တဲ့သူကို ချစ်တယ်လို့တော့ တစ်ခါလောက်ဖွင့်ပြောခဲ့လိုပါတယ်။ သူကမှ ငါ့ကို မချစ်တာ ပြောလည်း စကားပဲအဖက်တင်မှာပဲလို့ ထင်ရပေမယ့် တကယ်တမ်းတော့ သူ့ဘက်ကတုံ့ပြန်မှုတိုင်းကို လက်ခံနိုင်ဖို့နဲ့ ကိုယ်ချစ်တာကို ဝန်ခံတတ်ဖို့တော့လိုပါတယ်။

() ဆက်မလိုက်ပါနဲ့

null

အ‌ပေါ်ကပြောခဲ့သလို တစ်ခါဖွင့်ပြောပြီးလို့ အငြင်းခံရတဲ့အခါ ထပ်မပြောပါနဲ့။ခဏခဏပြောမှ ချစ်စကားကြိုက်စကားဆိုတာ တန်ဖိုးရှိတာမဟုတ်ပါဘူး။ လေးလေးနက်နက်နဲ့တစ်ခါပြောပြီးလို့ငြင်းတဲ့အခါ လက်ခံလိုက်ပါ။

() ရန်မမူပါနဲ့

null

ကိုယ့်ကိုပြန်မကြိုက်ပဲ တစ်ခြားသူကို ကြိုက်နေရမလားဆိုပြီး စိတ်မတိုပါနဲ့။ လောကကြီးက ကိုယ်ဖြစ်ချင်တိုင်းဖြစ်လို့ရတဲ့အရာမဟုတ်လို့ သူ့ဆုံးဖြတ်ချက်တွေကိုလေးစားပေးပါ။ ကိုယ့်ကို ငြင်းလိုက်ရင်တောင် သူချစ်တဲ့သူနဲ့ပျော်ရွှင်နိုင်ဖို့ ဆုတောင်းပေးလိုက်ပါ။

() စောင့်မကြည့်ပါနဲ့

null

သူကြိုက်နေတဲ့သူနဲ့ သူနဲ့ အဆင်ပြေသွားပြီလား? သူတို့တွဲနေကြပြီလား? သူတို့ ကြည့်နူးနေကြလား? ဆိုတာတွေကို စောင့်မကြည့်ပါနဲ့။ ကိုယ်ကတော့ ကိုယ်ချစ်တဲ့သူမလို့ စောင့်ကြည့်တယ်ဆိုပေမယ့် ကိုယ့်နှလုံးသားက ခံနိုင်ရည်မရှိတဲ့အခါ အချိန်ကြာလေ နာကျင်လေဖြစ်မှာကိုယ်ပါပဲ။ ကိုယ့်ဘာသာကိုယ် လျှာရှည်ပြီးစောင့်ကြည့်မလို့နာကျင်ရတဲ့အခါ ဘယ်သူကမှလည်း လာသနားမှာမဟုတ်ပါဘူး။

ဆိုတော့ အခုကစပြီး ကိုယ့်ကိုမချစ်ပဲ တစ်စုံတစ်ယောက်ကိုပဲ ကြည့်နေတဲ့သူတစ်ယောက်ကို ကိုယ်လည်း စွန့်ခွာဖို့ကြိုးစားကြည့်နော်...

အားလုံးပဲ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာမှာ ပျော်မွေ့နိုင်ကြပါစေ...

Source from sl(own creation)

Photos credt from google

Read More
Loading...
Loading...