ကိုယ့်ရဲ့အချစ်ရေးက အဆင်မပြေဘဲ toxic ဖြစ်နေတယ်။ ဒါပေမယ့်အဖြေကို ရှာမတွေ့ဘူးဆိုရင်တော့ ကိုယ့်ကိုကိုယ် ပြန်လည်းစမ်းစစ်ကြည့်သင့်ပါပြီ။ ကိုယ်က Relationship မှာ toxic ဖြစ်နေတဲ့ ချစ်သူဖြစ်နေပြီဆိုတာ ဒီအချက်တွေက သိနိုင်ပါတယ်။
အမြဲပွစိပွစိ ပြောနေခြင်း
ကိုယ်တိုင်ကဘာမှမလုပ်ပဲ အပြစ်ထိုင်ပြောနေတာကို နားထောင်ရတာက ငြီးငွေ့စရာကောင်းလှပါတယ်။ သင်ဟာလုံးဝကို အပြစ်ထိုင်ပြောတတ်သူကြီးဆိုရင်တော့ ချစ်သူက ဘာမှမပြောပေမယ့် ကြာလာတဲ့အခါမှာတော့ စိတ်ပျက်ပြီး နှစ်ယောက်ရဲ့ဆက်ဆံရေးကို လုံးဝဖျက်ဆီးနေတာနဲ့ အတူတူပဲဖြစ်ပါတယ်။
အရာရာတိုင်းကို ဦးစားပေးခိုင်းခြင်း
တစ်ခုခုကို လုပ်တော့မယ်ဆိုရင် သင့်ရဲ့ခွင့်ပြုချက်တွေကို ယူနေရတာမျိုးတွေ၊ သူ့မှာဘာကိစ္စပဲရှိပါစေ သင့်ရဲ့ဘေးမှာ တစ်နေ့လုံးရှိနေစေချင်တာမျိုးတွေ၊ သင်ဟာသူတိုရဲ့အရေးအကြီးဆုံးနဲ့ ပထမဦးစားပေး ဖြစ်ချင်တာမျိုးတွေပဲဖြစ်ပါတယ်။
ချစ်သူကို ပြောင်းလဲဖို ကြိုးစားခြင်း
သင်တိုရဲ့ဆက်ဆံရေးမှာ ညှိနှိင်းပြီး ပြောင်းလဲဖိုလိုလာရင် သဘာဝအတိုင်းလေးပဲ ပြောင်းလဲဖြစ်သင့်ပါတယ်။ တွန်းအားတစ်ခုခုကြောင့်မဖြစ်သင့်ပါဘူး။ လူတစ်ယောက်ကို ပြောင်း လဲဖိုကြိုးစားတာ လုံးဝအဓိပ္ပါယ်မရှိပါဘူး။
ဒါတွေဟာ သင့်ကို ချစ်သူကောင်းတစ်ယောက်မဖြစ်နိုင်အောင် တားဆီးနေတဲ့ အရာတွေဖြစ်တယ်။
Photo Credit : Google